|
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်-၂ |
|
|
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ဗြိတိန်တောင်းဆို |
|
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ဗြိတိန်တောင်းဆို (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင် ရေးအတွက် ဗြိတိန်နိုင်ငံက စစ်အစိုးရကို တောင်းဆိုလိုက်သည်။ “ပထမဆုံးအနေနဲ့ အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး တခြားနိုင်ငံရေးခေါင်းဆောင် တွေ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ၊ နောက်ဆက်တွဲ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပါဝင်ဆင်နွှဲခွင့်ပြုသင့်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မီလီဗင်က အောက်စ်ဖို့ဒ်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုသွားသည်။ |
|
Read more...
|
|
|
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဆုတောင်းပွဲ ကျောင်းသားလူငယ်များကျင်းပ
|
|
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆုတောင်းပွဲ ကျောင်းသားလူငယ်များကျင်းပ (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Wave) နှင့် Freedom Fighter အဖွဲ့မှ ကျောင်းသူ ကျောင်းသားများနှင့် နအဖ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသူများ၏မိသားစုဝင်များ ပူးပေါင်းကာ ယနေ့ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ စေတီ ပုထိုးများတွင် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းပွဲ ပြုလုပ်သည်။ “ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်တယ်။ (၉၃) နှစ်မြောက် မွေးနေ့ဖြစ်တယ်။ ဒါကို အစိုးရက လုံးဝဖော်ပြ အသိမှတ်ပြုထားခြင်း မရှိဘူး။ ရာဇ၀င်မှာ မှေးမှိန်သွားအောင် လုပ်နေတယ်။ ဒါကို ကျနော်တို့က မကျေနပ်လို့ ဗိုလ်ချုပ်မွေးနေ့ကို ဆုတောင်းတဲ့အနေနဲ့ ဘုရားမှာ ဆီမီးပူဇော် ကန်တော့တာပါ။ |
|
Read more...
|
|
|
ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အမှတ်ရစေဖို့ NLD က မြန်မာနိုင်ငံကလေးများနေ့ ကျင်းပ |
|
ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အမှတ်ရစေဖို့ NLD က မြန်မာနိုင်ငံကလေးများနေ့ ကျင်းပ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) ဒီကနေ့ဟာဆိုရင် မြန်မာ့တပ်မတော်ဖခင်လည်းဖြစ် အာဇာနည်ခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ဖြစ်သလို မြန်မာနိုင်ငံရဲ့ ကလေးများနေ့လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း တိမ်ကောပျောက်ကွယ်လာနေတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမိုင်းကြောင်းတွေကို သိနားလည်စေဖို့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကျင်းပခဲ့ကြပါတယ်။ ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။ မြန်မာ့တပ်မတော်ရဲ့ဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း (၆၁) နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့တာတွေကို အခုအချိန်မှာ တဖြည်းဖြည်း လျစ်လျူရှု မေ့လျော့ခံလာနေရတဲ့ အခြေအနေမျိုး ဆိုက်ရောက်နေတာမို့လည်း သူ့ကိုလေးစား ကြည်ညိုတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံရဲ့ ကလေးများနေ့အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့မွေးနေ့ကို ကျင်းပခဲ့ကြတာပါ။ ဒီလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြဖို့ ကျင်းပကြတဲ့အထဲမှာ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီလည်း အပါအ၀င်ဖြစ်ပါတယ်။ |
|
Read more...
|
|
|
အန်အယ်လ်ဒီလူငယ်များ ဆန္ဒပြ |
|
အန်အယ်လ်ဒီလူငယ်များ ဆန္ဒပြ (ဧရာဝတီသတင်းမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)  |
|
Read more...
|
|
|
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်မြောက်ရန် နအဖတွင် အဓိကတာဝန်ရှိဟု အန်အယ်လ်ဒီကြေညာ |
|
အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်မြောက်ရန် နအဖတွင် အဓိကတာဝန်ရှိဟု အန်အယ်လ်ဒီကြေညာ (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) အဖွဲ့ချုပ်ရုံး၌ကျင်းပသော ပြည်ထောင်စုနေ့ အခမ်း အနား တက်ရောက်သည့် တိုင်းရင်းသားအချို့ |
|
Read more...
|
|
|
ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ |
|
ကချင်ပြည်နယ်အတွင်း နအဖဆန့်ကျင်စာများ ဖြန့်ဝေ (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) ယနေ့ကျရောက်သော (၆၁) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကချင်ပြည်နယ်အတွင်းရှိ မြို့ကြီးများတွင် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ ပိုစတာများ ကပ်ခြင်းတို့ကို ကျောင်းသားလူငယ်များက ပြုလုပ်ကြသည်။ တိုင်းပြည်၏ အကျပ်အတည်းအား သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာသွားရန်နှင့် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အပါအ၀င် အချက် (၅) ချက်ပါ ကြေညာချက်ကို မြစ်ကြီးနား၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ်တို့တွင် ဖြန့်ဝေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ကချင်ပြည်နယ်အခြေစိုက် ကချင်ပြည်လုံးဆိုင်ရာ ကျောင်သားလူငယ်များအဖွဲ့မှ ခေါင်းဆောင် တဦးက “အဓိက ကျနော်တို့ပုံဖော်ချင်တာ ပြည်ထောင်စုနိုင်ငံတော်ကြီးပါ။ အခုက အဲဒီအနှစ် သာရပျောက်နေတယ်လေ။ လက်ရှိ နအဖပြောတဲ့ ရုဒ်မက်ဆိုတာလည်း ကျနော်ကတော့ မယုံဘူးဗျ၊ ဖြစ်လည်းဖြစ်လာမှာမဟုတ်ဘူး၊ အရင်တုန်းကလည်း သူတို့ ဒီလိုပဲ ပြောနေတာပဲ၊ ဖြစ်လာရင်လည်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီကို ပို့ဆောင်ပေးမှာမဟုတ်ဘူးလေ” ဟု ပြောသည်။ အာဏာပိုင်များက မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားပြုလုပ်ခြင်းမရှိဘဲ အောင်ပွဲရ ကချင်ပြည်နယ် ဘောလုံးအသင်းအား ကြိုဆိုရန်အတွက် တအိမ်တယောက် မတက်မနေရ ဆင့်ခေါ်ထားကြောင်း သိရသည်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 65 - 72 of 96 |