အဖွင့် စာမျက်နှာ
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
We have 1 guest online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးကြဖို့ NLD ပန်ကြား

ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးကြဖို့ NLD ပန်ကြား
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

NLD ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာပြည်သူတွေကို လာမယ့် မေလကျင်းပမယ့် လူထု ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတွေပေးကြဖို့ ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ NLD ပါတီက အထူး ပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်ကို ထိုင်းနိုင်ငံအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာ စစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူလူထု ကိုယ်စားလှယ်တွေ ရေးဆွဲထားခြင်း မဟုတ်တာကြောင့် ဖွဲ့စည်းပုံကို အတည် ဖြစ်စေမယ့် လူထု ဆန္ဒခံယူပွဲကြီးမှာ ကန့်ကွက်မဲ ထည့်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့  ပြည်သူတွေကို ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်း ရသလဲလို့ မေးတဲ့ အခါမှာတော့ အထူးပြန်ကြားရေးအဖွဲ့ဝင် ဦးသိန်းညွန့်က--

Read more...
 
ဆန္ဒခံယူပွဲမူဝါဒ အန်န်အယ်လ်ဒီ မကြာမီ ကြေညာမည်

ဆန္ဒခံယူပွဲမူဝါဒ အန်န်အယ်လ်ဒီ မကြာမီ ကြေညာမည်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မကြာခင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုဖို့ မြန်မာစစ်အစိုးရက ပြင်ဆင်နေတဲ့ အခြေခံဥပဒေ မူကြမ်းတရပ် ထွက်ပေါ်လာတာနဲ့အမျှ ဒီအပေါ်မှာ အခြေအတင်ဝေဖန် ပြောဆိုမှုတွေလည်း ထွက်ပေါ် လာနေပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံထဲက အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) လည်း အပါအ၀င် ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မေလထဲမှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲက တဆင့် အတည်ပြုဖို့ရှိတဲ့ ဒီအခြေခံဥပဒေမူကြမ်း အခုရက်ပိုင်းအတွင်း ထွက်ပေါ်လာနေရာမှာ ဒီအထဲက အသေးစိတ် အချက်အလက်တွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) အနေနဲ့ သဘော မတူနိုင်စရာတွေ ရှိနေတာပါ။ ဒီအခြေခံဥပဒေမူကြမ်းအရဆိုရင် ပါတီခေါင်းဆောင်တဦးလည်းဖြစ်၊ ထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံရေးမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့ရဖို့ ရှိနေပါတယ်။ အန်န်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ ဒီလိုချုပ်ချယ် ကန့်သတ်မှုဟာ အစဉ်အလာတော့ မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

Read more...
 
ဝမ်းနည်းကြောင်းသ၀ဏ်လွှာ

ဝမ်းနည်းကြောင်းသ၀ဏ်လွှာ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းသည် စင်္ကာပူနိုင်ငံဆေးရုံတွင် အစာအိမ်ကင်ဆာရောဂါကို ဆေးကုသမှုခံယူနေစဉ် ၂၀၀၈ ခုနှစ်။ မတ်လ(၂၈)ရက်နေ့ညနေတွင် ကွယ်လွန်သွားကြောင်း ကြားသိခဲ့ရသဖြင့် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ အထူးဝမ်းနည်း ကြေကွဲမိပါသည်။ ဦးမြင့်သိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲစည်းခဲ့စဉ်မှစ၍ ပါဝင်လာခဲ့သူတစ်ဦးဖြစ်ပြီး အဖွဲ့ချုပ် တာဝန် အဆင့်ဆင့်တို့ကို ကျရာနေရာမှ ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ နိုင်ငံရေးအရ အတွေ့အကြုံပြည့်ဝပြီး အဖွဲ့ချုပ်အပေါ် သစ္စာစောင့်သိခိုင်မြဲသူ။ အခက်အခဲမှန်သမျှကို မတုန်မလှုပ် ကျော်ဖြတ်နိုင်သူ။ မြန်မာပြည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးအတွက် ပြည်သူလူထုရှေ့မှ မှားမှားမှတ်မှတ်ရပ်တည်ရင်း ကိုယ်ကျိုးမဖက် အနစ်နာခံဆောင်ရွက်ခဲ့သော ခေါင်းဆောင်ကောင်း တစ်ဦးလည်းဖြစ်သည်၊

ထိုသို့ လေးစားဂုဏ်ယူဖွယ်ကောင်းသော ခေါင်းဆောင်ကောင်းတစ်ယောက် ရုတ်တရက် မမျှော်လင့်ဘဲ ကွယ်လွန်သွားသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်းကောင်း။ မြန်မာပြည်သူလူထုအတွက် လည်းကောင်း ကြီမားသော ဆုံးရှုံးမှုတရပ်ဖြစ်သည်။ ယခုကဲသို့အရေးကြီးသော အချိန်အခါသမယတွင် ဆုံးရှုံး လိုက်ရသည့် အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်-လွတ်မြောက်နယ်မြေ(နော်ဝေ)ဌာနခွဲမှ များစွာထိခိုက် ခံစားမိရပါသည်။ ဦးမြင့်သိန်းသည် သမိုင်းပေးတာဝန်များကို ကျေပြွှန်စွာ ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူလူထုအပေါ်ထားရှိသော စေတနာနှင့် လုပ်ဆောင်ချက်များကို အမြဲအမှတ်ရ နေမည်ဖြစ်ပြီး သူ့အမည်နာမနှင့် လုပ်ရှားမှုသမိုင်းတို့ကို အမှတ်ရအတုယူလျက် သူမျှော်မှန်းခဲ့သော ဒီမိုကရေစီ ပန်းတိုင်ကြီးသို့ရောက်သည့်တိုင် ဆက်လက်တိုက်ပွဲ ၀င်သွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။။

ဦးမြင့်သိန်း ကောင်းရာသုဂတိ လားပါစေ၊

၂၀၀၈ခုနှစ်။ မတ်လ(၂၉)ရက်၊

 
အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန်

အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန်
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းဟာ ဒီကနေ့ ညနေပိုင်းမှာပဲ အစာအိမ် ကင်ဆာနဲ့ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဦးမြင့်သိန်းရဲ့ သားဖြစ်သူက အဲန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းဆီကို ပြောဆိုတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။ စင်ကာပူမှာ ဦးမြင့်သိန်းရဲ့ ကျန်းမာရေးကို အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူ တစ်ဦးကလည်း ဦးမြင့်သိန်း ကွယ်လွန်တဲ့အကြောင်းကို ဗီအိုအေကို အတည်ပြုချက် မကြာခင်က ပေးခဲ့ပါသေးတယ်။ ဦးမြင်သိန်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးမြင့်သိန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဖမ်းအဆီးခံခဲ့ရပြီးတဲ့နောက်ပိုင်း ရောဂါအခြေအနေ ပိုပြီးတော့ ဆိုးရွားလာလို့ စင်ကာပူမှာ ဆေးဝါးကုသခံယူနေတုန်း အခုလို ကွယ်လွန်သွားခဲ့ရတာပါ။ ဦးမြင့်သိန်း ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိ ဦးဉာဏ်ဝင်းက ဗီအိုအေကို အခုလို မှတ်ချတ်ချ ပြောဆိုပါတယ်။

Read more...
 
အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ်

အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ်
(ဧရာဝတီအင်တာနက်မဂ
္ဂဇင်းမှ ကူးယူဖော်ပြသည်)

ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် ရည်ရွယ်ပြုလုပ်သည့် ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။ လူဦးရေ ၃၀ ခန့်ပါဝင်သည့် ဆန္ဒပြသမားများသည့် “NO” ဟူသောစာသားပါဝင်သည့် ၀တ်စုံကိုဝတ်ဆင်၍ ကမ္ဘာ့ကုလသမဂ္ဂအလံနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအလံများကိုလွှင့်ထားကာ စစ်အစိုးရ၏ အခြေခံဥပဒေကို လက်မခံကြရန်နှင့် စစ်ကျွန်ဘ၀သို့မရောက်စေရန် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးကြရန် စသည်တို့ကို ကြွေးကြော် ဆန္ဒပြကြသည်ဟု အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။

 အန်အယ်လ်ဒီ ဌာနချုပ်ရှေ့က ဆန္ဓပြပွဲ
Read more...
 
အန်န်အယ်လ်ဒီ ပြည်နယ်နဲ့တိုင်းတချို့ ဆန္ဒခံယူပွဲ ကန့်ကွက်ဖို့ စိုင်းပြင်း

အန်န်အယ်လ်ဒီ ပြည်နယ်နဲ့တိုင်းတချို့ ဆန္ဒခံယူပွဲ ကန့်ကွက်ဖို့ စိုင်းပြင်း
(
ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးဖို့ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို သပိတ်မှောက်ဆန့်ကျင် သင့်သလား၊ သွားပြီးကန့်ကွက်မဲ ပေးသင့်သလားဆိုတဲ့ အယူအဆတွေကြားမှာ နိုင်ငံရေးအဖွဲ့အများစုကတော့ လူတွေ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်ကြတာ တွေ့ရပါတယ်။ အဓိကနိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကတော့ ဒီဆန္ဒခံယူပွဲကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ တိတိကျကျ သဘောထားထုတ်ပြန်မှု မတွေ့ရသေးပေမယ့် ကျန်တိုင်းနဲ့ပြည်နယ်တချို့က အဖွဲ့ဝင်တွေနဲ့ လူထုကတော့ ကန့်ကွက်မယ်ဆိုပြီး သဘောထားတွေ ထွက်ပေါ်လာနေပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မေလထဲကြရင် ကျင်းပဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီဗဟိုက အခုအချိန်အထိ တိတိကျကျ ထုတ်ပြန်ပြောဆိုတာတွေ မရှိသေးတဲ့အချိန်မှာပဲ တိုင်းနဲ့ပြည်နယ်တချို့က အဖွဲ့ဝင်တွေဆီက အခုလို ဆန့်ကျင်တဲ့သဘောထားတွေ ထွက်ပေါ်လာနေတာပါ။ အခုကျင်းပဖို့ ပြင်ဆင်နေတဲ့ လူထုဆန္ဒခံယူပွဲဟာ သက်ဆိုင်သူတွေမပါဝင်ဘဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုမှာဖြစ်တယ်၊ ဒါ့အပြင် ဒီမိုကရေစီ အခြေခံတွေလည်း ကင်းမဲ့နေတယ် စတဲ့အကြောင်းအရာတွေကို အခြေခံပြီး ကန့်ကွက်ဖို့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ အခုနောက်ဆုံးဆိုရင်လည်း အန်န်အယ်လ်ဒီ အများစုပါဝင်တဲ့ တိုင်းနဲ့ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်အပြီး သူတို့ရဲ့သဘောထားတွေကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဒီလိုဆုံးဖြတ်သူတွေထဲမှာ ပါဝင်သူတဦးကတော့ ရခိုင်ပြည်နယ် ဂွမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ဖြစ်ပါတယ်။

Read more...
 
ဗဟိုဆုံးဖြတ်ချက်မပါဘဲ ကော်မတီဖွဲ့စည်းခြင်းသည် စည်းကမ်းချိုးဖောက်ရာရောက်ဟု အန်အယ်လ်ဒီပြော

ဗဟိုဆုံးဖြတ်ချက်မပါဘဲ ကော်မတီဖွဲ့စည်းခြင်းသည် စည်းကမ်းချိုးဖောက်ရာရောက်ဟု အန်အယ်လ်ဒီပြော
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ထုတ်ပြန် လိုက်ခြင်းသည် အဖွဲ့ချုပ်၏စည်းကမ်းစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။ အန်အယ်လ်ဒီမှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က “ဒီလိုလုပ်သွားတာကတော့ အဖွဲ့ချုပ်ရဲ့စည်းကမ်းစည်းမျဉ်းကို ဖောက်တာလို့ပြောလို့ရတယ်။ ကျနော်တို့အနေနဲ့ စုံစမ်းနေ တုန်းပဲရှိပါသေးတယ်။ ဗဟိုဆုံးဖြတ်ချက်အနေနဲ့ လုပ်တာမဟုတ်ပါဘူး။ ဘယ်သူလုပ်တယ်ဆို တာ ကျနော်တို့မသိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့အန်အယ်လ်ဒီအဖွဲ့ဝင်တွေထဲကပဲ ဖြစ်လိမ့် မယ်လို့ထင်ပါတယ်။ ဆန္ဒစောပြီး ကိုယ့်ဖာသာ လုပ်သွားကြတာလားဆိုတာ ကျနော်တို့လည်းနား မလည်ဘူး” ဟု ပြောသည်။ ယခုလ (၁၈) ရက်စွဲဖြင့် ထုတ်ပြန်သည့် လူထုလှုပ်ရှားမှုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေညာချက်တွင် စစ်အစိုးရက အခြေခံဥပဒေကို လာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည်ဆိုခြင်းသည် ၁၉၈၈ ခုတွင် ၎င်းတို့ကိုယ်တိုင် ပေးခဲ့သည့် ကတိက၀တ်များ၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်နှင့် ၎င်းတို့ထုတ်ပြန်ထားသည့် ၁/၉၀ ဥပဒေတို့ကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 33 - 40 of 107
 
Top! Top!