အဖွင့် စာမျက်နှာ
Friday, 25 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
ဤကွန်ယက်စာမျက်နှာပေါ်တွင် တင်ပြထားသော အကြောင်းအရာ အများစုမှာ PDF ဖိုင်မှတဆင့် ပြန်လည် ကူးယူဖော်ပြထားခြင်းဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံ နှင့် အခြားနားမလည်နိုင်သော စာလုံးအက္ခရာများပါရှိတတ်သည်ကို နားလည်ပေးကြရန် တောင်းပန်အပ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက် အမှန်ကို သိလိုက မူလ PDF ဖိုင်များကိုသာရယူကြရန် အသိပေးအပ်ပါသည်။
 
Latest News
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား

ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံသားအားလုံး စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ခံစားနေရတာတွေကို ကမ္ဘာအနှံ့ကသူတွေ သိရှိနိုင်ဖို့အတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတရပ် ကို အမေရိကန် ပြည်ထောင်စုအခြေစိုက် US Campaign forBurma အဖွဲ့က ဖော်ဆောင်လိုက်ပါတယ်။ အကြောင်းစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။ အမေရိကန်နိုင်ငံ ဟောလီးဝုဒ်က နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဝေးလ် ဖာရဲလ် (Will Ferrell) နဲ့ ဆေလ်ဗက်စ်တာ စတားလုံး (Sylvester Stallone) အပါအ၀င် တခြားသရုပ်ဆောင်တွေပါ ပူးပေါင်းပါဝင်ထားတဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ ဗွီဒီယိုကမ်ပိန်း ကို တလကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မနေ့ကစတင်လိုက်တဲ့ ဒီလှုပ်ရှားမှုမှာ ဟာသသရုပ်ဆောင် ဖာရဲလ်နဲ့ စတင်ဖွင့်လှစ်လိုက်တာပါ။

Read more...
 
ဒေါ်စုနှင့် ကိုမင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း

ဒေါ်စုနဲ့ မင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ ကုလ အတွင်းရေးမှူးချုပ်ကို
အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း

(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် သူတို့လွတ်မြောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) နဲ့ လူ့အခွင့်အရေး မဟာမင်းကြီး လုဝီစ် အာဘာ  (Louise Arbour) တို့ကို တောင်းဆိုလိုက်ကြပါတယ်။ တောင်းဆိုချက်ထဲမှာ တခြား ဘာတွေများ ထူးခြားချက်တွေ ပါသေးသလဲဆိုတာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ ဒီမိုကရက်တစ်ပါတီက အထင်ကရ အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ရစ်ချတ် ဒါဘင် (Richard Durbin) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး လုဝီစ် အာဘာ (Louise Arbour) တို့ကို လိပ်မူပြီး ဧပြီလ ၃၀ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့ကြတာပါ။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိနိုင်လို့ စစ်အစိုးရ သတင်းရပ်ကွက်ကပြော

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိနိုင်လို့ စစ်အစိုးရ သတင်းရပ်ကွက်ကပြော
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ထိပ်တန်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအ၀င် ထိန်းသိမ်းခံ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရရဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးခွင့်ပြုမယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ တချိန်တည်းမှာပဲ အာဏာပိုင်တွေဘက်က ဆန္ဒခံယူပွဲမှာ ထောက်ခံ မဲတွေပေးကြဖို့ အရှိန်မြှင့်စည်းရုံးလှုပ်ရှားမှုတွေကလည်း ရှိနေတယ်လို့ ကြားရပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ အန်န်အယ်လ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ကို မေလ ၁၀ ရက်နေ့ကျင်းပမယ့် လူထုဆန္ဒခံယူပွဲမှာ ဆန္ဒမဲတွေပေးခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရ အာဏာပိုင် သတင်းရပ်ကွက်ကို ကိုးကားပြီးတော့ ဂျပန်နိုင်ငံက Yomiuri Shimbum သတင်းစာရဲ့ အင်တာနက်သတင်းတပုဒ်က ဖော်ပြလိုက်တာပါ။ ဂျပန်နိုင်ငံထုတ် Yomiuri Shimbum ရဲ့ သတင်းဖော်ပြချက်နဲ့ပတ်သက်လို့ ဦးတင်ဦးရဲ့သားတဦးလည်းဖြစ်၊ ဂျပန်နိုင်ငံအခြေစိုက် အန်န်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုသန့်ဇင်ဦးကတော့ အခုလိုပြောပါတယ်။

Read more...
 
ဆန္ဒခံယူပွဲ၌ No ပေးရန် အန်အယ်လ်ဒီနှင့် ကျောင်းသားများစည်းရုံးလှုပ်ရှား

ဆန္ဒခံယူပွဲ၌ No ပေးရန် အန်အယ်လ်ဒီနှင့် ကျောင်းသားများစည်းရုံးလှုပ်ရှား
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲထည့်ရေးလှုပ်ရှားမှုများကို နိုင်ငံတ၀န်းရှိ မဲဆန္ဒရှင်များထံ စည်းရုံးရေးဆင်းနေကြောင်း သိရသည်။ “ရန်ကုန်မှာ မြို့နယ် ၂၀ ကျော်သွားပြီ၊ ဒီနေ့ဆိုရင် ကွန်းခြံကုန်းမြို့နယ်ကို တဖွဲ့သွားနေကြတယ်။ မန္တလေးတိုင်းနဲ့  စစ်ကိုင်း တိုင်းကိုလည်း လူလွှတ်ထားတယ်။ ကျနော်တို့ဆီက ကြေညာချက်တွေကိုရှင်းပြဖို့၊ ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ အဖွဲ့ဝင်တွေက မဲရေပြီးတဲ့အထိစောင့်ကြည့်ဖို့ … အဓိကကတော့ ကြက်ခြေခတ်ဖို့ …” ဟု အန်အယ်လ်ဒီပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က ဧရာဝတီကို ပြောသည်။ အန်အယ်လ်ဒီက လက်ရှိစည်းရုံးရေးဆင်းသည့် ဒေသများတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း တို့ပါဝင်သည်ဟု ဒေါက်တာဝင်းနိုင်က ဆက်ပြောသည်။ ကျောင်းသူ၊ ကျောင်းသားများကလည်း မေလ ၁၀ ရက်နေ့တွင်ကျင်းပမည့်လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲများ ပေးကြရန် လွန်ခဲ့သည့်အပတ်ကစ၍ အိမ်တိုင်ရာရောက် စည်းရုံးမှုများပြုလုပ်နေသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က ပြောသည်။ အဆိုပါစည်းရုံးရေးလုပ်ငန်းများကို ရန်ကုန်နှင့် တခြားနယ်မြို့များတွင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ဗကသ၏ ပြောရေးဆိုခွင့် ရှိသူ ကိုလင်းထက်နိုင်က ဧရာဝတီကို ပြောသည်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

အမေရိကန်နိုင်ငံက အရပ်သားတွေကို ချီးမြှင့်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal Award လို့ခေါ်တဲ့ ကွန်ဂရက်လွှတ်တော်ရဲ့ ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က အစီရင်ခံထားပါတယ်။ ဒီဆုကို ချီးမြှင့်နိုင်ဖို့အတွက် လွှတ်တော်တရပ်စီက လွှတ်တော် အမတ်ဦးရေ သုံးပုံနှစ်ပုံက အဆိုတင်သွင်းမှသာ ဆုချီးမြှင့်ဖို့ စဉ်းစားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်လွှတ်တော် အမြင့်ဆုံးဆု ချီးးမြှင့်တာဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်အနစ်နာခံမှုနဲ့ အကြမ်းမဖက်တဲ့ နည်းနဲ့ ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်နေတာကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးတဲ့ အနေနဲ့ အခုလို ချီးမြှင့်တာဖြစ်တဲ့အကြောင်း USCB ခေါ် အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့အဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က အခုလို ပြောပြပါတယ်။  

Read more...
 
ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ

ဂျပန်နံမည်ကျော် ဟစ်ပ်ဟော့ပ် အဆိုတော် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအတွက် ဖျော်ဖြေ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

ဂျပန်က နံမည်ကြီးဟစ်ပ်ဟော့ပ် အဆိုတော်တဦးက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် တိုကျိုမှာ ဂီတပွဲတခု လုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။  တိုကျိုမှာ ဒီဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ မြို့တော်တိုကျိုက ထင်ရှားတဲ့ ယိုယောဂိ ဆိုတဲ့ ပန်းခြံကြီးအတွင်းမှာ နာမည်ကြီး ဂျပန်ဟစ်ပ်ဟော့ပ် အဆိုသမား အီတိုးဆစ်ဟီကို က မြန်မာပြည်သားတွေ လွတ်မြောက်ဖို့အတွက် ဂီတလှုပ်ရှားမှု တခုကို ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာလ လူထုလှုပ်ရှားမှုတွေအတွင်းမှာ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေ သွေးမြေကျ တာတွေ ဆုံခဲ့ရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ ကြုံနေခဲ့ရသလို ဂျပန် သတင်းထောက် ခမ်းဂျိနာဂါးအိ ကလည်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာတွေဟာ ဂျပန်ပြည်သူတွေအတွက် တအံ့တသြ ဖြစ်ခဲ့ရတာပါ။ ဟစ်ပ်ဟောပ် အဆိုတော် ဒီဂျေ အီတိုးက သူဖြေဖျော်ခဲ့တဲ့ သီချင်းစာသားတွေထဲမှာ ငါတို့ဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်၊ ဘုန်းတော်ကြီးတွေကိုလည်း မသတ်နဲ့၊ မညှင်းဆဲနဲ့ ဆိုတာတွေ ပါဝင် သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အမြန်လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေ အမြန်လုပ်ပေးဖို့ ဆိုတဲ့ စာသားတွေကိုလည်း သီချင်းဆိုရင်းနဲ့ ဟစ်အော် တောင်းဆိုခဲ့ပါတယ်။ ဒီဂီတပွဲမှာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတဦးဖြစ်တဲ့၊ လက်ရှိ ဂျပန်ကို ရောက်ရှိနေတဲ့ ကိုထင်အောင်ကလည်း ဂျပန်လို ၀င်ပြောဆိုရင်းနဲ့ ဒီဖျော်ဖြေပွဲမှာ ပါဝင် ကူညီခဲ့ပါတယ်။ 

Read more...
 
သင်္ကြန်တွင်း၌ NLD အဖွဲ့ဝင်များ ဖမ်းဆီးရိုက်နှက် နှောင့်ယှက်ခံရမှုများရှိ

သင်္ကြန်တွင်း၌ NLD အဖွဲ့ဝင်များ ဖမ်းဆီးရိုက်နှက် နှောင့်ယှက်ခံရမှုများရှိ
(ဗွီ
အိုအေမြန်မာမှ ကူးယူဖော်ပြသည်)

မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ကာလ အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များကို ဖမ်းဆီး ရိုက်နှက် နှောင့်ယှက်မှုများရှိကြောင်း NLD က ပြောဆိုသည်။ ရန်ကုန်တိုင်း တောင်ဒဂုန်မြို့သစ်မှ NLD လူငယ် ကိုသီဟန်နှင့် မြောက်ဥက္ကလာပမြို့နယ်မှ ကိုဝင်းသိန်းတို့သည် ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ချောင်းမြောင်းအရိုက်ခံရသည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။ “ကျနော်တို့ မြို့နယ်က လှုပ်ရှားတဲ့ လူငယ်တွေကို ချောင်းရိုက်တာတွေလုပ်နေတယ်၊ တောင်ဒဂုန်က ကိုသီဟန် နဲ့ မြောက်ဥက္ကလာက ကိုဝင်းသိန်းတို့ ချောင်းရိုက်ခံရတယ်”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောပြသည်။ ကိုသီဟန် အသက် ၂၅ နှစ်ခန့်ကို သင်္ကြန် နောက်ဆုံးရက် အတက်နေ့ ည ၇ နာရီ ခွဲ့ခန့်က သင်္ကြန်မဏ္ဍပ်သိမ်းပြီး အပြန် တောင်ဒဂုန်မြို့သစ် ၂၄ ရပ်ကွက် လမ်းသွယ်တခုထဲ၌ နောက်ဘက်မှကားတစီးထိုးရပ်၍ရိုက်သွားခြင်း ဖြစ်ပြီး ရိုက်သွားသူ များမှာ မည်သူမည်ဝါမှန်း မသိရကြောင်း တောင်ဒဂုန်မြို့သစ် ဒေသခံတဦးကလည်းပြောသည်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 17 - 24 of 107
 
Top! Top!