www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက်
Tuesday, 07 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
A blog of all section with no images
အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ Print E-mail

အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

Read more...
 
ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ Print E-mail

ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

အကျဉ်းထောင်အတွင်း ၁၉ နှစ်ကျော်ကြာနေခဲ့ရပြီးနောက် သတင်းစာဆရာကြီး ဦးဝင်းတင်သည် ယနေ့ အင်္ဂါနေ့ ညနေတွင် လွတ်မြောက်လာပြီ ဖြစ်သည်။ စစ်အစိုးရ၏ အဓိက အငြိုးထားခြင်း ခံခဲ့ရသည့် အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်သည် ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဦးဝင်းတင်သည် ယခုလောလောဆယ်တွင် မိတ်ဆွေရင်းဖြစ်သူ ဦးမောင်မောင်ခင်၏ နေအိမ်သို့ သွားရောက်နေထိုင်လျှက် ရှိသည်။ ညနေ ၄ နာရီတွင် ပြန်လည် လွတ်မြောက်လာပြီးနောက် ဦးဝင်းတင်က "ကျနော်က နိုင်ငံရေးသမားတယောက် ဖြစ်တဲ့အတွက် နိုင်ငံရေးပဲ ဆက်လုပ်မှာပဲ၊  အဲဒီကိစ္စကို အရှံးပေးဖို ဖိအားပေးတဲ့ ပုဒ်မ ၄၀၁ ကို လုံးဝ လက်မှတ်မထိုးခဲ့ဘူး။ ဒီနေ့ကစပြီးတော့ အမျီုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ထောက်ခံသွားမှာပဲ ဖြစ်တယ်။ ကျနော်အသက် ၈၀ ပြည်တော့မယ်။ ဒါပေမယ့် ရပ်မှာတော့ မဟုတ်ဘူး။" ဟု စာနယ်ဇင်းသမားများကို ပြောကြားသည်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးနိုင်မည်ဟု အန်န်အယ်လ်ဒီ မျှော်လင့် Print E-mail

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာပိုင်တို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးနိုင်မည်ဟု အန်န်အယ်လ်ဒီ မျှော်လင့်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

နေအိမ်အကျယ်ချုပ်နဲ့ အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကစလို့ ပြင်ပအစားအစာတွေ ပြန်လည်လက်ခံခဲ့ပါတယ်။ မြန်မာအစိုးရခန့်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြထားတာမို့ မကြာခင်မှာတော့ မြန်မာအာဏာပိုင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစာငတ်ခံဆန္ဒပြတာ မဟုတ်ပေမယ့် ပြင်ပအစားအစာတွေကို လက်မခံဘဲ ခြိုးခြံစားသုံးခဲ့တာကြောင့် အခုအခါ အတော်လေး အင်အားချို့တဲ့ နေတယ်လို့ ဒီကနေ့ပဲအရေးပေါ် ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အာဏာပိုင်တွေကို ဥပဒေရပိုင်ခွင့်အရ တောင်းဆိုခဲ့တာတွေအပေါ် အာဏာပိုင်တွေ ဘက်က လိုက်လျောခဲ့တာကြောင့် အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံမှန်ပြင်ပ အစားအစာတွေကို စတင်လက်ခံနေပြီလို့ အန်န်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ် Print E-mail

ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခြင်းမဟုတ်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတာ မဟုတ်ပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီကို ပို့ပေးနေတဲ့ အစားအသောက်တွေကို သြဂုတ်လလယ်ထဲက ဒေါ်အောင်ဆန်းစုကြည်က လက်မခံတော့တဲ့အတွက် သူမ အစာငတ်ခံ ဆန္ဒပြနေသလားဆိုပြီး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအတိုင်း အခွင့်အရေးတွေ ခံစားခွင့် ရနိုင်ဖို့အတွက် ပြင်ပက အစားအသောက်တွေကို လက်မခံဘဲ ခြိုးခြံစားသုံးခဲ့လို့ အားတော့နည်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတဲ့သတင်း ဖြစ်နေတဲ့အပေါ်မှာ နိုင်ငံတကာရော၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ စိုးရိမ်ပြီး စိတ်ဝင်တစား ရှိနေပါတယ်။ မနေ့ တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့ တွေ့ဆုံအပြီးမှာ အခုလို ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြခဲ့တာ မဟုတ်ဘူးလို့ ဒီနေ့မှာ ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည် မိသားစုဆရာဝန်နဲ့ တွေ့ဆုံ Print E-mail

ဒေါ်အောင်ဆန်းစုကြည် မိသားစုဆရာဝန်နဲ့ တွေ့ဆုံ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း ဒီနေ့ မွန်းလွှဲ ၂နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် တွေ့ ဆုံတာ လေးနာရီခွဲ ကြာတယ်လို့ ရန်ကုန်ကလာတဲ့ AFPသတင်းက ဆိုပါတယ်။ ပြင်ပက ပို့တဲ့ အစားအစာများ ဒေါ်အောင်ဆန်းစုကြည် လက်မခံတာ တလလောက် ရှိသွားပါပြီ။ အရင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့  ရှေ့ နေ ဦးကြည်ဝင်း သွားတွေ့ တုန်းကတော့ မိသားစုဆရာဝန်နဲ့ တွေ့တဲ့အခါ အစားအစာများ ပြန်လည် လက်ခံဖွယ် ရှိတယ်လို့ ဦးကြည်ဝင်းက ပြောခဲ့ဖူး ပါတယ်။ အခု ဒေါက်တာတင်မျိုးဝင်းနဲ့ တွေ့ ဆုံခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အသေးစိတ် ဘာမှ မသိရသေးပါဘူး။

Read more...
 
ဒေါ်အောင်ဆန်းစုကြည် အယူခံမှု မျှော်လင့်ချက်နည်း Print E-mail

ဒေါ်အောင်ဆန်းစုကြည် အယူခံမှု မျှော်လင့်ချက်နည်း
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းချုပ်ကန့်သတ်ထားတာတွေကို ရုပ်သိမ်းဖို့ အယူခံတဲ့အပေါ် ရှေ့နေဦးကြည်ဝင်းက မျှော်လင့်ချက်ထားနေပါတယ်။ ဒီခံယူချက်အတိုင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပဲ လွှတ်ပေးနိုင်တယ်လို့ ထင်ပါသလား။ ဦးကြည်ဝင်းရဲ့ ပြောကြားချက်အပေါ် ဦးကျော်ဇံသာက သုံးသပ် တင်ပြထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ချုပ်နှောင်ထားတာကို ရုပ်သိမ်းပေးဖို့ အယူခံဝင်တဲ့ကိစ္စ ရှေ့နေကြီး ဦးကြည်ဝင်းက ဒီကိစ္စကို မျှော်လင့်ချက်ထားတယ်လို့ ပြောဆိုပေမယ့် ဒါဟာ ဥပဒေကြောင်းသက်သက်ကိုကြည့်ပြီး သွေးရိုးသားရိုး ဆောင်ရွက်ကြမယ်ဆိုရင် မျှော်လင့်နိုင်ခြင်းဖြစ်တယ်လို့ ပြောတာသာ ဖြစ်ပါလိမ့်မယ်။ ဦးကြည်ဝင်းရဲ့ ပြောကြားချက်ကို အသေးစိတ်ပြန်ကြည့်ရင် ဒီအယူခံကိစ္စမှာ အဖုအထစ်တွေ ရှေနေသေးတဲ့အကြောင်း ပေါ်လွင်နေတာ တွေ့ရပါတယ်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 10 of 174
 
Top! Top!