A blog of all section with no images
|
မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ |
|
|
|
မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ (မဇ္ဈိမမြန်မာသတင်းဌာနမှ ကူးယူဖော်ပြသည်) ကျင်းပပြီးစီးခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဆိုကာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုပြီး စစ်အစိုးရ ထုတ်ပြန်ထားသော မဲရလာဒ်ကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်လျှက် ရှိသည်။ မြို့နယ် ၄၇ မြို့နယ်မှအပ တနိုင်ငံလုံးတွင် မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲအတွင်း မဲလိမ်မှု အမျိုးမျိုး လုပ်ခဲ့သည် ဆိုခြင်းများနှင့် ပတ်သက်၍ မျက်မြင်သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများကို စုစည်းနေခြင်း ဖြစ်သည်။ “ကျနော်တို့ သတင်းအချက်အလက် အပြည့်အစုံရအောင် လုပ်နေတယ်။ အချက်အလက်တွေ ပြည့်စုံရင် ဥပဒေနဲ့အညီ ဖြစ်နိုင်ဖို့ စဉ်းစား ဆုံးဖြတ်ကြမယ်၊ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေ မဲလိမ်လည်မှုတွေ အားလုံး အသေးစိတ် တပြည်လုံး အတိုင်းအတာနဲ့ရအောင် စုစည်းနေပါတယ်။ ကျနော်တို့ ဗဟိုအဖွဲ့ဝင်တွေ မြို့နယ်၊ တိုင်း အားလုံးကို အချက်အလက်တွေ ရဖို့ စုစည်း ခိုင်းထားတယ်။ တချို့လည်း ရပါပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ |
|
Read more...
|
|
|
ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား |
|
|
|
ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) ယနေ့ပြုလုပ်သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲသည် လုံးဝဥပဒေနှင့် ဆန့်ကျင်သည့် မဲဆန္ဒခံယူပွဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကပြောသည်။ အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကျနော်တို့ရတဲ့ သတင်းတွေအရ မြန်မာပြည်အနှံ့ မဲရုံတိုင်းမှာ ကြံ့ဖွံ့နဲ့ သူတို့ရဲ့အာဏာပိုင် အဖွဲ့အစည်းဝင်တွေက လာတဲ့မဲဆန္ဒရှင်တွေကို ထောက်ခံမဲပေးခိုင်းတယ်။ ထောက်ခံမဲကိုလည်း မဲဆန္ဒရှင်က မခြစ်ရဘူး။ သူတို့ကိုယ်တိုင် ခြစ်ပေးတယ်။ အဲဒီလိုစနစ်နဲ့ အတင်းအဓမ္မ လုပ်နေတယ်” ဟုပြောသည်။ ၎င်းတို့အဖွဲ့ချုပ်ဝင်များ၏ သတင်းပေးပို့ချက်များအရ ရှမ်းပြည်နယ်နှင့် မကွေးတိုင်း ရေနံချောင်း၊ ဧရာဝတီတိုင်း ကျုံပျော်နှင့် ပုသိမ်၊ နောက်ပဲခူးတိုင်း ဇီးကုန်း၊ နတ္တလင်း၊ ပဲခူး တို့တွင် ထိုသို့ အတင်းအဓမ္မ ဆန္ဒမဲကို အမှန်ခြစ်ခိုင်းသည်ဟု သိရကြောင်း ၎င်းကပြောသည်။ |
|
Read more...
|
|
|
မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင် |
|
|
|
မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင် (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) မွန်းလွဲ ၄ နာရီထိုးသည်နှင့် မဲရုံးများ ပိတ်လိုက်ပြီး စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီလည်း ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ “မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင်တွေ ထောက်ခံ၊ ကန့်ကွက်ခွဲပြီး မဲတွေ စရေနေကြပြီ” ဟု ကချင်ပြည်နယ်၊ ဝါရှောင်ကျေးရွာတွင် ကျင်းပသည့် ဆန္ဒခံယူပွဲကို အနီးကပ် စောင့်ကြည့် အကဲခတ်နေသည့် ကျေးရွာသားတဦးက ပြောပါသည်။ မဲရုံမှူးက ကန့်ကွက်မဲဟု ယူဆရသော ဆန္ဒမဲ လက်မှတ်များ ထည့်ထားသည့် အိတ်ကြီးကို ကိုင်ကာ မဲရုံအတွင်းမှ ထွက်ခွါသွားသည်ကို တွေ့လိုက်ရသည်ဟု အဆိုပါ ကျေးရွာသားက ပြောပြပါသည်။ “မဲရုံထဲမှာ ကျနော့်လူတွေ ရှိတယ်ဗျ၊ သူတို့က ပြန်ပြောပြတာ” ဟု သူက ဆက်လက် ပြောပြပါသည်။ |
|
Read more...
|
|
|
မန္တလေးပြည်ကြီးတံခွန်မှ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲမသမာမှုများရှိ |
|
|
|
မန္တလေးပြည်ကြီးတံခွန်မှ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲမသမာမှုများရှိ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ် အ တွင်းရှိ မဲရုံကြီးကြပ်သူများက ဆန္ဒမဲပေးသူများကို ထောက်ခံမဲပေးရန် တိုက်တွန်းသည့် မဲမသမာမှုများ ရှိသည် ဟု မျက်မြင်သက်သေက ပြောသည်။ မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးခဲ့သူတစ်ဦးက “ကျနော့်ရှေ့က တစ်ယောက်ကိုလေ မဲလက်မှတ် ထိန်းတဲ့ ဆရာမကပေါ့နော် သူ့ကိုမဲလက်မှတ်တစ်စောင်ပေးပြီး သူ့ရှေ့မှာတင် ထောက်ခံမဲအမှန်ခြစ် ခိုင်းတယ်။ နောက် တစ်ဦးက သူကတစ်ယောက်တည်းလာပြီးတော့ ကျနော့်မိသားစု သုံးယောက်ရှိပါတယ်ဆိုပြီးတော့ သုံးစောင် တောင်းတယ်ခင်ဗျ။ သုံးစောင်တောင်းတော့ သူထုတ်ပေးလိုက်တယ် ဆရာမ က၊ ကျနော့်အထင်တော့ သူတို့က ဒါကိုလိမ်လည်ပြီးလုပ်တယ်လို့ ထင်တယ်ဗျ။ ကျနော်တို့မျက်စိ ရှေ့တင်မြင် နေရတာနော်။ သူတို့လိမ်တယ်ဗျ။ မတရားတဲ့နည်းနဲ့ သူတို့လုပ်နေကြတာဗျ” ဟုပြောသည်။ |
|
Read more...
|
|
|
ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား |
|
|
|
ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) စစ်အစိုးရပြုလုပ်သော လူထုဆန္ဒခံယူပွဲတွင် ကိုယ်တိုင်ပြဌာန်းထားခဲ့သည့် ဥပဒေများနှင့် မညီသည်သာမက ပြည်သူလူထုကလည်း စိတ်ပါဝင်စားခြင်းမရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။ မဲရေတွက်မှုနှင့် ပတ်သက်ပြီး စစ်အစိုးရထုတ်ပြန်ခဲ့သည့် ဥပဒေတွင် မဲပေးပိုင်ခွင့်ရှိသူ (၁၀) ဦး ရှေ့မှောက်၌ မဲရေတွက်မည်ဟု ပါရှိသော်လည်း လက်တွေ့တွင် ထိုသို့ ဖြစ်မလာကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးသန်းဖေက ပြောသည်။ ၎င်းက “သွားပြီဗျာ၊ မဲရေတွက်တာက ကျနော်တို့ကို လုံးဝ ၀င်ခွင့်မရှိတော့ဘူး၊ သူတို့ ပထမ ပြောထားတဲ့အတိုင်း မဟုတ်ဘူး၊ လုံးဝသမာသမတ်မရှိတဲ့၊ လုံးဝမတရားတဲ့ ပွဲပဲ၊ ဒီပွဲက။ လေးနာရီ ထိုးပြီးရင် ကျနော်တို့ မဲရုံကိုသွားကြပါတယ်။ မဲရုံတာဝန်ခံတွေက ကိုက် (၅၀) အတွင်းမှာ ဘယ်သူမှ မရှိစေရတဲ့” ဟု ပြောသည်။ တောင်ကုတ်မြို့နယ်ရှိမဲရုံများတွင် ရပ်ကွက်မဲဆန္ဒယူပွဲကော်မရှင် (၅) ဦးနှင့် စစ်အစိုးရခန့်အပ် ထားသည့် မဲရုံတာဝန်ခံများ ရှေ့မှောက်တွင် မဲရေတွက်မည်ဟု သိရသည်။ |
|
Read more...
|
|
|
ဖွဲ့စည်းပုံမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ မြန်မာပြည်အနှံ့ ကျင်းပ |
|
|
|
ဖွဲ့စည်းပုံမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ မြန်မာပြည်အနှံ့ ကျင်းပ (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လုပ်ဆောင်ရန် နိုင်ငံတကာက တိုက်တွန်းနေ သည့်ကြားမှ နအဖစစ်အစိုးရက ၎င်းတို့စိတ် ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မုန်တိုင်းဘေးသင့်သည့် နေရာ များမှလွဲ၍ မြန်မာနိုင်ငံတ၀န်းလုံး၌ ယနေ့ ကျင်းပသည်။ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း မြို့နယ်အသီး သီး၌ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံနှင့် စာသင်
ကျောင်းများတွင် မဲရုံဖွင့်လှစ်၍ ဆန္ဒမဲပေးပွဲ ကျင်းပခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် မဲရုံအများစု၌ လွတ်လပ်စွာ မဲပေးခွင့်ရကြကြောင်းသိရသည်။ ဆန္ဒမဲရလဒ်များကို စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသဖြင့် မသိရသေး သော်လည်း အာဏာပိုင်များ၏ စနစ်တကျကြိုတင် စီစဉ်ထားမှုအောက်တွင် ကြောက်ရွံ့စွာဖြင့် အများအပြား ထောက်ခံမဲ ပေးကြကြောင်း သိရသည်။ ဆန္ဒမဲပေးပွဲအခြေအနေများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ဒေသခံများနှင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့၏ ဖြေကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 11 - 20 of 143 |