အဖွင့် စာမျက်နှာ
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
We have 1 guest online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
နအဖ၏ ဆန္ဒခံယူပွဲဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဝေဖန် Print E-mail

နအဖ၏ ဆန္ဒခံယူပွဲဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဝေဖန်
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

စစ်အစိုးရက ထုတ်ပြန်လိုက်သော ပြည့်သူ့ဆန္ဒခံယူပွဲ ဥပဒေအား (စီအာပီပီ) ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ဆန္ဒ ခံယူပွဲသည် လက်ရှိကြုံတွေ့နေသော နိုင်ငံရေး၊ စီးပွားရေးအပါအ၀င် တိုင်းရင်းသား ပြဿနာ များကို ဖြေရှင်းမည့် အဆင့်တခု မဟုတ်ဘဲ မလုပ်သင့် မလုပ်ထိုက်သည်များကို လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြောသည်။ ၎င်းက “တကယ် လုပ်သင့် လုပ်ထိုက်တဲ့အလုပ်ကို မလုပ်ဘဲနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်နေတာ။ တကယ်လုပ်ရမှာက ဒီနေ့ တွေ့ဆုံဆွေးနွေးရေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို တကယ် အလေးအနက်ထား လုပ်ဆောင်ရမယ့်အစား တဖက်သတ်ချထားတဲ့ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကို ဟန်ပြ လုပ်နေတယ်လို့ပဲ ကျနော် ပြောချင်တယ်” ဟု ပြောသည်။ ယမန်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၃/၂၀၀၈တွင် လာမည့်မေလ၌ ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ဦးအောင်တိုး ခေါင်းဆောင်သည့် အဖွဲ့ဝင် (၄၅) ဦးပါ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ကြောင်းနှင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြထားသည်။

ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဦးအေးသာအောင်က “သူတို့ အခုလုပ်နေတာက ကိုယ့်ဖဲကို ကိုယ်ချိုး၊ ကိုယ့်ဟာကိုယ် ကုလားဖန်ထိုးနေတာကို သက်သက် လူတွေကိုခေါ်ပြီး လုပ်နေတဲ့ ကိစ္စတခုပဲ ဖြစ်တယ်။ အခုဟာက ခေါင်းပန်းလှန်မယ်ဆိုပြီး ခေါင်းပဲကျကျ၊ ပန်းပဲကျကျ စားမယ့်အလုပ်လေ” ဟု ပြောသည်။  ဖွဲ့စည်းအုပ်ချုပ်ပုံကိုသာ အတည်ပြုလိုက်ပါက တိုင်းရင်းသားပြည်သူတရပ်လုံး စစ်တပ် စိုးမိုးမှု အောက်သို့ ရောက်သွားမည်ဖြစ်သောကြောင့် မည်သို့ပင် အချိန်ဇယားများ၊ ကော်မရှင်များနှင့် ဆောင်ရွက်စေကာမူ အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ၎င်းက ပြောသည်။ ၎င်းက ဆက်၍ “ပြည်တွင်းမှာရှိတဲ့ အန်အယ်လ်ဒီ အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ သဘောတူညီမှုကို မရတဲ့အတွက် ပြည်သူတွေရဲ့ထောက်ခံမှုကိုလည်း မရနိုင်ပါဘူး။ ပြည်တွင်း နိုင်ငံရေးငြိမ်သက်မှုကို မရတဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကိုလည်း တကယ်လုပ်မယ်လို့ မယူဆပါဘူး။ နောက်တခုက တိုင်းရင်းသားတွေ လိုလားနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လုံးဝဆန့်ကျင်နေတဲ့အတွက် ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”  ဟု ပြောသည်။ ယခု အတည်ပြုရန် ပြင်ဆင်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် (၁၄) နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံမှ ထွက်ပေါ်လာသည့် မူများအပေါ် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။    ။

 
< Prev   Next >
 
Top! Top!