|
၁၉၉၀ ပြည့် စိတ်ဓာတ်နဲ့ တွေ့ဦးမည် |
|
၁၉၉၀ ပြည့် စိတ်ဓာတ်နဲ့ တွေ့ဦးမည် (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) ကျနော့်အနေနှင့်သာဆိုလျှင် ထောက်ခံမဲပုံးနှင့် ကန့်ကွက်မဲပုံးတို့၏ အကြား၌ "အကြံပြုစာပုံး"တပုံးကိုပါ ယှဉ်တွဲ၍ ထားလိုက်စေချင် သေးတော့သည်။ ဗိုလ်ချုပ် (၁၀၀)လောက် ခေါင်းခဲအောင် စဉ်းစားနေရသည့် အကျပ်အတည်းကို သန်း(၅၀)မျှ သော ပြည်သူများက ရိုးရှင်းစွာဖြင့် ၀ိုင်းဝန်း စဉ်းစားပေးကြပါလိမ့်မည်။ သို့မှသာ လူထု၏ တကယ့် ဆန္ဒ အစစ်အမှန်ကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည် ကောင်းစားရေးအတွက် သန်းနှင့်ချီသည့် အကြံပြုစာများကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည်၏ တကယ့် အခြေအနေမှာ လူထု၏ ဆန္ဒတခုတည်းကို ခံယူရုံမျှဖြင့် အလုံးစုံ ပြည့်စုံပြီဟု မဆိုသာ။ လူထု၏ အမြင်၊ လူထု၏ သဘောထားတို့ကို ရယူရုံမျှမက၊ လူထု၏ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိပါမှသာ ပြီးပြည့်စုံနိုင်မည်ဟု ထင်မိသည်။ လူထုဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ လူအများကြားတွင် ခံစားချက် (၁)ခုနှင့် အယူအဆ (၂)ခု တပြိုင်တည်း ဖြစ်ပေါ် နေသည်ကို တွေ့ရှိရပါသည်။ ခံစားချက်(၁)ခု ဆိုသည်မှာ စစ်အစိုးရက စိဉ္စမာနဉာဏ်ကို သုံး၍ အကောက်ကြံ ဦးတော့မည် ဆိုသည်ကို ဒက်ကနဲသိ၍ ကြိတ်မနိုင်ခဲမရ ဒေါသသင့်ကြရခြင်း ဖြစ်ပါသည်။ အယူအဆ (၂)ခုမှာ ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ "လုံးဝမသွားဘဲ နေခြင်း" ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းနှင့် မဲရုံသို့ သွား၍ "ကန့်ကွက်မဲ ပေးကြခြင်း" ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်း ဖြစ်ပါသည်။ |
|
Read more...
|
|
|
စစ်အစိုးရကို အန်အယ်ဒီ တရားစွဲ၊ ပယ်ချခံရ |
|
စစ်အစိုးရကို အန်အယ်ဒီ တရားစွဲ၊ ပယ်ချခံရ (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော် ဖွဲ့စည်းပေးရေး ပျက်ကွက်ခဲ့သည့် စစ်အစိုးရကို ယနေ့ တရားစွဲဆိုရာ တထိုင်တည်းနှင့်ပင် တရားရုံးချုပ်က ပယ်ချလိုက်သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ ၁/၉ဝ အပိုဒ် ၁၂ နှင့် ၈၉ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃ တို့အရ ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရန် နဝတ (ယခင်အမည်) အစိုးရ ကိုယ်တိုင် ပေးထားခဲ့သည့် ကတိကို လက်ရှိအာဏာရ နအဖ အစိုးရက ယနေ့အချိန်ထိ ဖြည့်ဆည်းပေးခြင်း မရှိသောကြောင့် အဖွဲ့ချုပ် တာဝန်ရှိသူ ၄ ဦး က တရားရုံးချုပ်တွင် အစိုးရကို ယနေ့တွင် တရားစွဲဆိုရာ တထိုင်တည်း ပယ်ချခံရခြင်း ဖြစ်သည်။ “တရားသွားစွဲတာ ကျနော်တို့ နေ့ခင်း ၁၂ နာရီလောက် ရောက်ပါတယ်။ ဟိုက်ကုတ်က လက်ထောက် ညွှန်ကြားရေးမှူးက ကျနော်တို့ လျှောက်လွှာကို ကြည့်ပါတယ်။ ကြည့်ပြီး ဘာမှမပြောဘဲ ထွက်သွားတာ တနာရီ၊ တနာရီခွဲလောက် ကြာပါတယ်။ ပြန်လာတော့မှ ကျနော်တို့ လျှောက်လွှာကို လက်မခံဘူး ပြောတယ်” ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ တရားရုံးချုပ်သို့ သွားရောက် တရားစွဲဆို ခဲ့သူများမှာ NLD ဥက္ကဌ ဦးအောင်ရွှေ၊ NLD ရှေ့နေကြီး ဦးကြည်ဝင်း၊ NLD ရှေ့နေကြီး ဦးအောင်သိန်း၊ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းတို့ ဖြစ်ကြသည်။ |
|
Read more...
|
|
|
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆန္ဒခံယူပွဲဥပဒေ အကျိုးမပြု |
|
အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆန္ဒခံယူပွဲဥပဒေ အကျိုးမပြု (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာစစ်အစိုးရက မေလထဲကြရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အခြေခံဥပဒေ မူကြမ်းတရပ်ကို အတည်ပြုဖို့ စီစဉ်နေတာတွေဟာ နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှုတွေအတွက် အထောက်အကူ မဖြစ်နိုင်ဘူး၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေနိုင်တယ်ဆိုပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ထပ်မံသတိပေး ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ဒီလို ဆန္ဒခံယူပွဲတွေ လုပ်ဖို့အတွက် ဥပဒေတရပ် ထုတ်ပြန် ကြေညာလိုက်အပြီး အခုလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲတွေ ကျင်းပဖို့ စီစဉ်နေတာဟာ တဖက်သတ် ဆောင်ရွက်ချက်ဖြစ်တယ်၊ အရင့်အရင်က ပေးခဲ့တဲ့ ကတိက၀တ်တွေကိုတောင် အကောင်အထည် ဖော်ပေးနိုင်တာမျိုးတွေ မရှိတာကြောင့် အခုဆောင်ရွက်ချက်တွေဟာလည်း ယုံကြည်လက်ခံနိုင်ဖို့ ခက်ခဲနေတယ် ဆိုပြီး အန်န်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် အတိုက်အခံ အန်န်အယ်လ်ဒီဘက်က ဆန့်ကျင်ကန့်ကွက်မှုတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေတာပါ။ အခုလည်းပဲ အာဏာပိုင်တွေဘက်က ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဆောင်ရွက်မယ့် ကိစ္စတွေကို ထုတ်ပြန်ကြေညာခဲ့အပြီး အန်န်အယ်လ်ဒီဘက်က အထူးကြေညာချက် တစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာပါ။ ဥပဒေကြောင်းအရရော၊ အရင့်အရင်က ပျက်ကွက်ခဲ့တဲ့ ကတိတွေကြောင့်လည်း အခုလို ကန့်ကွက်စရာ၊ မေးခွန်းထုတ်စရာတွေ ရှိနေရတာပါလို့ အန်န်အယ်လ်ဒီ အထူး ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဆိုပါတယ်။ |
|
Read more...
|
|
|
ဆန္ဒခံယူပွဲအစီအစဉ် အန်အယ်လ်ဒီ ပယ်ချ |
|
ဆန္ဒခံယူပွဲအစီအစဉ် အန်အယ်လ်ဒီ ပယ်ချ (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) နအဖ စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဆောက်ရွက်ချက်များသည် သဖက်သတ် လုပ်ဆောင်မှုများ ဖြစ်ပြီး အများပြည်သူလက်ခံနိုင်ခြင်းမရှိသောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေသည်ဟု အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်သည်။ “၁ / ၉၀ ကြေညာချက်၏ အပိုဒ် ၂၀ တွင် ယနေ့အချိန်၌ ပြည်သူများကရွေးကောက်လိုက်သောကိုယ်စားလှယ် များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကြရန် တာဝန်ရှိသည့်ပုဂ္ဂိုလ်များ ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အများစုမှာ ရေးဆွဲခဲ့ရခြင်းမရှိပါ” ဟု အန်အယ်လ်ဒီ ပါတီက ယနေ့ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။ ၎င်းအပြင် အခြေခံဥပဒေမူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် ဥက္ကဌသည် အမျိုးသား ညီလာခံ လုပ်ငန်းကော်မတီ ဥက္ကဌနှင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးကော်မရှင် ဥက္ကဌနှင့်လည်းကောင်း တဦးတည်းဖြစ်နေသည့်အပြင် ကော်မရှင်အဖွဲ့ဝင်များသည် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သူများဖြစ်သည်ဟု ကြေညာ ချက်က ဆိုသည်။ |
|
Read more...
|
|
|
နအဖ၏ ဆန္ဒခံယူပွဲဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဝေဖန် |
|
နအဖ၏ ဆန္ဒခံယူပွဲဥပဒေကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဝေဖန် (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) စစ်အစိုးရက ထုတ်ပြန်လိုက်သော ပြည့်သူ့ဆန္ဒခံယူပွဲ ဥပဒေအား (စီအာပီပီ) ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်က လာမည့်မေလတွင် ပြုလုပ်မည့် ပြည်သူ့ဆန္ဒ ခံယူပွဲသည် လက်ရှိကြုံတွေ့နေသော နိုင်ငံရေး၊ စီးပွားရေးအပါအ၀င် တိုင်းရင်းသား ပြဿနာ များကို ဖြေရှင်းမည့် အဆင့်တခု မဟုတ်ဘဲ မလုပ်သင့် မလုပ်ထိုက်သည်များကို လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ပြောသည်။ ၎င်းက “တကယ် လုပ်သင့် လုပ်ထိုက်တဲ့အလုပ်ကို မလုပ်ဘဲနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်ကို လုပ်နေတာ။ တကယ်လုပ်ရမှာက ဒီနေ့ တွေ့ဆုံဆွေးနွေးရေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးကို တကယ် အလေးအနက်ထား လုပ်ဆောင်ရမယ့်အစား တဖက်သတ်ချထားတဲ့ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွေကို ဟန်ပြ လုပ်နေတယ်လို့ပဲ ကျနော် ပြောချင်တယ်” ဟု ပြောသည်။ ယမန်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ကြေညာချက်အမှတ် ၃/၂၀၀၈တွင် လာမည့်မေလ၌ ကျင်းပမည့် ဆန္ဒခံယူပွဲအတွက် ဦးအောင်တိုး ခေါင်းဆောင်သည့် အဖွဲ့ဝင် (၄၅) ဦးပါ ကော်မရှင်တရပ်ကို ဖွဲ့စည်းလိုက်ကြောင်းနှင့် မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖော်ပြထားသည်။ |
|
Read more...
|
|
|
ဆန္ဒခံယူပွဲကို နှောက်ယှက်လျှင် ထောင်ချမည့် ဥပဒေ စစ်အစိုးရထုတ်ပြန် |
|
ဆန္ဒခံယူပွဲကို နှောက်ယှက်လျှင် ထောင်ချမည့် ဥပဒေ စစ်အစိုးရထုတ်ပြန် (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) စစ်အစိုးရက ကမကထလုပ်မည့် ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော် လုပ်ဆောင်သူများကို ထောင်ဒဏ် ချမှတ်မည့် ဥပဒေသစ်တရပ် ယမန်နေ့က ပြဌာန်းလိုက်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး၍ ထုတ်ပြန်သော ဥပဒေအမှတ် ၁/၂ဝဝ၈၊ ဥပဒေတွင် အခန်း (၁၂) ခန်း ပါဝင်ပြီး၊ အခန်း (၁ဝ)၊ ပုဒ်မ (၂၄-ဇ) တွင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးမည်ဟု ပါရှိသည်။ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပျက်ပြားစေရန် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံပြင်ပ၌ ဖြစ်စေ အများ ပြည်သူတို့နှင့် သက်ဆိုင်သော နေရာ၌ဖြစ်စေ၊ ပုဂ္ဂလိက ပိုင်နေရာ၌ ဖြစ်စေ၊ ဟောပြောခြင်း၊ စာရွက်စာတမ်း ကမ်းလှမ်းခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် မဲဆန္ဒပေးခြင်းကို အခြားတနည်းဖြင့် နှောက်ယှက်” လျှင် ထောင်ဒဏ် (၃) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်မည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ တကြိမ်ထက် မဲပေးခြင်း၊ ဆန္ဒမဲ လက်မှတ်အတုကို လက်ဝယ် ထားရှိခြင်း၊ ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်း၊ ဆန္ဒမဲ လက်မှတ်ကို မဲရုံပြင်ပသို့ ယူဆောင်ခြင်း၊ မဲပုံးကို အခွင့်အရေး မရှိဘဲဖွင့်ခြင်း၊ ဖျက်ဆီးခြင်း၊ မဲရုံကို ဖျက်ဆီးခြင်း၊ ကော်မရှင်အဖွဲ့က ထုတ်ပြန်သော စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ပါက ပုဒ်မ (၂၄) ကို ချိုးဖောက်မှု ဖြစ်သည်ဟု ဆိုသည်။ |
|
Read more...
|
|
|
မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံခြားရေးမူ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မည် |
|
မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံခြားရေးမူ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မည် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးထက် အမျိုးသားစီးပွားရေး အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ရမှာဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့ တခြားရွေးချယ်စရာလမ်း မရှိတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နိုပတ်ဒ်ဒွန် ပတ်တာမာ (Noppadon Pattama) က မနေ့က ပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် လူ့အခွင့်ရေး ကိစ္စတွေထက် စီးပွားရေးကို ပိုပြီး ဦးစားပေးရလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရင်က အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမူရော၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဆက်ဆံရေးမူရော နှစ်ခုစလုံးကို ကျင့်သုံးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နိုပတ်ဒ်ဒွန် ပတ်တာမာက ပြောဆိုပါတယ်။ အခု ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံ အချင်းချင်း ချဉ်းကပ်တဲ့မူကိုပဲ ကျင့်သုံးသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 41 - 48 of 96 |