အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
ဒေါ်စုမွေးနေ့ မြို့နယ်အချို့တွင် ကျင်းပ

ဒေါ်စုမွေးနေ့ မြို့နယ်အချို့တွင် ကျင်းပ

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

 မကွေးတိုင်း၊ အောင်လံမြို့ - (အန်အယ်ဒီလူငယ်တဦး) – “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မေတ္တာပို့တယ်။ သံဃာ ဆွမ်းလောင်းတယ်။ ၆၃ နှစ်ဆိုတော့ မြို့ထဲမှာ ကြွနေတဲ့ သံဃာ တဇွန်းပေါ့နော်၊ ဆွမ်းလောင်းပေးတယ်။ သံဃာတွေက ၇ဝ လောက် ရှိမယ်။ ဆုတောင်း ပေးကြတယ်လေ။ လူ ၁ဝဝ လောက် တက်ရောက်တယ်။ လုံခြုံရေးက ရဲတွေပေါ့နော်။ ဓာတ်ပုံရိုက်တာတို့ စောင့်ကြည့်တာတို့ပဲ ရှိတယ်”

မကွေးတိုင်း၊ ရေနံချောင်းမြို့ - (အန်အယ်ဒီ ပါတီဝင်တဦး) – “အခမ်းအနားမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာမှာ အဖမ်းခံရတဲ့ မကွေးတိုင်း၊ သရက်ထောင်၊ မြင်းခြံထောင်က အကျဉ်းမိသားစု ၁၂ ယောက်အတွက် ထောင်ဝင်စာ သွားတွေ့တဲ့ မိသားစုတွေကို စားစရာတွေ သွားလှူမယ်။ မွေးနေ့ အထိမ်းအမှတ်ပေါ့နော်။ နောက်ပြီး ဒီနှစ်ကတော့ ဒေါ်စုက လူထုကိစ္စတွေကို သဘောကျတယ်လေ။ အဲဒါကြောင့် ဒီဒေသခံတွေကိုလည်း အလှူခံတယ်။ ပြီးတော့ ကိုယ်တိုင်လည်း သွားလှူတယ်။ ဒေါ်စု သဘောကျတဲ့ လူထု လှုပ်ရှားမှုကို မုန်တိုင်းသင့်နေရာမှာ သွားလှူလိုက်တယ်”

 စစ်ကိုင်းတိုင်း၊ မုံရွာမြို့ - (မြို့နယ် အန်အယ်ဒီ ပြောခွင့်ရ ဒေါ်ခင်သန်း) – “မုံရွာခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ အနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအတွက် ကုန်ကျမယ့် ငွေကြေးပမာဏကို နာဂစ် လေဘေး ဒုက္ခသည်တွေအတွက် အဖွဲ့ချုပ်(ဗဟို)က တဆင့် ပေးလှူလိုက်ပါတယ်။ မွေးနေ့ရှင် အနေနဲ့လည်း ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”

 

 

 
ဒေါ်စုမွေးနေ့ မြို့နယ်အချို့တွင် ကျင်းပ

ဒေါ်စုမွေးနေ့ မြို့နယ်အချို့တွင် ကျင်းပ

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

 မကွေးတိုင်း၊ အောင်လံမြို့

(အန်အယ်ဒီလူငယ်တဦး) – “ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အဖြစ် မေတ္တာပို့တယ်။ သံဃာ ဆွမ်းလောင်းတယ်။ ၆၃ နှစ်ဆိုတော့ မြို့ထဲမှာ ကြွနေတဲ့ သံဃာ တဇွန်းပေါ့နော်၊ ဆွမ်းလောင်းပေးတယ်။ သံဃာတွေက ၇ဝ လောက် ရှိမယ်။ ဆုတောင်း ပေးကြတယ်လေ။ လူ ၁ဝဝ လောက် တက်ရောက်တယ်။ လုံခြုံရေးက ရဲတွေပေါ့နော်။ ဓာတ်ပုံရိုက်တာတို့ စောင့်ကြည့်တာတို့ပဲ ရှိတယ်”

 

မကွေးတိုင်း၊ ရေနံချောင်းမြို့

(အန်အယ်ဒီ ပါတီဝင်တဦး) – “အခမ်းအနားမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာမှာ အဖမ်းခံရတဲ့ မကွေးတိုင်း၊ သရက်ထောင်၊ မြင်းခြံထောင်က အကျဉ်းမိသားစု ၁၂ ယောက်အတွက် ထောင်ဝင်စာ သွားတွေ့တဲ့ မိသားစုတွေကို စားစရာတွေ သွားလှူမယ်။ မွေးနေ့ အထိမ်းအမှတ်ပေါ့နော်။ နောက်ပြီး ဒီနှစ်ကတော့ ဒေါ်စုက လူထုကိစ္စတွေကို သဘောကျတယ်လေ။ အဲဒါကြောင့် ဒီဒေသခံတွေကိုလည်း အလှူခံတယ်။ ပြီးတော့ ကိုယ်တိုင်လည်း သွားလှူတယ်။ ဒေါ်စု သဘောကျတဲ့ လူထု လှုပ်ရှားမှုကို မုန်တိုင်းသင့်နေရာမှာ သွားလှူလိုက်တယ်”

 စစ်ကိုင်းတိုင်း၊ မုံရွာမြို့

(မြို့နယ် အန်အယ်ဒီ ပြောခွင့်ရ ဒေါ်ခင်သန်း) – “မုံရွာခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ အနေနဲ့  ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲအတွက် ကုန်ကျမယ့် ငွေကြေးပမာဏကို နာဂစ် လေဘေး ဒုက္ခသည်တွေအတွက် အဖွဲ့ချုပ်(ဗဟို)က တဆင့် ပေးလှူလိုက်ပါတယ်။ မွေးနေ့ရှင် အနေနဲ့လည်း ကျေနပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”

 

 

 
ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်

ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်

(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

အန်အယ်ဒီ ရုံးချုပ်တွင် ယနေ့ ကျင်းပသည့် ပါတီ ခေါင်းဆောင်၏ မွေးနေ့ အခမ်းအနား ပြီးဆုံးသွားသော်လည်း လုံခြုံရေးကိုမူ ဆက်လက် တင်းကျပ်ထားဆဲ ဖြစ်သည်။ နံနက်ပိုင်းက ရဲ၊ လုံထိန်း၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အင်အား ၁ဝဝဝ ခန့် ချထားစဉ် ကြံ့ဖွံ့များက ပါတီရုံးဝင်းအတွင်း အတင်းအကျပ် ဝင်ရောက်ကာ သံဃာတော် တပါးနှင့် ပါတီဝင် ၃ ဦးကို ဝင်ရောက် ဖမ်းဆီးပြီးနောက် အခမ်းအနား ဆက်လက် ကျင်းပရာ နေ့လယ် ၂ နာရီတွင် ပြီးဆုံးခဲ့ သော်လည်း အာဏာပိုင်များဘက်က လုံခြုံရေးကို ဆက်ချထားဆဲပင် ဖြစ်သည်။ အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး အခြေအနေက သူတို့ဘက်က မလျှော့ဘူး။ တထောင်ကျော်တော့ ရှိမယ်။ ကြံ့ဖွတ်တွေရော၊ စွမ်းအားရှင် တွေရော၊ ရဲတွေရော။ အုတ်လမ်းဘက်၊ ရွှေတိဂုံဘက်မှာ ပိုဆိုးတယ်။ အဲဒီမှာ ပြည်ထဲရေးဌာန ဓမ္မာရုံ ရှိတယ်။ အဲဒီမှာ လုံထိန်း အကြမ်းဖက် နှိမ်နင်းရေးတပ်တွေ တပ်စွဲထားတယ်။ ဒိုင်နာကားက ၁ဝ စီး ကျော်တယ်။ ကျန်တဲ့ ကားကြီးတွေတော့ ရွှေတိဂုံ ဘုရားဘက်မှာ ဖျောက်ထား တယ်” ဟု ပြောသည်။ ထိပ်တိုက်တွေ့မှု ဖြစ်မည် စိုးရိမ်သဖြင့် အဖွဲ့ချုပ်ရုံးဝင်းကိုမူ ခေတ္တ ပိတ်ခဲ့ရသေးသည်။ ရန်ကုန်မြို့ရှိ ထင်ရှားသော နေရာများဖြစ်သော မြို့တော်ခမ်းမ၊ ရွှေဂုံတိုင်၊ မြေနီကုန်း၊ လှည်းတန်းဘက်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည်ဟု မြို့ခံတဦးက ပြောသည်။

Read more...
 
ဒီချုပ် ရုံးချုပ်ရှေ့ စစ်အစိုးရ လုံခြုံရေးများ တိုးမြှင့်