|
အရှင်ဂမ္ဘီရကို ထောင်နှစ်ရှည်ချမှတ် |
|
အရှင်ဂမ္ဘီရကို ထောင်နှစ်ရှည်ချမှတ် (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာစစ်အစိုးရက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းအတွင်း ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေရာမှာ ဒီကနေ့မှာတော့ ထင်ရှားတဲ့ သံဃာတော် အရှင်ဂမ္ဘီရ အပါအ၀င် ဖမ်းဆီးခံထားရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်လက်ချမှတ်လိုက်ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်နေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ကြားကပဲ အခုလို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ စီရင်ချမှတ်နေတဲ့အထဲမှာ အခုနောက်ဆုံးဆိုရင်လည်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီလှုပ်ရှားမှုတွေမှာ ထင်ရှားခဲ့တဲ့ အရှင်ဂမ္ဘီရ အပါအ၀င် တက်ကြွလှုပ်ရှားသူ တိုင်းရင်းသားလူငယ်တချို့ကိုပါ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။ |
|
Read more...
|
|
|
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်စီရင်ချက်ချ၊ နယ်ထောင်တွေပို့ |
|
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်စီရင်ချက်ချ၊ နယ်ထောင်တွေပို့ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေကို အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေ ချနေရာမှာ ဒီနေ့မှာလည်း ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ပြီးခဲ့တဲ့နှစ်တုန်းက ဦးဆောင်ဆန္ဒပြခဲ့သူ ကိုထင်ကျော် အပါအ၀င် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဖမ်းဆီးခဲ့တဲ့ သံဃာတော်တွေနဲ့ ကျောင်းသားတွေကိုလည်း ထောင်ဒဏ်တွေ ချနေပါတယ်။ သူတို့ကို ထောင်ချတဲ့အခါမှာလည်း တရားလက်လွတ် ပြစ်ဒဏ်တွေ ပေးနေတယ်လို့ မိသားစုဝင်တွေကပြောနေကြပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ ဒီနေ့ အမိန့်ချမှတ်တဲ့အထဲမှာ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာပါဝင်ပြီး တနှစ်ကြာလောက် ထိန်းသိမ်းခံခဲ့ရတဲ့ သံဃာတော်နှစ်ပါးလည်း အမိန့်ချမှတ်ခံခဲ့ရတဲ့အထဲမှာပါပါတယ်။ မြောက်ဥက္ကလာပ ကျောင်းတိုက် တခုက အရှင်ဆန္ဒာဝရနဲ့ အရှင်ခေမာဝံသတို့ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက အခုလိုပြောပြပါတယ်။ |
|
Read more...
|
|
|
မင်းကိုနိုင်နှင့် ခေါင်းဆောင် ကိုးဦး ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခံရ |
|
မင်းကိုနိုင်နှင့် ခေါင်းဆောင် ကိုးဦး ၆၅ နှစ်စီ ထောင်ဒဏ် ချမှတ်ခံရ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င် ကိုးယောက်ကို စစ်အစိုးရ က ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်တဲ့အကြောင်း ကျောင်းသားခေါင်းဆောင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။ ကျန်တဲ့ လူရွှင်တော် ဇာဂနာ နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကိုလည်း ရုံးပိတ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေတွေမှာ အင်းစိန်ထောင် အတွင်း တရားရုံးက စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် စုစုပေါင်း ကိုးယောက်ကို မအူပင် ထောင်ကနေ အင်းစိန် ထောင်ကို စစ်အစိုးရ က ပြန်ပို့လိုက်ပါတယ်။ သူတို့ကို မအူပင်ထောင် မှာကတည်းက အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ထောင်ဝင်စာ သွားတွေ့တဲ့ ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ ညီမ မခင်မိမိကြွယ် က အခုလို ပြောပါတယ်။ |
|
Read more...
|
|
|
ရန်ကုန် ကျားကျောင်းဆရာတော်အား ထောင် (၈) နှစ်ချ |
|
ရန်ကုန် ကျားကျောင်းဆရာတော်အား ထောင် (၈) နှစ်ချ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) စက်တင်ဘာရဟန်းသံဃာတော်များ၏ ဆုတောင်းမေတ္တာပို့လမ်းလျှောက်ပွဲအပြီးတွင် ဘုန်းတော်ကြီး ကျောင်းတိုက်များ သို့ အာဏာပိုင်များ ၀င်ရောက်စီးနင်းရာ၌ အဖမ်းခံထားရသော ဆရာတော် ဦးစန္ဒိမာ (ကျားကျောင်း) ပုဇွန်တောင် မြို့နယ်အား ယမန်နေ့က ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ဦးစန္ဒိမာအား မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၁-၂) ဖြင့် တရားစွဲဆိုခဲ့ပြီး ကျောက်တံတားတရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခ) ကိုဝဏ္ဏနွယ်ကိုလည်း အဆိုပါပြစ်မှုများဖြင့် ထောင်ဒဏ် (၈) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ |
|
Read more...
|
|
|
နိုင်ငံရေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ချနေဆဲ |
|
နိုင်ငံရေးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ချနေဆဲ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) ဒီရက်ပိုင်းအတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို မြန်မာစစ်အစိုးရက ဆက်တိုက်ဆိုသလို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နေရမှာ ဒီကနေ့ဆိုရင်လည်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင် စုစုပေါင်း ၂၀ လောက်ကို နောက်ထပ် ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဒီလို နိုင်ငံရေး လှုပ်ရှားသူတွေကို ထောင်ချနေလို့ ပြည်တွင်းပြည်ပက ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ဒီကနေ့ ဆက်လက်ပြီး ထောင်ဒဏ် ၁၆ နှစ်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။ |
|
Read more...
|
|
|
အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ |
|
အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ်အဖွဲ့ နှစ်ရှည်ပြစ်ဒဏ်ပေးမှု ရှုတ်ချ (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) မြန်မာနိုင်ငံရေးရာ အမေရိကန် အမျိုးသမီး အထက်လွှတ်တော် အမတ်များအဖွဲ့ရဲ့ ပူးတွဲသဘာပတိတွေဖြစ်ကြတဲ့ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် မစ္စ ဒိုင်ယန်း ဖိုင်းစတိုင်း (Ms. Dianne Feinstein) နဲ့ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် မစ္စ ကေ ဘေလီဟတ်ချီဆန် (Ms. Kay Bailey Hutchison) တို့က ဒီရက်ပိုင်းအတွင်း မြန်မာပြည်တွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူ ၆၁ ဦးကို စစ်အစိုးရက မတရား နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ |
|
Read more...
|
|
|
ထောင်ဒဏ်ချခြင်းသည် ရာဇ၀တ်မှုဖြစ်ကြောင်း သံဃာတော်တွေ သတိပေး |
|
ထောင်ဒဏ်ချခြင်းသည် ရာဇ၀တ်မှုဖြစ်ကြောင်း သံဃာတော်တွေ သတိပေး (ဗွီအိုအေမြန်မာမှ ကူးယူဖော်ပြသည်) ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး ခေါ် သံဃာ့ လှုပ်ရှားမှုတွေအတွင်း မေတ္တာပို့ ကြွချီခဲ့ပြီး အဖမ်းအဆီး ခံထားရတဲ့ သံဃာတော်တွေထဲက ၉ ပါးကို အခုတပါတ်အတွင်းမှာပဲ ထောင်ဒဏ် ၆ နှစ် နဲ့ ၈ နှစ်အကြား အာဏာပိုင်တွေက ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သံဃာတော်တွေ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို ဒီရက်ပိုင်း နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ပြီး အပြစ်ပေးနေတာဟာ အစိုးရကိုယ်တိုင် ကြီးလေးတဲ့ ပြစ်မှုတွေကို ကျူးလွန်နေတာ လို့ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင် မြန်မာ ရဟန်းတော်များအဖွဲ့က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာ က ပိုပြီးသိအောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ အသေးစိတ်ကို ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ၀ိုင်းတော်သား ကိုကျော်အောင်လွင် က တင်ပြထားပါတယ်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
|
| Results 1 - 8 of 132 |