www.mamboteam.com
အဖွင့် စာမျက်နှာ
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
မြန်မာပြည်သူများ အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်

မြန်မာပြည်သူများ အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည်
(ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာပြည်သူများ အနေနှင့် အဆိုးဆုံးကိုရင်ဆိုင်နိုင်ရန် ပြင်ဆင် ထားရမည် ဟူသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးများက လက်ခံသဘောတူကြောင်း ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာ တွင် “အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်းရင်ဆိုင်ရန် ပြင်ဆင်ထားရမယ်”ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြသည်။ လက်ရှိ စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှုများသည် ယခုအချိန်အထိ တိုးတက်မှု မရှိသေး ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟုလည်း ၎င်းကဆိုသည်။ အမှန်တကယ်တိုင်းပြည်အကျိုးအတွက် ပြုလုပ်မည်ဆိုပါက တွေ့ဆုံဆွေးနွေးရန် ယခုကဲ့သို့ အချိန်မဆွဲ သင့်ကြောင်းနှင့် ကြားခံပုဂ္ဂိုလ်လည်း ထားရှိရန်မလိုကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

Read more...
 
တရားဥပဒေကိုလေးစားလိုက်နာရန် နအဖစစ်အစိုးရကို အန်အယ်လ်ဒီတိုက်တွန်း

တရားဥပဒေကိုလေးစားလိုက်နာရန် နအဖစစ်အစိုးရကို အန်အယ်လ်ဒီတိုက်တွန်း
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလက ဆန္ဒပြသည့် ရဟန်းသံဃာနှင့် ပြည်သူတို့ကို ဖမ်းဆီး ချုပ်နှောင်ရာတွင် အာဏာပိုင်များအနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာသည်။ ဖမ်းဆီးခံရသူများကို (၂၄) နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်း၊ အကျဉ်းထောင်များ၌ ရာဇ၀တ်
ပြစ်ဒဏ်ကျခံနေရသူများနှင့်အတူထားခြင်း၊ မကွေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင် (၂) ဦးကို လက်ထိပ်ခတ် ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရသူအချို့အား တရားရုံးထုတ်ပြီး အင်းစိန်ထောင်သို့ ပြန်ဝင်ရာတွင် ကိုယ်အင်္ဂါအနာတရဖြစ်အောင် ရှာဖွေခြင်းနှင့် အကျဉ်းသားတို့အတွက် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းတို့သည် ဥပဒေနှင့် ညီညွတ်မှုမရှိဟု ယမန်နေ့ထုတ် အန်အယ်လ်ဒီကြေညာချက်၌ ထောက်ပြသည်။ စွမ်းအားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ဥပဒေအရ ဖမ်းဆီးပိုင်ခွင့်မရှိဘဲ ရဟန်းရှင်လူပြည်သူတို့ကို ဖမ်းဆီးခြင်းသည်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ “မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးချုပ်နှောင်ခြင်းမခံစေရ” ဆိုသည့်အချက်နှင့် ကိုက်ညီမှုမရှိဟု အန်အယ်လ် ဒီက ပြောသည်။

Read more...
 
ဒီချုပ် လူငယ်တာဝန်ခံ နှစ်ဦးကို ရဲကခေါ်သွား

ဒီချုပ် လူငယ်တာဝန်ခံ နှစ်ဦးကို ရဲကခေါ်သွား
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

စုံစမ်းစစ်ဆေးရန် ရှိသည်ဟုဆိုကာ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ၂ ဦးကို အာဏာပိုင်များက ယနေ့ နံနက်ပိုင်းက ခေါ်ဆောင်သွားသည်။ ဒဂုံမြို့သစ် တောင်ပိုင်းရှိ ရပ်ကွက်အမှတ် ၁၉ ၏ လူငယ်တာဝန်ခံ (၁) ကိုသီဟန်နှင့် ရပ်ကွက်အမှတ် ၉၄ မှ လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းတို့ကို ရဲအထူးသတင်းတပ်ဖွဲ့ ဒုရဲအုပ် ဇော်မင်းဦး ဦးဆောင်သည့် အဖွဲ့က  ယနေ့နံနက် ၇ နာရီခွဲတွင် နေအိမ်များမှ လာရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ “ဒဂုံမြို့သစ်က အဖွဲ့ချုပ်လူငယ် ကိုသီဟန်နဲ့ ကိုထိန်ဝင်းပါ။ အိမ်ကနေ မနက် ၇ နာရီခွဲမှာ ရဲသတင်းအထူးတပ်ဖွဲ့က ဒုရဲအုပ် ဇော်မင်းဦးက ခဏမေးစရာ ရှိတယ်ဆိုပြီး လာခေါ်သွားတယ်လို့ မိသားစုတွေက လာအကြောင်းကြားတယ်” ဟု အန်အယ်ဒီရုံးချုပ် ပြန်ကြားရေး တာဝန်ခံ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်အား ပါတီဝင်များနှင့် တွေ့ဆုံခွင့်ပြု

တွေ့ဆုံဆွေးနွေးမှုအပေါ် ကျေနပ်အားရမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က
အန်အယ်လ်ဒီခေါင်းဆောင်များကို ပြောကြား

လတ်တလောပြုလုပ်နေသည့် နအဖ ဆက်ဆံရေးကိုယ်စားလှယ်နှင့် တွေ့ဆုံမှုများတွင် အချိန်သတ်မှတ်ချက် မရှိသဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်က ကျေနပ်မှုမရှိကြောင်း အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦဉာဏ်ဝင်းက ပြောဆိုလိုက်သည်။ ယနေ့နေ့လယ်ပိုင်းက အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့အပြီး အန်အယ်လ်ဒီ ဌာနချုပ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဉာဏ်ဝင်းက သတင်းထောက်များအား ပြောဆိုခြင်း ဖြစ်သည်။ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက ယနေ့တွေ့ဆုံခွင့် ပြုခဲ့သော် လည်း ၎င်းတွေ့ဆုံပွဲတွင် ဒုဥက္ကဌ ဦးတင်ဦး တက်ရောက်ခွင့် မရခဲ့ပေ။ ဗဟိုအလုပ်မှုဆောင်အဖွဲ့နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးအခြေအနေတရပ်ကို မျှော်လင့်ထားရန်နှင့် အဆိုးဆုံးကိုလည်း ရင်ဆိုင်နိုင်အောင်ပြင်ဆင်ထားရန် မှာကြားသည်ဟု ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက ထည့်သွင်းပြောဆိုသည်။

Read more...
 
တောင်ကုတ်မြို့မှာ အစိုးရဆန့်ကျင်ရေးစာတွေ ဖြန့်ဝေ

တောင်ကုတ်မြို့မှာ အစိုးရဆန့်ကျင်ရေးစာတွေ ဖြန့်ဝေ
(ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်)

လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေကြားက မြန်မာစစ်အစိုးရကို တိုက်တွန်း တောင်းဆိုတဲ့စာတွေ ဒီကနေ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေလို့ ယူဆရသူတွေက ကပ်ခဲ့ကြတယ်လို့ သိရပါတယ်။ မကြာသေးခင် ရက်ပိုင်းတွေကလည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တဲ့  တောင်ကုတ်မြို့က ဒီနောက်ဆုံးလှုပ်ရှားမှုနဲ့ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ ဘယ်သူဘယ်ဝါ လက်ချက်မှန်းမသိဘဲ တောင်ကုတ်မြို့က လူစည်ကားရာနေရာတချို့မှာ မြန်မာစစ်အစိုးရကို တိုက်တွန်းတောင်းဆို ထားတာတွေ ပါဝင်တဲ့စာတွေ ကပ်ထားတာကို ဒီကနေ့ မနက်စောစောပိုင်းမှာ မြို့ခံတွေက တွေ့ခဲ့ကြရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်း တွေကတည်းက ကြိုကြားကြိုကြားဆိုသလို အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ တောင်ကုတ်မြို့က အခုနောက်ဆုံးတွေ့ကြရတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး မြို့ခံတယောက်က အခုလိုပြောပြပါတယ်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပါက အာဆီယံပဋိညာဉ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု ဖိလစ်ပိုင်ထပ်ပြော

ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပါက အာဆီယံပဋိညာဉ်ကို
လက်မှတ်ထိုးမည်မဟုတ်ဟု ဖိလစ်ပိုင်ထပ်ပြော

(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများ ပြုလုပ်ပါမည်ဟု ကတိပေးပြောကြားချက်များအတိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ဖိလစ်ပိုင်သမ္မတအာရိုယိုက စစ်အစိုးရအား ထပ်မံတောင်းဆိုကြောင်း ဖိလစ်ပိုင်သတင်းများတွင် ဖော်ပြသည်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင်ကျင်းပသည့် ကမ္ဘာ့ စီးပွားရေးနှီးနှောဖလှယ်ပွဲ၌ အာရိုယိုက မြန်မာအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက ဖိလစ်ပိုင်အထက်လွှတ်တော်အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းကို အတည်ပြုလက်မှတ်ထိုးမည်မဟုတ်ဟု သတိပေးလိုက်သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ခေါင်းဆောင်များနှင့် ယမန်နှစ်က စင်ကာပူတွင် အာဆီယံ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးစဉ်က ပေးခဲ့သည့်ကတိအတိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်မည် ဆိုပါက ပထမအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရမည်ဖြစ်ကြောင်း အာရိုယိုက တိုက်တွန်းပြောကြားသည်။

Read more...
 
မြန်မာနိုင်ငံနှင့်ပတ်သက်၍ သုံးနိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သုံးနိုင်ငံပူးတွဲကြေညာချက် ထုတ်ပြန်
(ရိုးမ ၃ မှ ကူးယူဖော်ပြသည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်သည် ဗြိတိသျှနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ လက်ရှိမြန်မာနိုင်ငံ အခြေအနေအပေါ် ယနေ့ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။  မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်နေမှုများ ရပ်တန့်ရန်နှင့် တိုင်းပြည်တွင် အရပ်သား အုပ်ချုပ်ရေးသို့ ပြန်လည်ပြောင်းလဲရန် တကမ္ဘာလုံးမှ ဖိအားပေးကြရန် တိုက်တွန်းလိုက်ကြောင်း ကို ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။  လွန်ခဲ့သော စက်တင်ဘာလအတွင်း စစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူများကို ရက်ရက်စက်စက် နှိမ်နင်းမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှလည်း ပထမဆုံးအကြိမ် ပြစ်တင်ရှုံ့ချလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် အတိုက်အခံအုပ်စု များနှင့် အမှန်တကယ် တွေ့ဆုံဆွေးရေးပြုလုပ်ရန် မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား ရက်သတ်မှတ်ပေးရန် တောင်းဆိုလိုက်သည်။ 

Read more...
 
<< Start < Prev 11 12 13 14 Next > End >>

Results 105 - 111 of 111
 
Top! Top!