အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက်
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
A blog of all section with no images
ဖျက်၍ မပျက်နိုင်သော သူရဲကောင်းမှတ်တမ်း Print E-mail

ဖျက်၍ မပျက်နိုင်သော သူရဲကောင်းမှတ်တမ်း
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)
ရေးသားသူ - အေးချမ်းမြေ့

ထိုစဉ်က ကျမ၏အသက်မှာ ခုနစ်နှစ်ခန့်သာရှိဦးမည်။ ကျမအစ်ကိုက ၁၁ နှစ်ခန့် အရွယ်။ ကျမတို့မောင်နှမ ကစားနေကြရင်း အစ်ကိုက ကျမကို မေးခွန်းတခု ပဟေဠိဖွက်သည့်သဘော မေးသည်။ “ကမ္ဘာပေါ်က ပေါက်သမျှအီးတွေထဲမှာ ဘယ်သူ့အီးကအမွှေးဆုံးလဲသိလား” ဟူ၍ဖြစ်၏။ ကျမက မဆိုင်းမတွ ကောက်ကာ ငင်ကာပင်ဖြေလိုက်သည်။ “သိတာပေါ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့အီးလေ” ဟူ၍။ မေးခွန်းမေးသည့် အကိုတော်တော်ကြောင်သွားခဲ့သည်။ သူ့အဖြေက ကိုယ်ပေါက်တဲ့အီး ကိုယ်အမွှေးဆုံးဟူ၍ဖြစ်ကြောင်း နောက်မှ သိလိုက်ရသည်။ ကျမတို့မောင်နှမ၏ မေးခွန်းနှင့် အဖြေကို ဘေးမှ တိတ်တဆိတ် နားထောင် နေသော အဖေက မျက်ရည်ထွက်အောင်ပင် ရယ်ခဲ့၏။ အဲဒီအဖြစ်အပျက်ကလေး ကို ကျမ၏အစ် ကိုကတော့ သတိရသေးရဲ့လားမသိပါ။ ကျမကတော့ ဒီနေ့ထက်တိုင် မမေ့နိုင်ခဲ့။ ကျမငယ်ငယ်က အဲဒီအတိုင်းပင်ထင်ခဲ့မိသည်။ ဗိုလ်ချုပ်လုပ်သမျှ အကုန်ကောင်းသည်။ ဗိုလ်ချုပ်ပေါက်သည့် အီးကပင် ကမ္ဘာပေါ်တွင်အမွှေးဆုံးဖြစ်လိမ့်မည်ဟု။ ကျမတို့ကလေးများ ထင်မည်ဆိုလည်း ထင်လောက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ကျမတို့ကလေးများ၏ နှလုံးသားနုနု ကလေးများထဲတွင် သူရဲကောင်း။ အဲဒီလိုသိဖို့ ကျမတို့ မူလတန်းဆရာ၊ ဆရာမများက သင်ကြားပေးခဲ့သည်။

Read more...
 
ပြည်ထောင်စုနေ့မှာ Print E-mail

ပြည်ထောင်စုနေ့မှာ
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)
ရေးသားသူ - ကလိုစေးထူး

`ဒို့ပြည်ထောင်စု အလံတော်သည် ~~~ တလူလူ လွှင့်လို့ ချီလာပြီ ~~~ ပြည်သူအပေါင်းတို့ ပျော်ရွှင်သည် ~~~ အလေးပြု အလေးပြုကြပါမည်။´

ကျနော်တို့ အသက် ခပ်ငယ်ငယ်တုန်းကတော့ ပြည်ထောင်စုနေ့ အချိန်အခါ နီးပြီလားဆိုရင် အဲဒီ သီချင်းလေးကို ရေဒီယိုကနေ မကြာခဏဆိုသလို လွှင့်လေ့ ရှိပါတယ်။ ပြည်ထောင်စုနေ့ကို ရောက်ဖို့ နီးကပ်လာပြီဆိုရင် ရန်ကုန် မြို့တော်ခန်းမမှာ တနှစ်တာ နားနေခဲ့တဲ့ ပြည်ထောင်စု အလံတော်ကို မြန်မာပြည်အနှံ့ ပြည်နယ်နဲ့ တိုင်းအလိုက် သယ်ဆောင်ပြီးတော့ ပြည်ထောင်စု အလံရောက်ရှိ ညအိပ်ရပ်နားရာ မြို့တွေမှာ ပြည်ထောင်စုနေ့ ပြပွဲတွေ ကျင်းပလေ့ ရှိပါတယ်။ ရန်ကုန်မြို့တောင် ကျိုက္ကဆံကွင်းမှာ ဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အလိုက်၊ ၀န်ကြီးဌာနအလိုက် ပြည်ထောင်စုနေ့ ပြခန်းတွေကို ပြသလေ့ ရှိခဲ့ပါတယ်။
***

Read more...
 
ပင်လုံစာချုပ် သို့မဟုတ် ညီညွတ်ရေးသို့ လှမ်းရာလမ်း Print E-mail

ပင်လုံစာချုပ် သို့မဟုတ် ညီညွတ်ရေးသို့ လှမ်းရာလမ်း
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့ ဖြစ်သည်။ ဗဟိုအစိုးရနှင့် တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်း များအကြား ၁၉၄၇ ခုနှစ်တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့်နေ့ကို အမှတ်တရပြုသည့် အနေဖြင့် ပြည်ထောင် စုနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က သဘောတူညီခဲ့ကြသော အမျိုးသားစည်းလုံး ညီညွတ်ရေး မျှော်မှန်း ချက်များ မည်သို့ ပျောက်ဆုံးသွားပြီနည်းဟု မေးရပါတော့မည်။ မြန်မာနိုင်ငံ၏ အခြေအနေ ဆိုးရွားနိမ့်ကျလာရခြင်းနှင့် ပတ်သက်၍ ဗမာမျိုးချစ်ခေါင်းဆောင်များက အနောက် နယ်ချဲ့နိုင်ငံ များ၏ သွေးခွဲအုပ်ချုပ်မှုနှင့် တိုင်းရင်းသား လူမျိုးစုများ၏ နယ်ချဲ့ လက်ဝေခံအဖြစ် လုပ်ကိုင်ဆောင်ရွက် နေကြမှုတို့ အပေါ် နှစ်ပေါင်းများစွာ အပြစ်ပုံချခဲ့ကြသည်။ အပြန်အလှန်အားဖြင့် ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ကချင်၊ ချင်းနှင့် ရခိုင် လူမျိုးစုများ ကလည်း ဗမာတို့၏ မဟာလူမျိုးကြီးဝါဒနှင့် ဖိနှိပ်ချုပ်ချယ်မှုကို ၀ိုင်းပြီး လက်ညှိုးထိုးခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံသားတို့ အနေဖြင့် ညီညွတ်ရေးပြိုကွဲမှု မဖြစ်ရလေအောင် ရှောင်လွှဲလွတ်မြောက်နိုင်မည့် ထူးခြားသော အခွင့်အလမ်း ရရှိခဲ့သည့် နေ့တနေ့ ရှိခဲ့ပါသည်။ ထိုနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပင် ဖြစ်သည်။ ထိုနေ့တွင် လွတ်လပ်သော နိုင်ငံတော်တရပ်ကို တည်ထောင်ရန်ဟူသည့် ဘုံစိတ်ကူး ရည်မှန်းချက်များဖြင့် တိုင်းပြည် တနံတလျားမှ ကိုယ်စားလှယ်များက ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် စုဝေးခဲ့ကြသည်။

Read more...
 
၉၃ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုဆောင်းပါး Print E-mail
 

Read more...
 
၉၃ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအမှတ်တရ မိန့်ခွန်းကောက် နုတ်ချက်များ Print E-mail

၉၃ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအမှတ်တရ မိန့်ခွန်းကောက် နုတ်ချက်များ
(ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်)
ပေးပို့သူ - ရဲထွဋ်

Read more...
 
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၃ Print E-mail

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၃
(ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်)
ပေးပို့သူ - ရဲထွဋ်

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 71 - 80 of 143
 
Top! Top!