အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက်
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
A blog of all section with no images
ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု Print E-mail

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

အမေရိကန်နိုင်ငံက အရပ်သားတွေကို ချီးမြှင့်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal Award လို့ခေါ်တဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က အစီရင်ခံထားပါတယ်။ ဒီဆုကို ချီးမြှင့်နိုင်ဖို့အတွက် လွှတ်တော်တရပ်စီက လွှတ်တော် အမတ်ဦးရေ သုံးပုံနှစ်ပုံက အဆိုတင်သွင်းမှသာ ဆုချီးမြှင့်ဖို့ စဉ်းစားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်လွှတ်တော် အမြင့်ဆုံးဆု ချီးးမြှင့်တာဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးတဲ့ အနေနဲ့ အခုလို ချီးမြှင့်တာဖြစ်တဲ့အကြောင်း USCB ခေါ် အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို ပြောပြပါတယ်။  

Read more...
 
ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ Print E-mail

ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ဂျပန်က နံမည်ကြီးဟစ်ပ်ဟော့ပ် အဆိုတော်တဦးက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် တိုကျိုမှာ ဂီတပွဲတခု လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။  တိုကျိုမှာ ဒီဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ မြို့တော်တိုကျိုက ထင်ရှားတဲ့ ယိုယောဂိ ဆိုတဲ့ ပန်းခြံကြီးအတွင်းမှာ နာမည်ကြီး ဂျပန်ဟစ်ပ်ဟော့ပ် အဆိုသမား အီတိုးဆစ်ဟီကို က မြန်မာပြည်သားတွေ လွတ်မြောက်ဖို့အတွက် ဂီတလှုပ်ရှားမှု တခုကို ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာလ လူထုလှုပ်ရှားမှုတွေအတွင်းမှာ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေ သွေးမြေကျ တာတွေ ဆုံခဲ့ရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ ကြုံနေခဲ့ရသလို ဂျပန် သတင်းထောက် ခမ်းဂျိနာဂါးအိ ကလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေဟာ ဂျပန်ပြည်သူတွေအတွက် တအံ့တသြ ဖြစ်ခဲ့ရတာပါ။ ဟစ်ပ်ဟောပ် အဆိုတော် ဒီဂျေ အီတိုးက သူဖြေဖျော်ခဲ့တဲ့ သီချင်းစာသားတွေထဲမှာ ငါတို့ဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်၊ ဘုန်းတော်ကြီးတွေကိုလည်း မသတ်နဲ့၊ မညှင်းဆဲနဲ့ ဆိုတာတွေ ပါဝင် သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ အမြန်လုပ်ပေးဖို့ ဆိုတဲ့ စာသားတွေကိုလည်း သီချင်းဆိုရင်းနဲ့ ဟစ်အော် တောင်းဆိုခဲ့ပါတယ်။ ဒီဂီတပွဲမှာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့၊ လက်ရှိ ဂျပန်ကို ရောက်ရှိနေတဲ့ ကိုထင်အောင်ကလည်း ဂျပန်လို ၀င်ပြောဆိုရင်းနဲ့ ဒီဖျော်ဖြေပွဲမှာ ပါဝင် ကူညီခဲ့ပါတယ်။ 

Read more...
 
သင်္ကြန်တွင်း၌ NLD အဖွဲ့ဝင်များ ဖမ်းဆီးရိုက်နှက် နှောင့်ယှက်ခံရမှုများရှိ Print E-mail

သင်္ကြန်တွင်း၌ NLD အဖွဲ့ဝင်များ ဖမ်းဆီးရိုက်နှက် နှောင့်ယှက်ခံရမှုများရှိ
(ဗွီ
အိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ကာလ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များကို ဖမ်းဆီး ရိုက်နှက် နှောင့်ယှက်မှုများရှိကြောင်း NLD က ပြောဆိုသည်။ ရန်ကုန်တိုင်း တောင်ဒဂုန်မြို့သစ်မှ NLD လူငယ် ကိုသီဟန်နှင့် မြောက်ဥက္ကလာပမြို့နယ်မှ ကိုဝင်းသိန်းတို့သည် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ချောင်းမြောင်းအရိုက်ခံရသည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ “ကျနော်တို့ မြို့နယ်က လှုပ်ရှားတဲ့ လူငယ်တွေကို ချောင်းရိုက်တာတွေလုပ်နေတယ်၊ တောင်ဒဂုန်က ကိုသီဟန် နဲ့ မြောက်ဥက္ကလာက ကိုဝင်းသိန်းတို့ ချောင်းရိုက်ခံရတယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောပြသည်။ ကိုသီဟန် အသက် ၂၅ နှစ်ခန့်ကို သင်္ကြန် နောက်ဆုံးရက် အတက်နေ့ ည ၇ နာရီ ခွဲ့ခန့်က သင်္ကြန်မဏ္ဍပ်သိမ်းပြီး အပြန် တောင်ဒဂုန်မြို့သစ် ၂၄ ရပ်ကွက် လမ်းသွယ်တခုထဲ၌ နောက်ဘက်မှကားတစီးထိုးရပ်၍ရိုက်သွားခြင်း ဖြစ်ပြီး ရိုက်သွားသူ များမှာ မည်သူမည်ဝါမှန်း မသိရကြောင်း တောင်ဒဂုန်မြို့သစ် ဒေသခံတဦးကလည်းပြောသည်။

Read more...
 
လွမ်းထိုက်လို့မှန်း Print E-mail

လွမ်းထိုက်လို့မှန်း

 
ရင်ကိုသာ စည်တီးလို့
ငိုချင်းသာ ညည်းချင်တော့တယ်
ပြည်ကြီးအလှ မဲ့ရလေပြီ
ဆွေးမပြေနိုင်ဘူး။

ဝေးတမြေ အမေ့သားတွေက
ကြွေးမကျေ မမေ့တရားတွေနဲ့
ဝတ်တွားကာ ခြေအစုံ ဦးခိုက်တယ်
လွမ်းထိုက်လို့မှန်း။           

 
ရန်နိုင်ထွန်း
လွတ်မြောက်နယ်မြေ၊ ကိုရီးယား

 
NLDရဲ့ အခြေခံဥပဒေမူကြမ်း ကြေညာချက် ဖြန့်ဝေသူ အဖမ်းခံရ Print E-mail

NLDရဲ့ အခြေခံဥပဒေမူကြမ်း ကြေညာချက် ဖြန့်ဝေသူ အဖမ်းခံရ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ဆန္ဒခံယူပွဲကို ကန့်ကွက်ဖို့ လှုပ်ရှားတာတွေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းတာတွေ ရှိနေသေးတာတွေနဲ့ ပတ်သက်ပြီး ဦးအောင်လွင်ဦးက မေမြန်းစုံစမ်းထားပါတယ်။ မကြာသေးခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန် ကြေငြာလိုက်တယ်လို့ ဆိုပြီးတော့ ကော့မှူးမြို့က လူငယ်အဖွဲ့ ၀င်တဦးဖြစ်တဲ့ ကိုမျိုးလွင်ကိုလည်း မကြာသေးခင် ကပဲ အာဏာပိုင်တွေက ထပ်ဖမ်းသွားခဲ့တာပါ၊ အခု နောက်ဆုံး ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ကိုမျိုးလွင်နဲ့ နီးစပ်သူ NLD လူငယ် တယောက်ကတော့ အခုလိုပြောပြပါတယ်။

Read more...
 
ဆန္ဒခံယူပွဲမှာ နိုင်ငံတကာအကဲခတ်အဖွဲ့ ထားရှိရေး အန်န်အယ်လ်ဒီ တောင်းဆို Print E-mail

ဆန္ဒခံယူပွဲမှာ နိုင်ငံတကာအကဲခတ်အဖွဲ့ ထားရှိရေး အန်န်အယ်လ်ဒီ တောင်းဆို
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

လာမယ့် ဖွဲ့စည်းပုံဆန္ဒခံယူပွဲကို ကုလသမဂ္ဂကြီးကြပ်တဲ့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေထားဖို့ လိုအပ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒခံယူပွဲတောင် မရောက်သေးဘူး၊ အခုကတည်းက အောက်ခြေအာဏာပိုင်တွေဘက်က မရိုးမသားလုပ်တာတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက အဖွဲ့ချုပ်ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ဒီနေ့ အထူးကြေညာချက်တစောင် ထုတ်ပြန်တယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဓိက အကြောင်းရင်းက ဘာလဲခင်ဗျ။

“အဓိကကတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယုံကြည်လေးစားတဲ့ ကုလသမဂ္ဂ အပါအ၀င် စောင့်ကြည့်ရေး အဖွဲ့တွေကို ခွင့်ပြုသင့်တယ်ဆိုတဲ့ဟာကို ကြေညာချက်ထုတ်တာပါ။ ကျနော်တို့ ဒီဟာကိုတောင်းဆိုတဲ့နေရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း ဖော်ပြထားတယ်။ လက်ရှိအခြေအနေဆိုတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို တချို့သောမြို့နယ်တွေမှာ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေက သိမ်းဆည်းတာတို့၊ ခေါ်ယူမေးမြန်းတာတို့လုပ်နေတယ်။ အဲဒါတွေကိုဖော်ပြပြီး တရားမျှတမှုမရှိကြောင်း ပေါ်လွင်နေတဲ့အတွက် လာမယ့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ တရားမျှတမှုရှိမရှိ စောင့်ကြည့်ရေးအဖွဲ့ ခွင့်ပြုသင့်ကြောင်းဆိုပြီး ကြေညာချက်ထုတ်တာပါ။”

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 21 - 30 of 143
 
Top! Top!