A blog of all section with no images
|
ဆန္ဒခံယူပွဲတွင် ပြည်သူများ သတိပြုလုပ်ဆောင်သင့်သည်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတိပေးနှိုးဆော |
|
|
|
ဆန္ဒခံယူပွဲတွင် ပြည်သူများ သတိပြုလုပ်ဆောင်သင့်သည်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတိပေးနှိုးဆော် လာမယ့်မေမှာကျင်းပဖို့ နအဖက ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲမှာ ပြည်သူတရပ်လုံး ကန့်ကွက်မဲပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပန်ကြားထားပြီး မဲပေးတဲ့အခါ လိုက်နာလုပ်ဆောင်ရမယ့် အချက်များကို ကြေညာချက် သီးသန့်ထုတ်ပြန် တိုက်တွန်းလမ်းညွှန်ထားပါတယ်။ နအဖစစ်အစိုးရ ဦးဆောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီနည်းက ရေးဆွဲထားတာ မဟုတ်ဘဲ စစ်အစိုးရအလိုကျ တဖက်သတ်ဆွဲထားတာကြောင့် ကန့်ကွက်ဖို့ နှိုးဆော်ရတာလို့ အဖွဲ့ချုပ် အထူးသတင်းပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောကြားပါတယ်။ အထူးကြေညာချက်မှာ လက်ရှိတပ်မတော်ရဲ့ လုပ်ကိုင်ပုံတွေဟာ တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ဆိုမှာကြားခဲ့တာတွေနဲ့ ပြောင်းပြန်ဖြစ်နေတယ်ဆိုတဲ့အချက်ကို အဓိက ထောက်ပြထားပါတယ်။ အတည်ပြုဖို့ ကြိုးစားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ အဓိကလွမ်းမိုးနေပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်မပေးနိုင်တာကြောင့် ပြည်သူလူထုအနေနဲ့ “သက်ဆိုင်ရာမဲရုံများသို့ သွားရောက်ပြီး ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသားပြေးကြ” ဖို့ တိုက်တွန်းပြန်ကြားထားပါတယ်။ |
|
Read more...
|
|
|
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက် |
|
|
|
၂ ဧပြီ ၂၀၀၈ ၁၃၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၁၂ ရက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြည်သူသို့ ပန်ကြားချက် ၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ပြည်သူလူထုက ရွေးကောက် တင်မြောက်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်း လုံးဝမဟုတ်ပါ။ ၂။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၎င်းတို့ဖာသာ ၎င်းတို့စိတ်ကြိုက် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များဖြင့်သာ တဖက်သတ်ရေးဆွဲထားသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဖြစ်ပါသည်။ |
|
Read more...
|
|
|
ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးကြဖို့ NLD ပန်ကြား |
|
|
|
ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးကြဖို့ NLD ပန်ကြား (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) NLD ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာပြည်သူတွေကို လာမယ့် မေလကျင်းပမယ့် လူထု ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေပေးကြဖို့ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက အထူး ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာ စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထု ကိုယ်စားလှယ်တွေ ရေးဆွဲထားခြင်း မဟုတ်တာကြောင့် ဖွဲ့စည်းပုံကို အတည် ဖြစ်စေမယ့် လူထု ဆန္ဒခံယူပွဲကြီးမှာ ကန့်ကွက်မဲ ထည့်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေကို ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်း ရသလဲလို့ မေးတဲ့ အခါမှာတော့ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က-- |
|
Read more...
|
|
|
ဆန္ဒခံယူပွဲမူဝါဒ အန်န်အယ်လ်ဒီ မကြာမီ ကြေညာမည် |
|
|
|
ဆန္ဒခံယူပွဲမူဝါဒ အန်န်အယ်လ်ဒီ မကြာမီ ကြေညာမည် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မကြာခင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတဲ့ အခြေခံဥပဒေ မူကြမ်းတရပ် ထွက်ပေါ်လာတာနဲ့အမျှ ဒီအပေါ်မှာ အခြေအတင်ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ပေါ် လာနေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံထဲက အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) လည်း အပါအ၀င် ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မေလထဲမှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲက တဆင့် အတည်ပြုဖို့ရှိတဲ့ ဒီအခြေခံဥပဒေမူကြမ်း အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာနေရာမှာ ဒီအထဲက အသေးစိတ် အချက်အလက်တွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ သဘော မတူနိုင်စရာတွေ ရှိနေတာပါ။ ဒီအခြေခံဥပဒေမူကြမ်းအရဆိုရင် ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံရေးမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့ရဖို့ ရှိနေပါတယ်။ အန်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒီလိုချုပ်ချယ် ကန့်သတ်မှုဟာ အစဉ်အလာတော့ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။ |
|
Read more...
|
|
|
ဝမ်းနည်းကြောင်းသ၀ဏ်လွှာ |
|
|
|
ဝမ်းနည်းကြောင်းသ၀ဏ်လွှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းသည် စင်္ကာပူနိုင်ငံဆေးရုံတွင် အစာအိမ်ကင်ဆာရောဂါကို ဆေးကုသမှုခံယူနေစဉ် ၂၀၀၈ ခုနှစ်။ မတ်လ(၂၈)ရက်နေ့ညနေတွင် ကွယ်လွန်သွားကြောင်း ကြားသိခဲ့ရသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲမိပါသည်။ ဦးမြင့်သိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲစည်းခဲ့စဉ်မှစ၍ ပါဝင်လာခဲ့သူတစ်ဦးဖြစ်ပြီး အဖွဲ့ချုပ် တာဝန် အဆင့်ဆင့်တို့ကို ကျရာနေရာမှ ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ နိုင်ငံရေးအရ အတွေ့အကြုံပြည့်ဝပြီး အဖွဲ့ချုပ်အပေါ် သစ္စာစောင့်သိခိုင်မြဲသူ။ အခက်အခဲမှန်သမျှကို မတုန်မလှုပ် ကျော်ဖြတ်နိုင်သူ။ မြန်မာပြည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် ပြည်သူလူထုရှေ့မှ မှားမှားမှတ်မှတ်ရပ်တည်ရင်း ကိုယ်ကျိုးမဖက် အနစ်နာခံဆောင်ရွက်ခဲ့သော ခေါင်းဆောင်ကောင်း တစ်ဦးလည်းဖြစ်သည်၊ ထိုသို့ လေးစားဂုဏ်ယူဖွယ်ကောင်းသော ခေါင်းဆောင်ကောင်းတစ်ယောက် ရုတ်တရက် မမျှော်လင့်ဘဲ ကွယ်လွန်သွားသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်းကောင်း။ မြန်မာပြည်သူလူထုအတွက် လည်းကောင်း ကြီမားသော ဆုံးရှုံးမှုတရပ်ဖြစ်သည်။ ယခုကဲသို့အရေးကြီးသော အချိန်အခါသမယတွင် ဆုံးရှုံး လိုက်ရသည့် အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်-လွတ်မြောက်နယ်မြေ(နော်ဝေ)ဌာနခွဲမှ များစွာထိခိုက် ခံစားမိရပါသည်။ ဦးမြင့်သိန်းသည် သမိုင်းပေးတာဝန်များကို ကျေပြွှန်စွာ ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူလူထုအပေါ်ထားရှိသော စေတနာနှင့် လုပ်ဆောင်ချက်များကို အမြဲအမှတ်ရ နေမည်ဖြစ်ပြီး သူ့အမည်နာမနှင့် လုပ်ရှားမှုသမိုင်းတို့ကို အမှတ်ရအတုယူလျက် သူမျှော်မှန်းခဲ့သော ဒီမိုကရေစီ ပန်းတိုင်ကြီးသို့ရောက်သည့်တိုင် ဆက်လက်တိုက်ပွဲ ၀င်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။။ ဦးမြင့်သိန်း ကောင်းရာသုဂတိ လားပါစေ၊ ၂၀၀၈ခုနှစ်။ မတ်လ(၂၉)ရက်၊ |
|
|
အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန် |
|
|
|
အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းဟာ ဒီကနေ့ ညနေပိုင်းမှာပဲ အစာအိမ် ကင်ဆာနဲ့ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဦးမြင့်သိန်းရဲ့ သားဖြစ်သူက အဲန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းဆီကို ပြောဆိုတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။ စင်ကာပူမှာ ဦးမြင့်သိန်းရဲ့ ကျန်းမာရေးကို အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူ တစ်ဦးကလည်း ဦးမြင့်သိန်း ကွယ်လွန်တဲ့အကြောင်းကို ဗီအိုအေကို အတည်ပြုချက် မကြာခင်က ပေးခဲ့ပါသေးတယ်။ ဦးမြင်သိန်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးမြင့်သိန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဖမ်းအဆီးခံခဲ့ရပြီးတဲ့နောက်ပိုင်း ရောဂါအခြေအနေ ပိုပြီးတော့ ဆိုးရွားလာလို့ စင်ကာပူမှာ ဆေးဝါးကုသခံယူနေတုန်း အခုလို ကွယ်လွန်သွားခဲ့ရတာပါ။ ဦးမြင့်သိန်း ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိ ဦးဉာဏ်ဝင်းက ဗီအိုအေကို အခုလို မှတ်ချတ်ချ ပြောဆိုပါတယ်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 31 - 40 of 143 |