အဖွင့် စာမျက်နှာ
Saturday, 17 May 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော

ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်တွင်း၌ ထိပ်တိုက်တွေ့ရေး လမ်းစဉ်ကို ဆက်မလုပ်ဘဲ စစ်အစိုးရ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံသင့်သည်ဟု စစ်အစိုးရ အာဘော် သတင်းစာတွင် ယနေ့ ဖော်ပြလိုက်သည်။ စစ်အစိုးရ အာဘော်ကို ထင်ဟပ်စေသော မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်ကာဠု၏ “ဟုတ်ပါ့မလား၊ မောင်ကာဠု” ခေါင်းစဉ်ဖြင့် ရေးသားထားရာတွင် “ပြည်သူကို ယုံရင်၊ ဒီမိုကရေစီ အစစ်အမှန်ကို ယုံရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့က လွဲလို့ အခြား ဆူပူတာ၊ ထိပ်တိုက် ရင်ဆိုင်တာ၊ ပြည်ပနဲ့ ပေါင်းပြီး ပြည်တွင်းမှာ တိုက်ကွက်ဆင်တာမျိုး မလုပ်သင့်တော့ဘူး” ဟု ပါရှိသည်။ အမျိုးသား ညီလာခံကို ကျင်းပခဲ့ခြင်းမှာ ၁၉၄၇၊ ၁၉၇၄ အခြေခံ ဥပဒေ နေရာတွင် “ခိုင်မာကောင်းမြတ် ပြည်ဝစုံလင်သော အခြေခံ ဥပဒေ ရေးဆွဲရေး” အတွက် တရားဝင် ပါတီများ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆောင်ရွက်ရန် မူချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်းအပြင် ၁၉၉၃၊ အမျိုးသား ညီလာခံသို့ အန်အယ်ဒီမှ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စသော ခေါင်းဆောင်များအပြင်၊ အခြား အန်အယ်ဒီ ရွေးချယ်ခံ (၁ဝဝ) နီးပါး တက်ရောက်ခဲ့ပြီး အခြေခံမူ (၁ဝ၄) ချက် ချမှတ်ခြင်း၊ နိုင်ငံတော် သမတဆိုင်ရာ မူများ ရေးဆွဲခြင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု သတ်မှတ်ရေး အပိုင်းအထိ ပါဝင် ရေးဆွဲခဲ့သည်ဟု ဆိုထားသည်။

Read more...
 
ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်

ဒေါ်စု ရွေးကောက်ပွဲ ဝင်ခွင့်မရ ဆိုခြင်းအပေါ် အဖွဲ့ချုပ်တုံ့ပြန်
(မဇ
္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင် အရွေးခံခွင့်မရှိ ဟူသော ပြောဆိုချက်အပေါ် “ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်” ဟု ဆိုကာ စစ်အစိုးရအ နေဖြင့် ပြောပိုင်ခွင့် မရှိဘဲ ပြောခြင်းဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ တုံ့ပြန်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာသော မြန်မာနိုင်ငံသားတဦး ဖြစ်သဖြင့် ယခု ပြောဆိုမှုသည် ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး ထိုးချက်နှက် ဖြစ်သည်ဟု အဖွဲ့ချုပ်က ပြောသည်။ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ဒီလို ပြောကြားခြင်းဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မရှိ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေလည်း မရှိသေးတဲ့ အချိန်မှာ ပြောပိုင်ခွင့် မရှိတဲ့ ပုဂ္ဂိုလ်တဦးက ပြောတာ ဖြစ်တယ်။ အခုလို ပြောကြားခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ ထိုးနှက်ချက်ဖြစ်ပြီး ပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့ ပြောဆိုချက် ဖြစ်တယ်” ဟု ပြောသည်။  ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရှိခြင်း၊ မရှိခြင်း ကိစ္စသည် ရွေးကောက်ပွဲ ဥပဒေအရ (သို့မဟုတ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြောမည်ဖြစ်ပြီး ဥပဒေ မရှိသေးသော အချိန်တွင် ပြောကြားခြင်းသည်  ပြောပိုင်ခွင့်မရှိဘဲ ပြောခြင်းဟုလည်း ဦးဥာဏ်ဝင်းက ပြောသည်။

Read more...
 
ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ်

ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

လာမယ့် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပေးဖို့  မြန်မာစစ်အစိုးရက ဆုံးဖြတ်ချက်ချလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေဘက်က စိုးရိမ်ပူပန်နေတဲ့အကြောင်းပြော လိုက်ပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲ ပြီးစီးပြီလို့ မနေ့တုံးက မြန်မာစစ်အစိုးရက ကြေငြာတဲ့နောက်ပိုင်းမှာ အခုလိုမျိုး တုန့်ပြန် ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။ အာဆီယံနိုင်ငံတွေရဲ့ ထုံးစံအတိုင်း တယောက်ရဲ့မူဝါဒကို နောက်တယောက်က ၀င်ပြီးတော့ မစွက်ဖက်ဘူးလို့ဆိုတဲ့ မူဝါဒကတော့ ဆက်ပြီးတော့ ဆုပ်ကိုင်ထားကြတုံးပါပဲ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နာအိုးမိ မာတစ် (Naomi Martig) ဟောင်ကောင်ကနေ သတင်းပေးပို့ထားတာကို ဦးကျော်အောင်လွင်က တင်ပြထားပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အ၀င်မခံဘူးဆိုတဲ့ကိစ္စဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ ဒေသတွင်းနိုင်ငံရေးအခင်းအကျင်း၊ မြန်မာပြည်ထဲက နိုင်ငံရေးအခင်းအကျင်းတွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊ လွဲချော်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီး George Yeo က မနေ့တုံးက ပြောလိုက်ပါတယ်။ စင်ကာပူနိုင်ငံဟာ လက်ရှိ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌနိုင်ငံဖြစ်ပြီးတော့ အခု အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးလည်း စင်ကာပူမှာပဲ ကျင်းပနေတာပါ၊

Read more...
 
အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးကြောင်း စစ်အစိုးရကြေညာ၊ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်မပေး

အခြေခံဥပဒေမူကြမ်း ရေးဆွဲပြီးကြောင်း စစ်အစိုးရကြေညာ၊
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ  ၀င်ခွင့်မပေး

(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာစစ်အစိုးရက ဦးစီးကျင်းပ ရေးဆွဲနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲလာတာ ပြီးဆုံး သွားခဲ့ပါပြီလို့ အခုည မြန်မာ့အသံ ရေဒီယိုထုတ်လွှင့်ချက်တွေမှာ ဖော်ပြထားပါတယ်။ မူကြမ်းရေးဆွဲပြီးသွားတဲ့အခါ နောက်လာမယ့် မေလကျရင် ပြည်သူလူထုရဲ့ ဆန္ဒခံယူပွဲမှာ အဲဒီမူကြမ်းကို အတည်ပြုရေးလုပ်မယ်၊ ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ နောက်တကြိမ်ထပ်ကျင်းပမယ်လို့ မကြာခင်တုန်းကပဲ မြန်မာစစ်အစိုးရက ကြေညာထားတာပါ။ ၁၉၉၀ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲတခုကို မြန်မာပြည်မှာ စစ်အစိုးရကပဲ ဦးစီး ကျင်းပပေးခဲ့ပါတယ်။ အဲဒီတုန်းက အန်န်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ဟာ အခုအချိန်အထိ အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေခဲ့တာပါ။

Read more...
 
နေအိမ်အကျယ်ချုပ်ခံရသူ NLD ဒုက္ကဌ ဦးတင်ဦး နှလုံးရောဂါအထူးကုဆရာဝန် ဆေးစစ်မှုခံယူ

နေအိမ်အကျယ်ချုပ်ခံရသူ NLD ဒုက္ကဌ ဦးတင်ဦး နှလုံးရောဂါအထူးကုဆရာဝန် ဆေးစစ်မှုခံယူ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

နေအိမ်မှာ အကျယ်ချုပ် ချခံထားရတဲ့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို ဒီကနေ့ ရန်ကုန်နေအိမ်မှာပဲ နှလုံးရောဂါ အထူးကု ဆရာဝန်တဦးနဲ့ ပေးတွေ့ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဦးတင်ဦးကို နောက်ထပ် နေအိမ်အကျယ်ချုပ်ထားဖို့ မြန်မာအာဏာပိုင်တွေကနေ သက်တမ်းတနှစ် တိုးမြှင့်ထားတာပါ။ ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ ဘယ်တွေများကြားလဲ၊ စုံစမ်းမေးမြန်းထားသလောက် ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ရန်ကုန်က သူ့ကို အကျယ်ချုပ် ထိန်းသိမ်းထားတဲ့ နေအိမ်ကို နှလုံးရောဂါအထူးကု ဆရာဝန် ဒေါက်တာစန်းလွင် သွားရောက်ခဲ့တယ် ဆိုတဲ့သတင်းကို ဒီဘီအေ သတင်းတရပ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘာကြောင့်လဲ ဘာရောဂါလဲ ဆိုတာတွေ အသေးစိတ်ကိုတော့ မသိရပါဘူး။ ပြည်ပရောက်နေတဲ့ သားဖြစ်သူ ကိုသန့်စင်ဦးကိုမေးတော့ လက်ရှိ အခြေအနေကို သူ မသိရပေမယ့် - ဒီမတိုင်ခင်ကတော့ ဆေးစစ်မှုခံယူဖို့ အာဏာပိုင်တွေကို စာနဲ့ရေး တင်ထားတာ ရှိတယ်လို့တော့ ဗွီအိုအေကို ပြောပြပါတယ်။ ဦးတင်ဦးမှာ အရင်ကတော့ သေနတ်ဒဏ်ရာကနေ ရတဲ့ ခြေထောက်မှာ သွေးပြန်ကြောထုံးတဲ့ ရောဂါမျိုးတော့ ရှိထားတယ်လို့ ကိုသန့်စင်ဦးက ပြောပြပါတယ်။ “ခြေထောက် သွေးပြန်ကြောထုံးတဲ့ရောဂါတော့ ပြန်ဖြစ်နိုင်တယ်။ အဲဒါကတော့ ကျည်ဆံထိပြီး နောက်ပိုင်း ဖြစ်တဲ့ဒဏ်ရာပေါ့။ ကြာပြီပေါ့ ဟိုးအရင်ကတည်းက ရှိတဲ့ရောဂါ။ တော်တော် သတိထားပြီးတော့ ဆေးလိမ်းပေးရတယ်။ ခြေထောက်မှာ ပတ်တီးအကြပ်လိုဟာမျိုး၊ ခြေစွပ်လိုဟာမျိုးကို အမြဲတမ်း စွပ်ထားရတယ်။ အဲဒါတော့ ရှိတာပေါ့။”

Read more...
 
ရာဇသံ

ရာဇသံ

ကိုးဆယ်ပြည့်နှစ်  ရွေးကောက်ပွဲကို
အငြိုးသဖွယ် ညစ်လို့ ဘေးရောက်သွားအောင်
တမျိုးဖယ်ပစ်ဖို့ မကြိုးစားပါနဲ့ ...
ဒို့အသည်းကြားက မဲတပြားကို
တရွေးသားမှ မလျှော့နိုင်ဘူးဟဲ့။

ရွေးကောက်ပွဲရဲ့ ရလဒ်များကို
မှေးမှိန် ပျောက်လို့ အဆုံးသတ်သွားအောင်
သေးသိမ်နှောက်ဖိုဏ္ဍ မစဉ်းစားပါနဲ့ ...
ဒို့အသည်းကြားက မဲပြားအထက်မှာ
အသက် သွေးချွေးတွေ စတေး ထားလေရဲ့။

Read more...
 
ဖဒိုမန်းရှာ လုပ်ကြံခံရ၍ ကွယ်လွန်

ဖဒိုမန်းရှာ လုပ်ကြံခံရ၍ ကွယ်လွန်
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 49 - 56 of 96
 
Top! Top!