A blog of all section with no images
|
မစ္စတာဘန်ကီမွန်းပြောဆိုချက်ကို အဲန်အယ်လ်ဒီကြိုဆို |
|
|
မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေး ကမ္ဘာက စိတ်မရှည်နိုင်တော့ဟု မစ္စတာဘန်ကီမွန်းပြောဆိုချက် အဲန်အယ်လ်ဒီကြိုဆို ဗွီအိုအေ မြန်မာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရအပေါ် ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာက စိတ်မရှည်နိုင်အောင် ဖြစ်နေပြီလို့ သတိပေးပြောဆိုလိုက်တဲ့အပေါ် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့အရေး အလေးထားပြောဆိုချက်အဖြစ် ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်နေတုန်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခုလို သတိပေးပြောဆိုလိုက်တဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)က ကြိုဆိုလိုက်တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို အဲန်အယ်လ်ဒီက အစဉ်တစိုက် လက်ခံခဲ့တာဖြစ်သလို အခုလို ကြုံတုန်းကြုံခိုက် မြန်မာ့အရေးပြောဆိုခဲ့တာဟာ စိတ်အားထက်သန်မှုကို ပြသရာရောက်ပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ |
|
Read more...
|
|
|
တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်လျှင် နအဖကိုဖယ်ရှားချိန်တန်ပြီးဟု အမေရိကန်သမ္မတကတော် သတိပေးပြောကြား |
|
|
|
ဒီဗွီဘီ တွေ့ဆုံဆွေးနေနွေးရေး အမြန်မလုပ်နိုင်ရင် နအဖစစ်အစိုးရကို ရာထူးကဖယ်ရှားချိန်တန်ပြီလို့ အမေရိကန် သမ္မတကတော်လော်ရာဘုရှ်က တောင်းဆိုလိုက်ပါတယ်။ မနေ့ည ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဗွီဒီယိုသတင်းကွန်ဖရင့်မှာ လော်ရာဘုရှ်က ဒီလိုပြောကြားတာဖြစ်ပါတယ်။ နအဖကို သည်းမခံ နိုင်ကြတော့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက မနေ့က သတိပေးပြီးနောက် ဆက်တိုက် ထွက်ပေါ်လာတဲ့ သတိပေးချက်ဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ လေးနက်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မစ္စစ်ဘုရှ်က ပြောကြားပါတယ်။ |
|
Read more...
|
|
|
(၄၉) ကြိမ်မြောက် ပြည်ထောင်စုနေ့မိန့်ခွန်း |
|
|
|
(၄၉) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိန့်ခွန်း
၁၃၅၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၉)ရက်။ ၁၉၉၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်။
၁။ ဒီနေ့ဟာ ပြည်ထောင်စုစိတ်ဓါတ်လို့ခေါ်ရမယ့် ပင်လုံစိတ်ဓါတ် ထာဝရ ရှင်သန်ရေး အတွက် အစဉ်တစိုက် ကြိုးပမ်းသွားပါစို့လို့ ကျမတို့အားလုံး ခိုင်ခိုင်မာမာ ပြည်လည်သန္နိဌာန် ချရမယ့်နေ့ ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာကတော့ တိုင်းရင်းသားများတန်းတူရေးနှင့် တန်းတူရေးကိုအခြေခံသည့် ညီညွတ်ရေးကို ရှေ့ရှုတဲ့ စိတ်ဓါတ်ကို ဆိုလိုတာပါ။ |
|
Read more...
|
|
|
နှစ် (၅၀)ပြည့် ပြည်ထောင်စုနေ့မိန့်ခွန်း |
|
|
|
နှစ် (၅၀)ပြည့် ပြည်ထောင်စုနေ့တွင် ပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိန့်ခွန်း ၁၉၉၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်
အခုဒီကိုကြွရောက်လာတဲ့ ပရိသတ်ကိုရော ကျမတို့ရဲ့ ပြည်ထောင်စုနေ့ကို သေးသိမ်အောင် လို့ ပြည်သူလူထုက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကနေပြီးတော့ နိုင်ငံရဲ့အနာဂါတ်ကို ဦးဆောင်ဖို့ မဲပေးခဲ့တဲ့ နိုင်ငံရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုကို သေးသိမ်အောင်လို့လုပ်တဲ့ အခက်အခဲတွေ ကြားထဲကနေပြီးတော့ အဝေးကနေပြီး ထောက်ခံတဲ့ ကျမတို့ရဲ့ ပြည်သူလူထု အားလုံးကို ကျေးဇူးတင်လေးစားကြောင်း ကျမပြောချင်ပါတယ်။ |
|
Read more...
|
|
|
(၈၇) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထုတ်ပြန်ကြေညာချက် |
|
|
|
(၈၇) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ထုတ်ပြန်ကြေညာချက် ယနေ့ ၁၃၆၉ခုနှစ်။ တန်ဆောင်မုန်းလပြည်ကျော် (၁ဝ) ရက်။ ၂ဝဝ၇ခုနှစ်။ ဒီဇင်ဘာလ (၄) ရက်နေ့သည် မြန်မာနိုင်ငံ၏ (၈၇) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြီးဖြစ်ပေသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် အင်္ဂလိပ် ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရပြီး၊ ကျွန်ပြုခြင်းကိုခံခဲ့ကြရသည်။ ထိုစဉ်ကပင် မြန်မာပြည်သူပြည်သားများသည် မျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ်ဖြင့် ရသည့်နည်းလမ်းများကို အသုံးပြုလွတ်လပ်ရေးအတွက် အမျိုးသားရေး တုက်ပွဲများကို ဖေါ်ဆောင်ခဲ့ကြသည်။ |
|
Read more...
|
|
|
ထုတ်ပြန်ကြေညာချက် (မယ်သရောထာ) |
|
|
|
တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ (မယ်သရောထာ) ၏ ထုတ်ပြန်ကြေညာချက် ၁၉၉၇ ခုနှစ် ဇန္န၀ါရီလ (၁၅)ရက်။ ပြည်ထောင်စု မြန်မာနိုင်ငံခေါ် တိုင်းပြည်ရှိ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများသည် ၇၊ ၁၊ ၁၉၉၇ ရက်နေ့မှ ၁၄၊ ၁၊ ၁၉၉၇ ရက်နေ့အထ ကရင်အမျိုးသားအစည်းအရုံး KNU၏ အခြေခံဒေသ မယ်သရောထာတွင် တိုင်းရင်းသားလူမျိုးများ၏ နှီးနှောဖလှယ်ပွဲကြီးတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ ဤနှီးနှောဖလှယ်ပွဲကြီးတွင် အောက်ပါတိုင်းရင်းသား အမျိုးသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် လော့လာသူပေါင်း (၁၁၁) ဦး တက်ရောက်ခဲ့ကြသည်။ ထိုသို့ တက်ရောက်ခဲ့ကြသည့် အဖွဲ့အစည်းများမှာ - |
|
Read more...
|
|
|
|
<< Start < Prev 11 12 13 14 15 Next > End >>
|
| Results 131 - 140 of 143 |