|
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်မြောက်ရန် နအဖတွင် အဓိကတာဝန်ရှိဟု အန်အယ်လ်ဒီကြေညာ |
|
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်မြောက်ရန် နအဖတွင် အဓိကတာဝန်ရှိဟု အန်အယ်လ်ဒီကြေညာ (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) အဖွဲ့ချုပ်ရုံး၌ကျင်းပသော ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်သည့် တိုင်းရင်းသားအချို့ |
|
Read more...
|
|
|
ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ |
|
ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) ယနေ့ကျရောက်သော (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ ပိုစတာများ ကပ်ခြင်းတို့ကို ကျောင်းသားလူငယ်များက ပြုလုပ်ကြသည်။ တိုင်းပြည်၏ အကျပ်အတည်းအား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန်နှင့် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အပါအ၀င် အချက် (၅) ချက်ပါ ကြေညာချက်ကို မြစ်ကြီးနား၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ်တို့တွင် ဖြန့်ဝေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်လုံးဆိုင်ရာ ကျောင်သားလူငယ်များအဖွဲ့မှ ခေါင်းဆောင် တဦးက “အဓိက ကျနော်တို့ပုံဖော်ချင်တာ ပြည်ထောင်စုနိုင်ငံတော်ကြီးပါ။ အခုက အဲဒီအနှစ် သာရပျောက်နေတယ်လေ။ လက်ရှိ နအဖပြောတဲ့ ရုဒ်မက်ဆိုတာလည်း ကျနော်ကတော့ မယုံဘူးဗျ၊ ဖြစ်လည်းဖြစ်လာမှာမဟုတ်ဘူး၊ အရင်တုန်းကလည်း သူတို့ ဒီလိုပဲ ပြောနေတာပဲ၊ ဖြစ်လာရင်လည်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီကို ပို့ဆောင်ပေးမှာမဟုတ်ဘူးလေ” ဟု ပြောသည်။ အာဏာပိုင်များက မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ခြင်းမရှိဘဲ အောင်ပွဲရ ကချင်ပြည်နယ် ဘောလုံးအသင်းအား ကြိုဆိုရန်အတွက် တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ထားကြောင်း သိရသည်။ |
|
Read more...
|
|
|
သုံးပွင့်ဆိုင် ဆွေးနွေးရန် ဒီချုပ် ထပ်မံတောင်းဆို |
|
သုံးပွင့်ဆိုင် ဆွေးနွေးရန် ဒီချုပ် ထပ်မံတောင်းဆို (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အဓိက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို ထပ်မံ တောင်းဆိုလိုက်သည်။ စစ်အစိုးရလက်ကိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များက အင်အားပြ ခံခဲ့ရသည့် အတိုက်အခံများ၏ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အများက မျှော်လင့်ထားသော စစ်အစိုးရက အခြေခံဥပဒေ မူကြမ်းကို မေလတွင် ဆန္ဒခံယူမည် ဆိုသော လတ်တလော ကြေညာချက်အပေါ် ဝေဖန်ချက်များ မပါဝင်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ စက်တင်ဘာ အရေးအခင်းအတွင်း အဖမ်းခံရသူများနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရေးတို့ကို ဖော်ပြထားသည်။ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးမှုများ ထူပြောနေသည့် ကာလတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အဖွဲ့ချပ်ဝင်များ၊ ဝါရင့် နိုင်ငံရေး သမားများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စုစုပေါင်း အင်အား (၆ဝဝ) ခန့် တက်ရောက်ခဲ့ကြပြီး ဆန္ဒပြမှု တရပ်ကိုလည်း အခမ်းအနားအပြီး ပြုလုပ်ခဲ့ကြသည်။ |
|
Read more...
|
|
|
ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပရေး ကြေညာချက်က ကုလသမဂ္ဂ ကြားဝင် ကြိုးပမ်းချက်ကို ပစ်ပယ်သလိုဖြစ် |
|
ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပရေး ကြေညာချက်က ကုလသမဂ္ဂ ကြားဝင် ကြိုးပမ်းချက်ကို ပစ်ပယ်သလိုဖြစ်၊ အတိုက်အခံတွေ ဝေဖန် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရဖက်က ကြေညာလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုတွေရေးကို ပစ်ပယ်လိုက်သလို ဖြစ်နေတယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန် ပြောဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ချက်တွေကိုပါ လက်မခံနိုင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ စစ်အစိုးရဖက်က အတည်ပြု ကြေညာလိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်ဆိုပြီးတော့လည်း ပြောဆိုကြပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ အကြောင်းစုံကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အသစ်ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရေးအတွက် လာမယ့် မေလမှာ နိုင်ငံတ၀ှမ်းလုံး လူထုဆန္ဒခံယူပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာပါတယ်။ အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ကို မသိဘဲနဲ့ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ကြေညာတာဟာ သိပ်ကို စောနေသေးတယ်လို့ ပြောဆိုပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ အံသြမိတယ်လို့လည်း ပြောပါတယ်။ |

မေလအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပရန် မြန်မာစစ်အစိုးရ ကြေညာ |
|
မေလအတွင်း လူထုဆန္ဒခံယူပွဲ ကျင်းပရန် မြန်မာစစ်အစိုးရ ကြေညာ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာ့အသံကနေ ဒီနေ့ညမှာ မြန်မာနိုင်ငံရဲ့ လမ်းပြမြေပုံ အဆင့် ၇ ဆင့်ရဲ့ ၄ ဆင့်မြောက်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို အခုနှစ် မေလအတွင်းမှာ ပြုလုပ်မယ်လို့ ကြေညာသွားတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ဒေါ်အေးအေးမာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့ကို ဗွီအိုအေ၀ိုင်းတော်သား ဦးသားညွှန့်ဦးက တိုက်ရိုက်ဆက်သွယ် မေးမြန်းထားပါတယ်။ မအေးအေးမာရေ၊ ဒီနေ့ည ကြေညာသွားတဲ့သတင်းလေးအကြောင်း ပြောပါအုံး။ - “ဟုတ်ကဲ့၊ မြန်မာစစ်အစိုးရရဲ့ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးရဲ့ လက်မှတ်နဲ့ ဒီနေ့ ထုတ်ပြန်ကြေညာချက်နှစ်ခု ထုတ်ပါတယ်။ တစ်ခုကတော့ ၁/၂၀၀၈ ပါ။ ဒီကြေညာချက်ထဲမှာတော့ ဒီနှစ် ၂၀၀၈ ခုနှစ် မေလထဲမှာ မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ကျင်းပသွားမယ် ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်။ နောက်တစ်ခုကတော့ ၂/၂၀၀၈ ကြေညာချက် ဖြစ်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ ၂၀၁၀ ခုနှစ်မှာဆိုရင်တဲ့ ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးသွားမယ် ဖြစ်ကြောင်းကို ကြေညာထားပါတယ်ရှင့်။” |
|
Read more...
|
|
|
ပင်လုံ လမ်းညွှန်မြေပုံနှင့် ပြည်ထောင်စု၏ ဓမ္မန္တရယ်နှစ်ပါး |
|
“ပင်လုံ လမ်းညွှန်မြေပုံနှင့် ပြည်ထောင်စု၏ ဓမ္မန္တရယ်နှစ်ပါး” (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) "မြန်မာများသည် ဗြိတိသျှ၏ ကျွန် မဖြစ်လို ၊ ထိုနည်းတူစွာ တောင်တန်း လူမျိုးများလည်း ဗြိတိသျှ ကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန် အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ...." (ဗိုလ်ချုပ်အောင်ဆန်း ) (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်) |
|
Read more...
|
|
|
|
<< Start < Prev 11 12 13 14 Next > End >>
|
| Results 81 - 88 of 107 |