A blog of all section with no images
|
လမင်း (၅) စင်း သာမယ့်ည |
|
|
|
လမင်း (၅) စင်း သာမယ့်ည (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကတော့ နို့ဖိုး ဒုက္ခသည်စခန်း “စာဆိုတော်နေ့” အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီက၊ ဒုက္ခသည်စခန်းထဲက လူမြင်သူမြင် နေရာတွေမှာ ကပ်ထားတဲ့ ကြော်ညာတွေရဲ့ “ခေါင်းစဉ်” လေးပါပဲ။ သူတို့က “စာဆိုတော်နေ့” အခမ်းအနားမှာ လာရောက် ဟောပြောကြဖို့ ဖိတ်ကြားထားကြတဲ့ စာရေးသူ (၄) ဦးကို “လမင်း (၄) စင်း” အဖြစ် တင်စားချင်ပါတယ်တဲ့။ အခမ်းအနား ကျင်းပမယ့် ညက လပြည့်နေ့ည။ ဒါကြောင့်မို့ တကယ့် သဘာဝ “လတစင်း” နဲ့ပေါင်းပြီး “လမင်း (၅) စင်း သာမယ့်ည” ဆိုပြီး ခေါင်းစဉ် ရွေးခဲ့ကြတာပါတဲ့။ ကဗျာဆန်ပြီး ဂန္တာဝင်မြောက်တဲ့ အတွေးတခုပါပဲ။ ဒုက္ခသည်စခန်း လူထုစည်းဝေး ခန်းမဆောင်ကြီးထဲမှာ “စာဆိုတော်နေ့” အခမ်းအနား ကျင်းပခဲ့ပါတယ်။ ၂၂.၁.၂၀၀၈ (အင်္ဂါနေ့)။ မြန်မာ သက္ကရာဇ် ၁၃၆၉-ခု၊ ပြာသို လပြည့်နေ့ပေါ့။ တက်ရောက် ဟောပြောခွင့် ရခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြည်ပကို ပူပူနွေးနွေး ရောက်လာတဲ့ ခရမ်းပြာမြင်းရိုင်း ကဗျာဆရာကြီး “အောင်ဝေး”၊ ကရင်အမျိုးသား စာရေးဆရာများ “ရဲဘော် ရှောင်း”၊ ကဗျာဆရာမ “ခိုင်မာကျော်ဇော” နဲ့ စာရေးသူတို့ပါပဲ။ “ရဲဘော်ရှောင်း” က “သူရဲကောင်းတို့ တိုင်းပြည်” ခေါင်းစဉ်နဲ့၊ ကိုကိုးကျွန်းမှာ နိုင်ငံရေး အကျဉ်းသမားဘ၀က၊ ကျွန်းက လှေတစင်းနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့ သူ့ဘ၀ အတွေ့အကြုံကို အခြေခံပြီး ဟောပြောပါတယ်။ ကဗျာဆရာမ “ခိုင်မာကျော်ဇော” က “စာရေးဆရာ ဖြစ်ချင်တဲ့ ကျွန်မနဲ့ ကျွန်မရေးခဲ့သော စာများ” ခေါင်းစဉ်နဲ့ ပြောဟောပါတယ်။ ဆရာ “အောင်ဝေး” က “လွမ်းမိတဲ့တရား” ခေါင်းစဉ်နဲ့ လူငယ်တွေ သင်္ခါန်းစာယူကြဖို့ နမူနာ အဖြစ်အပျက်တွေကို ကဗျာတွေ စာတွေ ညှပ်ပြီး ယှဉ်ပြီး ဟောပါတယ်။ ကျနော်ကတော့ “ကဗျာဖတ်ရင် ရင်ဘတ်နဲ့ဖတ်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပါတယ်။ ကဗျာဆရာတွေက ရင်နဲ့ (သို့မဟုတ်) နှလုံးသားနဲ့ရေးတာကို ကဗျာ ဖတ်သူတွေကလည်း ရင်နဲ့ (သို့မဟုတ်) နှလုံးသားနဲ့ ဖတ်မှ ခံစားလို့ ရနိုင်ကြမှာ ဖြစ်ကြောင်း ပြောခဲ့ဟောခဲ့တာပါ။ အခမ်းအနားဟာ ညနေ (၅) နာရီကစပြီး ည(၁၂)နာရီမှာ ပြီးပါတယ်။ |
|
Read more...
|
|
|
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပေါင်စတာလင်ငွေ (၅) သန်း အကုန်အကျခံ ရုပ်ရှင်ရိုက်မည် |
|
|
|
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပေါင်စတာလင်ငွေ (၅) သန်း အကုန်အကျခံ ရုပ်ရှင်ရိုက်မည် (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) ဒေါ်အောင်ဆန်းစုကြည် မင်းသမီး မီချဲယို အင်ဒီဟာရီးစ်၏ Left Bank Pictures ကုမ္ပဏီသည် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဇာတ်ကြောင်းကို ဘီဘီစီအတွက် ပေါင်စတာလင်ငွေ (၅)သန်း အကုန်အကျခံ ရိုက်ကူးတော့မည်ဖြစ်သည်။ Left Bank သည် Crouching Tiger, Hidden Dragon ဇာတ် ကားများဖြင့် နာမည်ကြီးခဲ့သည့် မင်းသမီး မီချဲယိုကို ခေါင်း ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရန် ဆွေးနွေးနေဆဲ ဖြစ်သည်။ “ဒီဇာတ်ကားဟာ နိုင်ငံရေးဇာတ်လမ်း တပုဒ်အဖြစ် သာမကပါဘူး၊ ကြေကွဲစရာ အချစ်ဇာတ်လမ်းတပုဒ်လည်း ဖြစ်ပါတယ်။ ဇာတ်ကောင်ဟာ အောက်စ်ဖို့ဒ်မှာ ဘွဲ့ရတယ်။ အင်္ဂလိပ်လူမျိုးတယောက်နဲ့ အိမ်ထောင်ကျပြီး သားနှစ် ယောက်ရတယ်။ ဇာတ်ကောင်ဟာ အမိတိုင်းပြည်ကို သွားရောက်ကူညီဖို့ လအနည်းငယ်ကြာ သွားခဲ့ရာကနေ အနှစ် (၂၀) အကျယ်ချုပ်ဘ၀နဲ့ အကျဉ်းစံ ဖြစ်ခဲ့ရတယ်” ဟု အင်ဒီဟာရီးစ်က ပြောသည်။ |
|
Read more...
|
|
|
အကြွင်းမဲ့ ယုံကြည်ချက် |
|
|
|
အကြွင်းမဲ့ ယုံကြည်ချက် (ညိုကြီးထံမှ ရယူထားပါသည်။) 
အမေရေ... အမေ့အဖေ အမေ့အဘိုး လူမျိုးအတွက် အသက်စွန့်ဖူးတယ် သူတို့အဖေ သူတို့အဘိုး ဘယ်သဝေထိုးနေကြတုန်း။ |
|
Read more...
|
|
|
အဲန်အယ်လ်ဒီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အမြင်ချင်းဖလှယ်ဖို့ ကမ်းလှမ်း |
|
|
|
အဲန်အယ်လ်ဒီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အမြင်ချင်းဖလှယ်ဖို့ ကမ်းလှမ်း (ဗွီအိုအေမြန်မာမှာ ကူးယူဖော်ပြသည်) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က တိုင်းရင်းသား အဖွဲ့အစည်းတချို့က ပါတီအပေါ်မှာ အမြင်သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်ဆိုရင် ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း၊ အဲန်အယ်လ်ဒီအနေနဲ့လည်း ဒီလိုဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ ရှေ့တပတ်ထဲမှာ ကျရောက်တော့မယ့် ပြည်ထောင်စုနေ့မတိုင်ခင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်တွေပြသဖို့ ကမ်းလှမ်း လိုက်တဲ့အကြောင်းကို ကိုအောင်လွင်ဦးက ဆက်ပြောပြပေးပါဦး။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအ၀င်၊ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ရဲ့ တိုင်းရင်းသားအရေးအပေါ် ရပ်တည်ချက်နဲ့ပတ်သက်လို့ သံသယတွေရှိနေရင် ဆွေးနွေးပြောဆိုဖို့ ကမ်းလှမ်း လိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင် ဂမ်ဘာရီကတဆင့် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အပေါ် ကန့်ကွက်ချက်တွေလည်း အစိုးရပိုင် သတင်းမီဒီယာတွေကတဆင့် ထွက်ပေါ်ခဲ့တာပါ။ ဒီလို သဘောထားကွဲလွဲမှုတွေ ရှိနေတဲ့အပေါ် ရှင်းလင်းဖို့နဲ့ တိုင်းရင်းသားအရေးမှာ အဲန်အယ်လ်ဒီရဲ့ ရပ်တည်ချက်တွေကို သိနိုင်ဖို့ ဒီကနေ့ပဲ အဲန်အယ်လ်ဒီက ကြေညာ ချက်တစောင် ထုတ်ပြန်ပြောဆို ရတာပါလို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဆိုပါတယ်။ |
|
Read more...
|
|
|
ကက်ဘိနက်ကြီး နာမည်ကြီးလည်း |
|
|
|
ကက်ဘိနက်ကြီး နာမည်ကြီးလည်း (ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်) ဒီရက်ပိုင်းအတွင်း ပြည်ပရောက် အစိုးရအသစ်တခု ဖွဲ့မယ်ဆိုတဲ့ အသံတွေကို တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး၊ အီးမေးတွေကနေလည်းတဆင့် မြင်သိကြားနေရပါတယ်။ ကျနော်အနေနဲ့က နိုင်ငံရေးကို အများကြီး နားမလည်ပါဘူး။ ဒါပေမယ့် မြန်မာပြည်သားတဦးအနေနဲ့ စိတ်ဝင်စားမိတာတော့ အမှန်ဖြစ်ပါတယ်။ ကျနော် မှတ်သားမိသလောက်တော့ NCGUB ဆိုတဲ့ ပြည်ပရောက်အစိုးရတခုကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အရွေးကောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖွဲ့ခဲ့တယ်ဆိုတာ လောက်တော့ ကြားဖူးပါတယ်။ ထိုအစိုးရရဲ့ ၀န်ကြီးချုပ်ဆိုတာ ရှိတယ်လို့ ကြားဖူးပေမယ့် မမြင်ဖူးပါဘူး။ အစိုးရတခု ရှိနေသားနဲ့ နောက်ထပ်အစိုးရတခု ထပ်ဖွဲ့မယ်ဆိုတာကိုတော့ ကျနော့်အနေနဲ့ လိုက်မီအောင် မစဉ်းစားနိုင်တာ ၀န်ခံပါတယ်။ တချို့ကဆိုတော့လည်း ပထမရှိထားတဲ့ အစိုးရက အလုပ်မဖြစ်ဘူး အားနည်းနေတယ်။ အဲဒါကြောင့် ပိုအလုပ်ဖြစ်မယ့် အစိုးရမျိုး ထပ်ဖွဲ့ဖို့လိုတယ်လို့ ပြောကြပါတယ်။ နောက်တချက်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက ခေါင်းဆောင်များအနေနဲ့လည်း ဒီပြည်ပရောက်အစိုးရအပေါ်မှာ ခံစားချက်မကောင်းဘူးဆိုတာလည်း ကြားရပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို တင်ပြရရင် ပထမအစိုးရက အလုပ်မဖြစ်ဘူးဆိုရင် နောက်အစိုးရအသစ်တခု ထပ်ဖွဲ့မယ့်အစား အဲဒီလက်ရှိအစိုးရကို ပြန်လည်ပြင်ဆင် တိုးချဲ့ဖွဲ့ရင်ကော မဖြစ်နိုင်ဘူးလား ဆိုတဲ့အချက်ပါ။ |
|
Read more...
|
|
|
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၏ သတင်းနှင့်ဓာတ်ပုံ ငွေမင်ဖုံးခံရ |
|
|
|
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ၏ သတင်းနှင့်ဓာတ်ပုံ ငွေမင်ဖုံးခံရ (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) ဖေဖော်ဝါရီ ၅-၁၁ နေ့ထုတ် Flower News ပန်းသတင်းဂျာနယ် စာမျက်နှာ (၃) တွင် ငွေမင် သုတ်ထားသည့် နေရာကွက်တခုပါရှိသည်ကို တွေ့ရှိရသည်။ ယင်းနေရာကွက်တွင် ငွေမင်ဖြင့်မဖုံးအုပ်ခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေသည့်ပုံကို ထည့်သွင်းဖော်ပြထားခဲ့ရာ စာပေစိစစ်ရေးက ခွင့်မပြုသဖြင့် အခြားသတင်းများနှင့် အစားထိုးဖော်ပြခဲ့ရကြောင်း အဆိုပါဂျာနယ်မှ အမည် မဖော်လိုသူ သတင်းထောက်တဦးက ပြောသည်။ ၎င်းက “စာပေစိစစ်ရေးကို တင်တော့ စာမျက်နှာ (၃) မှာ ခေါင်းစဉ်က ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ ဗဟိုအလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေးဆိုပြီး ခေါင်းစဉ်တပ်ထားတယ်။ အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့ဆုံတဲ့ပုံကို ပုံကြီးအဖြစ် ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအလုပ်အမှုဆောင်တွေ တွေ့ဆုံတဲ့ပုံကိုတော့ ပုံသေးအဖြစ် ဖော်ပြထားတယ်။ အဲဒီလို ဖော်ပြတာကို စာပေစိစစ်ရေးက မကြိုက်လို့ပါ” ဟု ပြောသည်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 91 - 100 of 143 |