အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဆန္ဒခံယူပွဲအစီအစဉ် အန်အယ်လ်ဒီ ပယ်ချ Print E-mail

ဆန္ဒခံယူပွဲအစီအစဉ် အန်အယ်လ်ဒီ ပယ်ချ
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

နအဖ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဆောက်ရွက်ချက်များသည် သဖက်သတ် လုပ်ဆောင်မှုများ ဖြစ်ပြီး အများပြည်သူလက်ခံနိုင်ခြင်းမရှိသောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေသည်ဟု အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်သည်။ “၁ / ၉၀ ကြေညာချက်၏ အပိုဒ် ၂၀ တွင် ယနေ့အချိန်၌ ပြည်သူများကရွေးကောက်လိုက်သောကိုယ်စားလှယ် များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကြရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်များ ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အများစုမှာ ရေးဆွဲခဲ့ရခြင်းမရှိပါ” ဟု အန်အယ်လ်ဒီ ပါတီက ယနေ့ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။ ၎င်းအပြင် အခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌသည် အမျိုးသား ညီလာခံ လုပ်ငန်းကော်မတီ ဥက္ကဌနှင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မရှင် ဥက္ကဌနှင့်လည်းကောင်း တဦးတည်းဖြစ်နေသည့်အပြင် ကော်မရှင်အဖွဲ့ဝင်များသည် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သူများဖြစ်သည်ဟု ကြေညာ ချက်က ဆိုသည်။

စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်ကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ယခုလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဥက္ကဌမှာ ဦးအောင်တိုး ဖြစ်သည်။ ၎င်းအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကိုလည်း ထုတ်ပြန်သည်။ ၎င်းဥပဒေတွင် ဆန္ဒခံယူပွဲကို ပျက်ပြားအောင်နှောင့်ယှက်သူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ကို လည်းကောင်း၊ ကျပ် ၁ သိန်း ထက်မပိုသော ငွေဒဏ်ကိုလည်းကောင်း၊ ဒဏ်၂ ရပ်စလုံးကိုသော်လည်းကောင်း ပြစ်ဒဏ် ကျခံရမည်ဟု ပါဝင်သည်။ အန်အယ်လ်ဒီပါတီ၏ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က “၅ / ၉၆ ရှိနေသမျှ လွတ်လပ်ပြီးတရားမျှတတဲ့ ပြည်သူ့ ဆန္ဒခံယူပွဲ မဖြစ်နိုင်ဘူး” ဟု ဧရာဝတီကို ပြောသည်။ အထူးပြန်ကြားရေးအဖွဲ့ကို အမျိုးသားညီလာခံ၊ အခြေခံဥပဒေတို့နှင့်ဆိုင်သည့် ကိစ္စရပ်များကိုဆောင်ရွက်ရန် အန်အယ်လ်ဒီ ပါတီက လွန်ခဲ့သည့်တနှစ်ခန့်က ဖွဲ့စည်းထားသည်။ အဖွဲ့ခေါင်းဆောင်မှာ ပါတီအတွင်းရေးမှူး ဦးလွင်ဖြစ်ပြီး ဦးသိန်းညွန့်နှင့် ဦးဟံသာမြင့်တို့က အဖွဲ့ဝင်များ ဖြစ်ကြသည်။ စစ်အစိုးရ၏ ၅/၉၆ ကြေညာချက်အရ အမျိုးသားညီလာခံကို ဆန့်ကျင်ဝေဖန်ပါက ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်သည်။

 
< Prev   Next >
 
Top! Top!