အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံခြားရေးမူ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မည် Print E-mail

မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံခြားရေးမူ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မည်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးထက် အမျိုးသားစီးပွားရေး အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ တခြားရွေးချယ်စရာလမ်း မရှိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နိုပတ်ဒ်ဒွန် ပတ်တာမာ (Noppadon Pattama) က မနေ့က ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် လူ့အခွင့်ရေး ကိစ္စတွေထက် စီးပွားရေးကို ပိုပြီး ဦးစားပေးရလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရင်က အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမူရော၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဆက်ဆံရေးမူရော နှစ်ခုစလုံးကို ကျင့်သုံးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နိုပတ်ဒ်ဒွန် ပတ်တာမာက ပြောဆိုပါတယ်။ အခု ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ချဉ်းကပ်တဲ့မူကိုပဲ ကျင့်သုံးသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့် မတ်လ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံကို သွားတဲ့အချိန်မှာ စစ်အစိုးရ ကြေညာထားတဲ့ ဖွဲ့စည်းပုံအတည်ပြုရေး လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းရေးဆိုင်ရာ အတွေ့အကြုံတွေကို ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ ကြားဝင်မစွက်ဖက်ရေးမူဟာ မလွဲမသွေ အသုံးပြုမယ့် အခြေခံမူ ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီမူဝါဒဟာ အာဆီယံ အတွက်တင်မဟုတ်ဘဲ နိုင်ငံတကာနဲ့ဆက်ဆံရေးအတွက်လည်း အလားတူပဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ နှောင့်နှေးနေတာတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုခံစားမိတယ်ဆိုတာ ပြောဖြစ်တဲ့အကြောင်း၊ ဒါပေမယ့်လည်း လူတွေက လူ့အခွင့်အရေး ကိစ္စတွေကိုပဲ ပြောဆိုနေကြပေမယ့် ထိုင်းနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေလို အခြားအကြောင်းအရာတွေလည်း ရှိနေသေးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လူတွေက ထိုင်းနိုင်ငံရဲ့မူဝါဒဟာ မျက်နှာနှစ်မျိုးနဲ့ လှေနံနှစ်ဖက်နင်းတဲ့ မူဝါဒဖြစ်တယ်ဆိုပြီး ပြောဆိုဝေဖန်တာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြားရေးမူဝါဒမှာ တရားသေ ပုံသေနည်းနဲ့ သွားရတာ မဟုတ်တဲ့အကြောင်း၊ ထိုင်းရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တိုင်းပြည်ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ ပြည်သူတွေရဲ့ စီးပွားရေးအကျိုးအမြတ်အတွက် ဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

 
< Prev   Next >
 
Top! Top!