အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဆန္ဒခံယူပွဲကို နှောက်ယှက်လျှင် ထောင်ချမည့် ဥပဒေ စစ်အစိုးရထုတ်ပြန် Print E-mail

ဆန္ဒခံယူပွဲကို နှောက်ယှက်လျှင် ထောင်ချမည့် ဥပဒေ စစ်အစိုးရထုတ်ပြန်
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

စစ်အစိုးရက  ကမကထလုပ်မည့် ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော် လုပ်ဆောင်သူများကို ထောင်ဒဏ် ချမှတ်မည့် ဥပဒေသစ်တရပ် ယမန်နေ့က ပြဌာန်းလိုက်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး၍ ထုတ်ပြန်သော  ဥပဒေအမှတ် ၁/၂ဝဝ၈၊ ဥပဒေတွင် အခန်း (၁၂) ခန်း ပါဝင်ပြီး၊ အခန်း (၁ဝ)၊  ပုဒ်မ (၂၄-ဇ) တွင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးမည်ဟု ပါရှိသည်။ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပျက်ပြားစေရန် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံပြင်ပ၌ ဖြစ်စေ အများ ပြည်သူတို့နှင့် သက်ဆိုင်သော နေရာ၌ဖြစ်စေ၊ ပုဂ္ဂလိက ပိုင်နေရာ၌ ဖြစ်စေ၊ ဟောပြောခြင်း၊ စာရွက်စာတမ်း ကမ်းလှမ်းခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် မဲဆန္ဒပေးခြင်းကို အခြားတနည်းဖြင့် နှောက်ယှက်” လျှင် ထောင်ဒဏ် (၃) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်မည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ တကြိမ်ထက် မဲပေးခြင်း၊ ဆန္ဒမဲ လက်မှတ်အတုကို လက်ဝယ် ထားရှိခြင်း၊ ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်း၊ ဆန္ဒမဲ လက်မှတ်ကို မဲရုံပြင်ပသို့ ယူဆောင်ခြင်း၊ မဲပုံးကို အခွင့်အရေး မရှိဘဲဖွင့်ခြင်း၊ ဖျက်ဆီးခြင်း၊ မဲရုံကို ဖျက်ဆီးခြင်း၊ ကော်မရှင်အဖွဲ့က ထုတ်ပြန်သော စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ပါက ပုဒ်မ (၂၄) ကို ချိုးဖောက်မှု ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရသည် ယမန်နေ့က ကြေညာချက်အမှတ် (၃၊၂ဝဝ၈) ကိုလည်း ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင် (၄၅) ဦး ပါဝင်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင် အဖွဲ့ဝင် အများစုတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဝင်ဟောင်းများ၊ စစ်အာဏာပိုင်များနှင့် နီးစပ်သူများ ပါဝင်လာသည်ကို တွေ့ရပြီး ယခင်က လူအများ မသိကြသူများလည်း ဖြစ်သည်။ ဥပဒေအမှတ် ၁/၂ဝဝ၈ အရ အသက် (၁၈) နှစ် ပြည့်သူတိုင်းသည် လာမည့် ဆန္ဒခံယူပွဲတွင် သက်ဆိုင်ရာ နယ်မြေအလိုက် လျှို့ဝှက်မဲပေး စနစ်ဖြင့် မဲပေးခွင့်ရှိပြီး ဆန္ဒခံယူပွဲ ကျင်းပမည့် နေ့ရက်ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က အနည်းဆုံး (၂၁) ရက်စောပြီး ကျေညာမည်ဟု ဆိုထားသည်၊ ယခုလ (၉) ရက်နေ့တွင် ကြေညာထားသော အမိန့် ကြေညာချက်များအရ စစ်အစိုးရသည် မေလတွင် လူထုဆန္ဒ ခံယူပွဲများကို ကျင်းပမည် ဖြစ်ပြီး လာမည့် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။ မေလ လူထုဆန္ဒ ခံယူပွဲတွင် ဖွဲ့စည်းပုံ အတည်ဖြစ်လာပါက ယခု ဖွဲ့စည်းပုံသည် မြန်မာပြည်၏ တတိယမြောက် ဖွဲ့စည်းပုံ ဖြစ်လာတော့မည် ဖြစ်သည်။ မြန်မာပြည်တွင် ယခင်က ၁၉၄၇ ဖွဲ့စည်းပုံနှင့် ၁၉၇၄ ဖွဲ့စည်းပုံဟူ၍ ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းပုံ မရှိသောနိုင်ငံ ဖြစ်နေသည်။

မကြာဖြင့် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုမည့် ဖွဲ့စည်းပုံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လဆန်းပိုင်းက အဆုံးသတ်သွားသော ညောင်နှစ်ပင် ညီလာခံ၏ ရလဒ်ဖြစ်ပြီး အဆိုပါ ညီလာခံသို့ ၁၉၉ဝ ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒုတိယ အများစု အနိုင်ရထားသော ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ခြင်း မရှိပါ။ အမျိုးသား ညီလာခံ၏ အခြေခံမူ (၆) ချက်တွင် တပ်မတော်၏ နိုင်ငံရေး ဦးဆောင်မှုကို အနာဂတ်တွင်လည်း လက်ခံရမည်ဟု ပြဌာန်းချက်နှင့် ညီလာခံဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ဥပဒေနှင့် ကိုက်ညီမှု မရှိဟု ဆိုကြသည်။ စစ်အစိုးရသည် ညီလာခံကို ၂ဝဝ၃ ခုနှစ်တွင် ကြေညာထားသော လမ်းပြမြေပုံ၏ အဆင့် (၁) အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ညီလာခံအပြီးတွင် လူထုဆန္ဒ ခံယူပွဲ၊ ရွေးကောက်ပွဲနှင့် အရပ်သား အစိုးရသို့ အာဏာလွှဲပေးရေးတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု ဆိုထားသည်၊ စစ်အစိုးရသည် အမျိုးသား ညီလာခံကို ပထမကျော့ အမျိုးသားညီလာခံကို ကျင်းပနေစဉ် ၁၉၉၆ ဇွန်လကလည်း အမျိုးသား ညီလာခံကို ကာကွယ်သည့် ဥပဒေ (၅/၉၆) ကို ပြဌာန်းခဲ့ပြီး ညီလာခံကို ဝေဖန်ပါက ထောင်ဒဏ်နှစ် (၂ဝ) အထိ ကျခံနိုင်ကြောင်း အမိန့်ထုတ်ခဲ့သည်။

 
< Prev   Next >
 
Top! Top!