A blog of all section with no images
|
ဒေါ်စုကို ကာကွယ်ရန် စာဖြင့် တောင်ကုတ်တွင် လှုံ့ဆော် |
|
|
|
ဒေါ်စုကို ကာကွယ်ရန် စာဖြင့် တောင်ကုတ်တွင် လှုံ့ဆော် (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) “အမိမြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်စောင့်ရှောက်ကြ” ဟူသည့် စာတမ်းပါရှိသော နအဖ စစ်အစိုးရဆန့်ကျင်ရေး စာရွက်များသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယခုလ ၁၉ ရက်နေ့မှ စတင်ကာ ပြန့်နှံ့နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များကပြောသည်။ တောင်ကုတ်မြို့အပြင် တမိုင်ခန့်အကွာရှိ ကျောက်ဖြူ ကားလမ်းမပေါ်တွင် အဆိုပါစာရွက်များကို တွေ့ရှိသူများက မြို့ထဲတွင် ဆက်လက်ဖြန့်ဝေကြသဖြင့် ယခုလို ပြန့်နှံ့သွားခြင်း ဖြစ်သည်ဟု တောင်ကုတ် အဖွဲ့ချုပ်ဝင် ကိုမိုးနေစိုးက ပြောသည်။ “တချို့ကျလည်း ရကြတာ။ ဒါပေမဲ့ ပေါ်တင်ကြီးတော့ မပြကြဘူးပေါ့။ ကိုယ့်အချင်းချင်း တိုးတိုးတိတ်တိတ်ပေါ့။ ဒီမှာစာစောင်တခု ဘာညာ အဲဒီလိုဆိုတာမျိုး ပြောတာတွေရှိတယ်ခင်ဗျ။ ပေါ်တင်ကြီးတော့ ပြတာတွေမရှိဘူးဗျာ။ ရတဲ့လူတွေက သိမ်းထားလိုက်တယ်။ အဲဒီလို တိုးတိုးတိတ်တိတ်တော့ ဖတ်နေကြတယ် ခင်ဗျား” ဟု သူက ပြောသည်။ |
|
Read more...
|
|
|
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်အပေါ် အဲန်အယ်လ်ဒီ တုံ့ပြန် |
|
|
|
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက်အပေါ် အဲန်အယ်လ်ဒီ တုံ့ပြန် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ကြားဝင်ဖြန်ဖြေရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ဧပြီလကျမှ မြန်မာပြည်ကို လာရောက်ခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက အကြောင်းပြန်လိုက်အပြီး ရန်ကုန်မြို့မှာရှိတဲ့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မြန်မာစစ်အစိုးရဟာ နိုင်ငံတကာက တောင်းဆိုနေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေရေး လုပ်ငန်းစဉ်ကို စိတ်ကောင်း စေတနာကောင်းနဲ့ ဆောင်ရွက်နေပါတယ် ဆိုတာ ပေါ်လွင်အောင် မပြနိုင်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ အဲန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ပေးဖို့ စတာတွေကိုလည်း ဒီကနေ့ ထုတ်ပြန်တဲ့ အဲန်အယ်လ်ဒီ ကြေညာချက်မှာ ထပ်မံ တောင်းဆိုထားပါတယ်။ ဒီအကြောင်းကို ဒေါ်လှလှသန်းက ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။ |
|
Read more...
|
|
|
နအဖ စစ်မှုထမ်းရန် အမိန့်ပေးကာ တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းနေခြင်း |
|
|
|
ပလောင်ဒေသ မန်တုံမြို့နယ် အတွင်းရှိ ပလောင်လူငယ်များကို နအဖ စစ်မှုထမ်းရန် အမိန့်ပေးကာ တပ်သားသစ်များ အတင်းအဓမ္မစုဆောင်းနေခြင်း ဒီဇင်ဘာလ ၂၃ ရက်နေ့ ၂၀၀၇ ခုနှစ်တွင် မန်တုံအခြေစိုက် ဗိုလ်မှူးကြီး တင်မောင်ဝင်း ဦးဆောင်သည့် ခလရ တပ်ရင်း (၁၃၀) ၏ အမိန့်အရ ပလောင်ဒေသ မန်တုံမြို့နယ်တ၀ိုက်တွင်ရှိသော ပလောင်လူငယ်များကို တပ်သားသစ်စုဆောင်းရန်အတွက် တပ်ကြပ်ကြီး ၀င်းနိုင်အား အမိန့်ပေးပြီး တစ်ရွာလျှင်တစ်ယောက် အတင်းအဓမ္မ ကောက်ခံစုဆောင်းနေကြောင်း သိရှိရသည်။ ထိုသို့ စစ်တပ်ထဲသို့ဝင်ရောက်ရန် အတင်းအဓမ္မကောက်ခံသော ကျေးရွာများမှာ မန်တုံမြို့နယ်ရှိ ပန်းကူကျေးရွာ၊ ကျေကောင်ကျေးရွာ၊ လွယ်ကန်ကျေးရွာ၊ အထက်ပန်းဆွေကျေးရွာ၊ နမ်တာန်ကျေးရွာ၊ အောက်ပန်းဆွေကျေးရွာ၊ မန်ဦးကျေးရွာ၊ ထပ်ကြပ်ကျေးရွာ၊ မန်မောက်ကျေးရွာ၊ ပန်ခြံကျေးရွာ၊ ဟိုဖုန်းကျေးရွာ၊ နမ့်ယန်းကျေးရွာ၊ ပန်ခါကြီးကျေးရွာ၊ ပန်ခါလေးကျေးရွာ၊ ရေပုန်းကျေးရွာ၊ ပန်ရောင်ကျေးရွာ၊ နာအော်ကြီးကျေးရွာ၊ နာအော်လေးကျေးရွာ၊ ရောင်ကျိမ်းကျေးရွာအစရှိသော ပလောင်ရွာ ၄၅ ရွာကျော်မှ တစ်ရွာလျှင် အနည်းဆုံး (၁) ဦး ကောက်ခံခဲ့ကြသည်။ တပ်ကြပ်ကြီးဝင်းနိုင်သည် ကျေးရွာ ဥက္ကဌနှင့် သူကြီးများကို ကြိုတင်အကြောင်းကြားထားပြီး တစ်ရွာဝင် တစ်ရွာထွက်ကာ အတင်းအဓ္မလိုက်လ့ ကောက်ခံစုဆောင်းနေခြင်း ဖြစ်သည်။ |
|
Read more...
|
|
|
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဟု လုံခြုံရေးကောင်စီပြောကြား |
|
|
|
မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက်မှုမရှိဟု လုံခြုံရေးကောင်စီပြောကြား (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု နှေးကွေးနေပြီး တိုးတက်မှုရစေရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင်ဂမ်ဘာရီ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်သွားရမည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယမန်နေ့ တံခါးပိတ်အစည်းအဝေးအပြီး ကြေညာသည်။ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ လစ်ဗျားသံအမတ် ဂျီရာ ဒါလာ အီတယ်လ်ဟီက “လုံခြုံရေးကောင်စီ ဥက္ကဋ္ဌရဲ့ ၂၀၀၇ အောက်တိုဘာ (၁၁) ကြေညာချက်ပါ ရည်မှန်းချက်တွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက ထောက်ခံတဲ့အကြောင်း အခိုင်အမာ ထပ်လောင်းပြောဆိုပါတယ်။ အဲဒီ ရည်မှန်း ချက်တွေ ပြည့်မီဖို့ တိုးတက်မှု နှေးကွေးနေတာကို သူတို့ စိတ်မကောင်းဖြစ်ကြရတယ်” ဟု ကြေညာချက်၌ ပြောသည်။ တိုးတက်မှု ပိုမိုရရှိစေရန် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားရောက်ကာ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် အရေးကြီးသည်ဟု လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက အလေးထား ပြောကြားကြောင်း သိရသည်။ |
|
Read more...
|
|
|
ဆန္ဒပြမည့်အခြေအနေကြောင့် တောင်ကုတ်မြို့၌ လုံခြုံရေးတင်းကျပ်ထား |
|
|
|
ဆန္ဒပြမည့်အခြေအနေကြောင့် တောင်ကုတ်မြို့၌ လုံခြုံရေးတင်းကျပ်ထား
ဆန္ဒပြမည့်သတင်းကို အာဏာပိုင်များက ကြိုတင်ရထားပြီး လုံခြုံရေးတင်းကျပ်ထားသဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ယနေ့နံနက်ဆန္ဒပြမည့်အစီအစဉ် အထမမြောက်ကြောင်း ဆန္ဒပြမည့်သူများထံမှ သိရသည်။ သံဃာတော် (၁၀) ပါးခန့်အပါအ၀င် တောင်ကုတ်မြို့ခံ ပြည်သူလူထု (၂၀၀) ကျော်တို့က ရခိုင် ပြည်နယ်ရှိ တောင်သူလယ်သမားများ လတ်တလောရင်ဆိုင်နေရသည့် အခက်ခဲများကို ဖြေရှင်း ပေးရန်အတွက် တောင်ကုတ်မြို့မဈေးအနီး ဆန္ဒပြရန် စီစဉ်ထားခြင်းဖြစ်သည်။ ဆန္ဒပြရန် အစီအစဉ်ရှိသည့် တောင်ကုတ်မြို့ခံတဦးက “ကျနော်တို့ရခိုင်ပြည်နယ်မှာ တပ်ရိက္ခာ ဆိုပြီး မရောင်းမနေရ လုပ်နေတဲ့အတွက် တောင်သူလယ်သမားတွေ ဒုက္ခရောက်နေတယ်၊ နောက်ပြီးတော့ တောင်သူလယ်သမားတွေကို မစိုက်မနေရ ဆောင်းသီးနှံစိုက်ခိုင်းတာ၊ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာတွေကို မကျေနပ်လို့ပါ။ မကျေနပ်တာတွေတော့ အများကြီးပဲဗျာ၊ ပြောလို့တောင် မကုန်တော့ဘူး” ဟု ပြောသည်။ |
|
Read more...
|
|
|
ဆန္ဒပြမည့်အခြေအနေကြောင့် တောင်ကုတ်မြို့၌ လုံခြုံရေးတင်းကျပ်ထား |
|
|
|
ဆန္ဒပြမည့်အခြေအနေကြောင့် တောင်ကုတ်မြို့၌ လုံခြုံရေးတင်းကျပ်ထား (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) ဆန္ဒပြမည့်သတင်းကို အာဏာပိုင်များက ကြိုတင်ရထားပြီး လုံခြုံရေးတင်းကျပ်ထားသဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ယနေ့နံနက်ဆန္ဒပြမည့်အစီအစဉ် အထမမြောက်ကြောင်း ဆန္ဒပြမည့်သူများထံမှ သိရသည်။ သံဃာတော် (၁၀) ပါးခန့်အပါအ၀င် တောင်ကုတ်မြို့ခံ ပြည်သူလူထု (၂၀၀) ကျော်တို့က ရခိုင် ပြည်နယ်ရှိ တောင်သူလယ်သမားများ လတ်တလောရင်ဆိုင်နေရသည့် အခက်ခဲများကို ဖြေရှင်း ပေးရန်အတွက် တောင်ကုတ်မြို့မဈေးအနီး ဆန္ဒပြရန် စီစဉ်ထားခြင်းဖြစ်သည်။ ဆန္ဒပြရန် အစီအစဉ်ရှိသည့် တောင်ကုတ်မြို့ခံတဦးက “ကျနော်တို့ရခိုင်ပြည်နယ်မှာ တပ်ရိက္ခာ ဆိုပြီး မရောင်းမနေရ လုပ်နေတဲ့အတွက် တောင်သူလယ်သမားတွေ ဒုက္ခရောက်နေတယ်၊ နောက်ပြီးတော့ တောင်သူလယ်သမားတွေကို မစိုက်မနေရ ဆောင်းသီးနှံစိုက်ခိုင်းတာ၊ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာတွေကို မကျေနပ်လို့ပါ။ မကျေနပ်တာတွေတော့ အများကြီးပဲဗျာ၊ ပြောလို့တောင် မကုန်တော့ဘူး” ဟု ပြောသည်။ |
|
Read more...
|
|
|
|
<< Start < Prev 11 12 13 14 15 16 17 18 Next > End >>
|
| Results 141 - 150 of 174 |