|
ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား |
|
ဥပဒေနှင့်ဆန့်ကျင်သည့် ဆန္ဒခံယူပွဲဖြစ်သည်ဟု အန်အယ်လ်ဒီပြောကြား (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) ယနေ့ပြုလုပ်သည့် စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ဆန္ဒခံယူပွဲသည် လုံးဝဥပဒေနှင့် ဆန့်ကျင်သည့် မဲဆန္ဒခံယူပွဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန် အယ်လ်ဒီ) ကပြောသည်။ အန်အယ်လ်ဒီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “ကျနော်တို့ရတဲ့ သတင်းတွေအရ မြန်မာပြည်အနှံ့ မဲရုံတိုင်းမှာ ကြံ့ဖွံ့နဲ့ သူတို့ရဲ့အာဏာပိုင် အဖွဲ့အစည်းဝင်တွေက လာတဲ့မဲဆန္ဒရှင်တွေကို ထောက်ခံမဲပေးခိုင်းတယ်။ ထောက်ခံမဲကိုလည်း မဲဆန္ဒရှင်က မခြစ်ရဘူး။ သူတို့ကိုယ်တိုင် ခြစ်ပေးတယ်။ အဲဒီလိုစနစ်နဲ့ အတင်းအဓမ္မ လုပ်နေတယ်” ဟုပြောသည်။ ၎င်းတို့အဖွဲ့ချုပ်ဝင်များ၏ သတင်းပေးပို့ချက်များအရ ရှမ်းပြည်နယ်နှင့် မကွေးတိုင်း ရေနံချောင်း၊ ဧရာဝတီတိုင်း ကျုံပျော်နှင့် ပုသိမ်၊ နောက်ပဲခူးတိုင်း ဇီးကုန်း၊ နတ္တလင်း၊ ပဲခူး တို့တွင် ထိုသို့ အတင်းအဓမ္မ ဆန္ဒမဲကို အမှန်ခြစ်ခိုင်းသည်ဟု သိရကြောင်း ၎င်းကပြောသည်။ |
|
Read more...
|
|
|
မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင် |
|
မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင် (မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်) မွန်းလွဲ ၄ နာရီထိုးသည်နှင့် မဲရုံးများ ပိတ်လိုက်ပြီး စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီလည်း ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။ “မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင်တွေ ထောက်ခံ၊ ကန့်ကွက်ခွဲပြီး မဲတွေ စရေနေကြပြီ” ဟု ကချင်ပြည်နယ်၊ ဝါရှောင်ကျေးရွာတွင် ကျင်းပသည့် ဆန္ဒခံယူပွဲကို အနီးကပ် စောင့်ကြည့် အကဲခတ်နေသည့် ကျေးရွာသားတဦးက ပြောပါသည်။ မဲရုံမှူးက ကန့်ကွက်မဲဟု ယူဆရသော ဆန္ဒမဲ လက်မှတ်များ ထည့်ထားသည့် အိတ်ကြီးကို ကိုင်ကာ မဲရုံအတွင်းမှ ထွက်ခွါသွားသည်ကို တွေ့လိုက်ရသည်ဟု အဆိုပါ ကျေးရွာသားက ပြောပြပါသည်။ “မဲရုံထဲမှာ ကျနော့်လူတွေ ရှိတယ်ဗျ၊ သူတို့က ပြန်ပြောပြတာ” ဟု သူက ဆက်လက် ပြောပြပါသည်။ |
|
Read more...
|
|
|
မန္တလေးပြည်ကြီးတံခွန်မှ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲမသမာမှုများရှိ |
|
မန္တလေးပြည်ကြီးတံခွန်မှ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲမသမာမှုများရှိ ယနေ့ကျင်းပသည့် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မန္တလေးတိုင်းပြည်ကြီးတံခွန်မြို့နယ် အ တွင်းရှိ မဲရုံကြီးကြပ်သူများက ဆန္ဒမဲပေးသူများကို ထောက်ခံမဲပေးရန် တိုက်တွန်းသည့် မဲမသမာမှုများ ရှိသည် ဟု မျက်မြင်သက်သေက ပြောသည်။ မန္တလေးပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးခဲ့သူတစ်ဦးက “ကျနော့်ရှေ့က တစ်ယောက်ကိုလေ မဲလက်မှတ် ထိန်းတဲ့ ဆရာမကပေါ့နော် သူ့ကိုမဲလက်မှတ်တစ်စောင်ပေးပြီး သူ့ရှေ့မှာတင် ထောက်ခံမဲအမှန်ခြစ် ခိုင်းတယ်။ နောက် တစ်ဦးက သူကတစ်ယောက်တည်းလာပြီးတော့ ကျနော့်မိသားစု သုံးယောက်ရှိပါတယ်ဆိုပြီးတော့ သုံးစောင် တောင်းတယ်ခင်ဗျ။ သုံးစောင်တောင်းတော့ သူထုတ်ပေးလိုက်တယ် ဆရာမ က၊ ကျနော့်အထင်တော့ သူတို့က ဒါကိုလိမ်လည်ပြီးလုပ်တယ်လို့ ထင်တယ်ဗျ။ ကျနော်တို့မျက်စိ ရှေ့တင်မြင် နေရတာနော်။ သူတို့လိမ်တယ်ဗျ။ မတရားတဲ့နည်းနဲ့ သူတို့လုပ်နေကြတာဗျ” ဟုပြောသည်။ |
|
Read more...
|
|
|
ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား |
|
ရခိုင်ပြည်နယ်တွင် မဲမသမာမှုများရှိ၊ ပြည်သူများ ဆန္ဒခံယူပွဲကို အလေးမထား (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) စစ်အစိုးရပြုလုပ်သော လူထုဆန္ဒခံယူပွဲတွင် ကိုယ်တိုင်ပြဌာန်းထားခဲ့သည့် ဥပဒေများနှင့် မညီသည်သာမက ပြည်သူလူထုကလည်း စိတ်ပါဝင်စားခြင်းမရှိကြောင်း ရခိုင်ဒေသခံများက ပြောသည်။ မဲရေတွက်မှုနှင့် ပတ်သက်ပြီး စစ်အစိုးရထုတ်ပြန်ခဲ့သည့် ဥပဒေတွင် မဲပေးပိုင်ခွင့်ရှိသူ (၁၀) ဦး ရှေ့မှောက်၌ မဲရေတွက်မည်ဟု ပါရှိသော်လည်း လက်တွေ့တွင် ထိုသို့ ဖြစ်မလာကြောင်း တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးသန်းဖေက ပြောသည်။ ၎င်းက “သွားပြီဗျာ၊ မဲရေတွက်တာက ကျနော်တို့ကို လုံးဝ ၀င်ခွင့်မရှိတော့ဘူး၊ သူတို့ ပထမ ပြောထားတဲ့အတိုင်း မဟုတ်ဘူး၊ လုံးဝသမာသမတ်မရှိတဲ့၊ လုံးဝမတရားတဲ့ ပွဲပဲ၊ ဒီပွဲက။ လေးနာရီ ထိုးပြီးရင် ကျနော်တို့ မဲရုံကိုသွားကြပါတယ်။ မဲရုံတာဝန်ခံတွေက ကိုက် (၅၀) အတွင်းမှာ ဘယ်သူမှ မရှိစေရတဲ့” ဟု ပြောသည်။ တောင်ကုတ်မြို့နယ်ရှိမဲရုံများတွင် ရပ်ကွက်မဲဆန္ဒယူပွဲကော်မရှင် (၅) ဦးနှင့် စစ်အစိုးရခန့်အပ် ထားသည့် မဲရုံတာဝန်ခံများ ရှေ့မှောက်တွင် မဲရေတွက်မည်ဟု သိရသည်။ |
|
Read more...
|
|
|
ဖွဲ့စည်းပုံမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ မြန်မာပြည်အနှံ့ ကျင်းပ |
|
ဖွဲ့စည်းပုံမူကြမ်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ မြန်မာပြည်အနှံ့ ကျင်းပ (ဧရာဝတီအင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်) မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်း အရေးတကြီး လုပ်ဆောင်ရန် နိုင်ငံတကာက တိုက်တွန်းနေ သည့်ကြားမှ နအဖစစ်အစိုးရက ၎င်းတို့စိတ် ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို မုန်တိုင်းဘေးသင့်သည့် နေရာ များမှလွဲ၍ မြန်မာနိုင်ငံတ၀န်းလုံး၌ ယနေ့ ကျင်းပသည်။ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း မြို့နယ်အသီး သီး၌ ရပ်ကွက်များအတွင်းရှိ ဓမ္မာရုံနှင့် စာသင်
ကျောင်းများတွင် မဲရုံဖွင့်လှစ်၍ ဆန္ဒမဲပေးပွဲ ကျင်းပခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် မဲရုံအများစု၌ လွတ်လပ်စွာ မဲပေးခွင့်ရကြကြောင်းသိရသည်။ ဆန္ဒမဲရလဒ်များကို စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသဖြင့် မသိရသေး သော်လည်း အာဏာပိုင်များ၏ စနစ်တကျကြိုတင် စီစဉ်ထားမှုအောက်တွင် ကြောက်ရွံ့စွာဖြင့် အများအပြား ထောက်ခံမဲ ပေးကြကြောင်း သိရသည်။ ဆန္ဒမဲပေးပွဲအခြေအနေများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ဒေသခံများနှင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့၏ ဖြေကြားချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ |
|
Read more...
|
|
|
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား |
|
ဟောလီးဝုဒ် သရုပ်ဆောင်တွေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စည်းရုံးလှုပ်ရှား (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံသားအားလုံး စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ခံစားနေရတာတွေကို ကမ္ဘာအနှံ့ကသူတွေ သိရှိနိုင်ဖို့အတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုတရပ် ကို အမေရိကန် ပြည်ထောင်စုအခြေစိုက် US Campaign forBurma အဖွဲ့က ဖော်ဆောင်လိုက်ပါတယ်။ အကြောင်းစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။ အမေရိကန်နိုင်ငံ ဟောလီးဝုဒ်က နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဝေးလ် ဖာရဲလ် (Will Ferrell) နဲ့ ဆေလ်ဗက်စ်တာ စတားလုံး (Sylvester Stallone) အပါအ၀င် တခြားသရုပ်ဆောင်တွေပါ ပူးပေါင်းပါဝင်ထားတဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့ ဗွီဒီယိုကမ်ပိန်း ကို တလကြာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မနေ့ကစတင်လိုက်တဲ့ ဒီလှုပ်ရှားမှုမှာ ဟာသသရုပ်ဆောင် ဖာရဲလ်နဲ့ စတင်ဖွင့်လှစ်လိုက်တာပါ။ |
|
Read more...
|
|
|
ဒေါ်စုနှင့် ကိုမင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း |
|
ဒေါ်စုနဲ့ မင်းကိုနိုင် လွတ်မြောက်ရေး အကျိုးဆောင်ဖို့ ကုလ အတွင်းရေးမှူးချုပ်ကို အမေရိကန် အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် သူတို့လွတ်မြောက်ရေးအတွက် ချက်ချင်း လုပ်ဆောင်ပေးဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) နဲ့ လူ့အခွင့်အရေး မဟာမင်းကြီး လုဝီစ် အာဘာ (Louise Arbour) တို့ကို တောင်းဆိုလိုက်ကြပါတယ်။ တောင်းဆိုချက်ထဲမှာ တခြား ဘာတွေများ ထူးခြားချက်တွေ ပါသေးသလဲဆိုတာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ ဒီမိုကရက်တစ်ပါတီက အထင်ကရ အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဒိုင်ယန် ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ရစ်ချတ် ဒါဘင် (Richard Durbin) တို့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး လုဝီစ် အာဘာ (Louise Arbour) တို့ကို လိပ်မူပြီး ဧပြီလ ၃၀ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့ကြတာပါ။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 1 - 8 of 96 |