www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေထုတ်ပြန်
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေထုတ်ပြန် Print E-mail

ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေထုတ်ပြန်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာစစ်အစိုးရကဦးဆောင်ပြီး ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရေး ပြည်သူ့ဆန္ဒ ခံယူပွဲကို မေလမှာကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာထားခဲ့ပေမယ့်လည်း ဘယ်နေ့ကျင်းပမယ်ဆိုတာကို အခုချိန်ထိ မပြောသေးပါဘူး။ ဒါပေမယ့် ဒီကနေ့ည ရှစ်နာရီ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာတော့ ပြည်သူ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ကြောင်း၊ အဖွဲ့ဝင်လေးဆယ့်ငါးဦးပါဝင်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲဆိုင်ရာ ကော်မရှင်တရပ်ကိုလည်း ဖွဲ့စည်းလိုက်တဲ့အကြောင်း မြန်မာစစ်အစိုးရက ဒီကနေ့ ကြေညာလိုက်တာကို အေပီသတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်အစိုးရ ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းဟာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်အများစု ပါဝင်ရေးဆွဲကြတာမဟုတ်လို့ဆိုပြီး အများက ဝေဖန်နေကြပါတယ်။ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပြည်သူတွေက မူကြမ်းကို ထောက်ခံအတည်ပြုမလား ဒါမှမဟုတ် ကန့်ကွက်ပယ်ချမလားဆိုတာ မသိရသေးဘဲ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ်ထပ်လုပ်မယ်လို့ စစ်အစိုးရက ကြိုတင် ကြေညာထားတဲ့အပေါ် အန်န်အယ်လ်ဒီပါတီကလည်း ဝေဖန်နေပါတယ်။

 

 
< Prev   Next >
 
Top! Top!