|
အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန် |
|
အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းဟာ ဒီကနေ့ ညနေပိုင်းမှာပဲ အစာအိမ် ကင်ဆာနဲ့ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဦးမြင့်သိန်းရဲ့ သားဖြစ်သူက အဲန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းဆီကို ပြောဆိုတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။ စင်ကာပူမှာ ဦးမြင့်သိန်းရဲ့ ကျန်းမာရေးကို အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူ တစ်ဦးကလည်း ဦးမြင့်သိန်း ကွယ်လွန်တဲ့အကြောင်းကို ဗီအိုအေကို အတည်ပြုချက် မကြာခင်က ပေးခဲ့ပါသေးတယ်။ ဦးမြင်သိန်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးမြင့်သိန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဖမ်းအဆီးခံခဲ့ရပြီးတဲ့နောက်ပိုင်း ရောဂါအခြေအနေ ပိုပြီးတော့ ဆိုးရွားလာလို့ စင်ကာပူမှာ ဆေးဝါးကုသခံယူနေတုန်း အခုလို ကွယ်လွန်သွားခဲ့ရတာပါ။ ဦးမြင့်သိန်း ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိ ဦးဉာဏ်ဝင်းက ဗီအိုအေကို အခုလို မှတ်ချတ်ချ ပြောဆိုပါတယ်။ |
|
Read more...
|
|
|
အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ် |
|
အန်အယ်လ်ဒီရုံးရှေ့တွင် ကန့်ကွက်မဲပေးရေးဆန္ဒပြပွဲ ပြုလုပ် (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးရန် ရည်ရွယ်ပြုလုပ်သည့် ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်ရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ကြောင်း မျက်မြင်သက်သေများက ပြောဆိုကြသည်။ လူဦးရေ ၃၀ ခန့်ပါဝင်သည့် ဆန္ဒပြသမားများသည့် “NO” ဟူသောစာသားပါဝင်သည့် ၀တ်စုံကိုဝတ်ဆင်၍ ကမ္ဘာ့ကုလသမဂ္ဂအလံနှင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးအလံများကိုလွှင့်ထားကာ စစ်အစိုးရ၏ အခြေခံဥပဒေကို လက်မခံကြရန်နှင့် စစ်ကျွန်ဘ၀သို့မရောက်စေရန် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးကြရန် စသည်တို့ကို ကြွေးကြော် ဆန္ဒပြကြသည်ဟု အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။  အန်အယ်လ်ဒီ ဌာနချုပ်ရှေ့က ဆန္ဓပြပွဲ |
|
Read more...
|
|
|
အန်န်အယ်လ်ဒီ ပြည်နယ်နဲ့တိုင်းတချို့ ဆန္ဒခံယူပွဲ ကန့်ကွက်ဖို့ စိုင်းပြင်း |
|
အန်န်အယ်လ်ဒီ ပြည်နယ်နဲ့တိုင်းတချို့ ဆန္ဒခံယူပွဲ ကန့်ကွက်ဖို့ စိုင်းပြင်း (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာစစ်အစိုးရက မကြာခင် ကျင်းပပေးဖို့ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို သပိတ်မှောက်ဆန့်ကျင် သင့်သလား၊ သွားပြီးကန့်ကွက်မဲ ပေးသင့်သလားဆိုတဲ့ အယူအဆတွေကြားမှာ နိုင်ငံရေးအဖွဲ့အများစုကတော့ လူတွေ ဆန္ဒခံယူပွဲကိုသွားပြီး ကန့်ကွက်မဲပေးကြဖို့ လှုံ့ဆော်ကြတာ တွေ့ရပါတယ်။ အဓိကနိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ကတော့ ဒီဆန္ဒခံယူပွဲကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့ တိတိကျကျ သဘောထားထုတ်ပြန်မှု မတွေ့ရသေးပေမယ့် ကျန်တိုင်းနဲ့ပြည်နယ်တချို့က အဖွဲ့ဝင်တွေနဲ့ လူထုကတော့ ကန့်ကွက်မယ်ဆိုပြီး သဘောထားတွေ ထွက်ပေါ်လာနေပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ မေလထဲကြရင် ကျင်းပဖို့ရှိတဲ့ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီဗဟိုက အခုအချိန်အထိ တိတိကျကျ ထုတ်ပြန်ပြောဆိုတာတွေ မရှိသေးတဲ့အချိန်မှာပဲ တိုင်းနဲ့ပြည်နယ်တချို့က အဖွဲ့ဝင်တွေဆီက အခုလို ဆန့်ကျင်တဲ့သဘောထားတွေ ထွက်ပေါ်လာနေတာပါ။ အခုကျင်းပဖို့ ပြင်ဆင်နေတဲ့ လူထုဆန္ဒခံယူပွဲဟာ သက်ဆိုင်သူတွေမပါဝင်ဘဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အတည်ပြုမှာဖြစ်တယ်၊ ဒါ့အပြင် ဒီမိုကရေစီ အခြေခံတွေလည်း ကင်းမဲ့နေတယ် စတဲ့အကြောင်းအရာတွေကို အခြေခံပြီး ကန့်ကွက်ဖို့ ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ အခုနောက်ဆုံးဆိုရင်လည်း အန်န်အယ်လ်ဒီ အများစုပါဝင်တဲ့ တိုင်းနဲ့ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ၁၂ ယောက်က ဆွေးနွေးညှိနှိုင်းမှုတွေလုပ်အပြီး သူတို့ရဲ့သဘောထားတွေကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ ဒီလိုဆုံးဖြတ်သူတွေထဲမှာ ပါဝင်သူတဦးကတော့ ရခိုင်ပြည်နယ် ဂွမြို့နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညီပု ဖြစ်ပါတယ်။ |
|
Read more...
|
|
|
ဗဟိုဆုံးဖြတ်ချက်မပါဘဲ ကော်မတီဖွဲ့စည်းခြင်းသည် စည်းကမ်းချိုးဖောက်ရာရောက်ဟု အန်အယ်လ်ဒီပြော |
|
ဗဟိုဆုံးဖြတ်ချက်မပါဘဲ ကော်မတီဖွဲ့စည်းခြင်းသည် စည်းကမ်းချိုးဖောက်ရာရောက်ဟု အန်အယ်လ်ဒီပြော (ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ထုတ်ပြန် လိုက်ခြင်းသည် အဖွဲ့ချုပ်၏စည်းကမ်းစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။ အန်အယ်လ်ဒီမှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က “ဒီလိုလုပ်သွားတာကတော့ အဖွဲ့ချုပ်ရဲ့စည်းကမ်းစည်းမျဉ်းကို ဖောက်တာလို့ပြောလို့ရတယ်။ ကျနော်တို့အနေနဲ့ စုံစမ်းနေ တုန်းပဲရှိပါသေးတယ်။ ဗဟိုဆုံးဖြတ်ချက်အနေနဲ့ လုပ်တာမဟုတ်ပါဘူး။ ဘယ်သူလုပ်တယ်ဆို တာ ကျနော်တို့မသိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့အန်အယ်လ်ဒီအဖွဲ့ဝင်တွေထဲကပဲ ဖြစ်လိမ့် မယ်လို့ထင်ပါတယ်။ ဆန္ဒစောပြီး ကိုယ့်ဖာသာ လုပ်သွားကြတာလားဆိုတာ ကျနော်တို့လည်းနား မလည်ဘူး” ဟု ပြောသည်။ ယခုလ (၁၈) ရက်စွဲဖြင့် ထုတ်ပြန်သည့် လူထုလှုပ်ရှားမှုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေညာချက်တွင် စစ်အစိုးရက အခြေခံဥပဒေကို လာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည်ဆိုခြင်းသည် ၁၉၈၈ ခုတွင် ၎င်းတို့ကိုယ်တိုင် ပေးခဲ့သည့် ကတိက၀တ်များ၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်နှင့် ၎င်းတို့ထုတ်ပြန်ထားသည့် ၁/၉၀ ဥပဒေတို့ကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ |
|
Read more...
|
|
|
အမေရိကန်လွှတ်တော်ရဲ့ ဖွဲ့စည်းပုံဥပဒေ ကန့်ကွက်ရေးကို အန်န်အယ်လ်ဒီ ကြိုဆို |
|
အမေရိကန်လွှတ်တော်ရဲ့ ဖွဲ့စည်းပုံဥပဒေ ကန့်ကွက်ရေးကို အန်န်အယ်လ်ဒီ ကြိုဆို (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာစစ်အစိုးရဘက်က တဖက်သတ်ရေးဆွဲနေတဲ့ အခြေခံဥပဒေကို အမေရိကန်ပြည်ထောင်စုက လက်မခံဖို့အတွက် အမေရိကန်လွှတ်တော်မှာ ကြိုးပမ်းနေတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကို အတည်ဖြစ်စေမယ့် လူထုဆန္ဒခံယူပွဲကိုတော့ သပိတ်မှောက်မှာမဟုတ်ပါဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။ အမေရိကန်လွှတ်တော်က စစ်အစိုးရ တဖက်သတ်ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်မခံဖို့ လွှတ်တော်မှာ ကြိုးပမ်းနေတဲ့ကိစ္စကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။ “အမေရိကန်ရဲ့သဘောထားမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို Reject လုပ်ဖို့ပြောတာ ပြောသင့်ပြောထိုက်တယ်လို့ အန်ကယ်တို့ယူဆတယ်။ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲထားတာ ဒီမိုကရေစီရော၊ လူ့အခွင့်အရေးရော ဖော်ဆောင်နိုင်မှုမရှိဘူးလို့ ယုံကြည်တဲ့အတွက် လက်မခံဘူး။ ဒါကြောင့် ဒီလိုဆွေးနွေးတာတွေကို ကြိုဆိုပါတယ်။” |
|
Read more...
|
|
|
အထိန်းသိမ်းခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုကဗျာ (ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်) (၈၁)နှစ်ပြည့် ဘဘမွေးနေ့ စန္ဒာဝင်း (မကွေး) ဘဘရေ … ၂၀၀၂ ကခရီး သမီးတို့လည်း ပါတယ်နော် အပျော်ခရီး မဟုတ်ပေမယ့် တကယ့် စွန့်စားခန်း မနီးစခန်းကို အောင် ပုံတောင်ပုံညာ ကျော်နင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော ဘဘ မောနေရှာတော့ ချိုပေါ့ပေါ့ “ကွေကာအုတ်” တထုတ်လောက် ရမလား “ဘဘ အားနာတယ် သမီးရယ်” တဲ့။
|
|
Read more...
|
|
|
သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ |
|
အထိန်းသိမ်းခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ ရွှေဒေါင်းဖြူ ၈ လေးလုံးအစ ဖုန်းမော်နေ့ အနှစ် ၂၀ ပြည့်ခါနီး ၇၄ - ၇၅၊ ၈၇ - ၈၈ ကကဲ့သိုႛ အထွေထွေမကျေနပ်မှုများ၊ ဖိနှိပ်သတ်ဖြတ်မှုများဖြင့် တင်းမာနေသော မြန်မာ့နိုင်ငံ ရေးရာသီ၌ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲဆိုသည့် အသံများ မြည်ဟည်းလာပြန်သည်။ "သူမပါလျှင် မပြီး၊ သူကြီးတဲ့ သူ့အဖေ" ဆိုသလို ပဲခူးဆား စစ်အုပ်စုကလည်း "ပတ်မကြီး မူပိုင်ရှင်" ဇာတ်ခင်းလာကြသည်။ ကုလားအုတ်ခေါင်း တဲထဲဝင်သည့် ဇာတ်လို သင်္ဘောသား ဆင်းဘတ် ဂုတ်ခွစီးသည့် အဖိုးကြီးလို အနှင်ရခက်လှသည်။ ခင်နှင်းယု၏ ဆောင်းတွင်းပန်းထဲကကဲ့သို့ "လျော့လိုက်၊ လျော့လိုက်၊ မသီတာ ..." ဟု လူထုကြီးကို ရွှေပြည်အေး တရားဟောမည့် ဓမ္မကထိကများကလည်း ပေါလှပါကလား။ ဆွဲချတွေ၊ ရောင်တော်ပြန်တွေ။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 25 - 32 of 96 |