|
ဒေါ်စု လွတ်လပ်ရေး သီချင်းများဖွင့် |
|
ဒေါ်စု လွတ်လပ်ရေး သီချင်းများဖွင့် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယမန်နေ့က ကျရောက်သည့် ၆၁ နှစ်မြောက် လွတ်လပ်ရေး နေ့တွင် ၎င်း၏ နေအိမ်၌ လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် သီချင်း များကို ဖွင့်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြသည်။ ဒေါ်အောင်ဆန်းစုကြည်က ခြံတခါးဝ နဖူးစည်းတွင် အ၀တ်အနီပေါ်၌ စာလုံးအ၀ါရောင်ဖြင့်“တိုင်းပြည်နဲ့ လူမျိုး အကျိုးကို ရှေးရှုပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ။ ဗိုလ်ချုပ် အောင်ဆန်း ”ဟု လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ ပြောစကား ရေးသားထားသည့် ဆိုင်းဘုတ်တခုကို ချိတ်ဆွဲထားကြောင်းလည်း ဦးဥာဏ်ဝင်း က ပြောသည်။ |
|
Read more...
|
|
|
ရခိုင်အမျိုးသား နိုင်ငံရေးခေါင်းဆောင် ဒေါက်တာစောမြအောင် ကွယ်လွန် |
|
ရခိုင်အမျိုးသား နိုင်ငံရေးခေါင်းဆောင် ဒေါက်တာစောမြအောင် ကွယ်လွန် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီကနေ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြု အရွေးချယ်ခံထားရတဲ့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာစောမြအောင်ဟာ မနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန် သွားပါတယ်။ ဒီနေ့ နေ့လယ် ၁၁ နာရီမှာ ရန်ကုန်မြို့မှာပဲ သင်္ဂြိုဟ်ပြီး မိသားစုတွေ၊ နီးစပ်ရာ မိတ်ဆွေတွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ တက်ရောက်ခဲ့ပါတယ်။ အထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပန်းခြင်းတခြင်းနဲ့ သင်္ကန်းငါးစုံ ပေးပို့လှူဒါန်းခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ အသက်အရွယ်အရ ဖြစ်ပေမယ့် အခုအချိန်မျိုးမှာ ဒေါက်တာ ဦးစောမြအောင် ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ နှမြောဝမ်းနည်းမိတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အခုလိုပြောပြပါတယ်။ |
|
Read more...
|
|
|
(၆၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ် |
|
(၆၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ် ဂျပန်နိုင်ငံ တိုကျိုမြို့ အိုစုကရပ်ကွက်ရှိ မိနမိအိုစုခခန်းမ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) ဂျပန်ဌာနခွဲမှ (၆၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနား နှင့်၂၀၀၉ခုနှစ်၏ ပထမဆုံးလပတ်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ သည်။ အခမ်းအနားတွင် ဥက္ကဌ ဦးသန့်ဇင်ဦးမှ အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူးမှ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့တုန်းက “လွတ်လပ်ရေး ကြေညာစာတမ်း” ကိုပြန်လည် ဖတ်ကြား ခဲ့ပါသည်။ဆက်လက်၍ အလုပ်အမှုဆောင် များ၊အဖွဲ့ဝင်များမှ ယနေ့ နိုင်ငံရေးအခြေအ နေ နှင့် ရှေ့လုပ်ငန်းစဉ်များ နိုင်ငံရေး အမြင်များကို တင်ပြ ဆွေးနွေးကြပါသည်။ အခမ်းအနားကို နေ့လည် (၁)နာရီတွင် စတင်၍ည (၆) နာရီတွင် အဆုံးသတ်ပါသည်။ |
|
Read more...
|
|
|
နှစ်သစ်ဆုမွန် နှစ်ဟောင်းမှာ ကြွေ နှစ်ပြောင်းလာပေ အသစ်လောင်း အခါမလေ အဖြစ်ကောင်းတာ ဝေ သဟာဆွေအပေါင်း မာပါစေကြောင်း သာယာစေကြောင်း ဘယာ သွေကြောင်း ပဏ္ဏာချွေ ဆုတောင်း ။ ။ |
|
Read more...
|
|
|
အနှိုင်းမဲ့ မေတ္တာရှင် လာတုန်းကလည်း တယောက်ထဲပါပဲ ဘ၀မှာ လိုအပ်သမျှ အမေက ဖြည့်ဆည်းပေးခဲ့ရ အတောင်အလက် မစုံခင် အမေ့ရင်ကို ခြေစုန်မကန်ခင်အထိပေါ့ ။ |
|
Read more...
|
|
|
အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ |
|
အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ သီချင်းသံများ ကြားနေရ ဒီနေ့ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရယ်လို့ အချုပ်အချာ လွပ်လပ်တဲ့ တိုင်းပြည်ဖြစ်လာတာ ၆၁နှစ်မြောက် ရှိသွားခဲ့ပါပြီ။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ နိုင်ငံတော် အခမ်းအနားနဲ့ ကျင်းပသွားသလိုပဲ ဒီမိုကရေစီ လှုပ်ရှားသူတွေကလည်း လွတ်လပ်ရေး အခမ်းအနားတွေကို ကျင်းပ ခဲ့ပါတယ်။ ဒီနေ့ မြန်မာ့ နိုင်ငံရေး အခြေအနေပေါ်မှာ ကိုလိုနီနယ်ချဲ့ လက်သစ်တွေက ပြည်တွင်းရေး စွပ်ဖက်နေ တယ်လို့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်မှာ ဖော်ပြနေချိန် အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းသွားပါတယ်။ အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံဝင်းအတွင်းကနေ လွတ်လပ်ရေး သီချင်းသံတွေကို လွှင့်ပျံ့နေပါတယ်။ အကြောင်းစုံကို မအေးအေးမာက ရန်ကုန်က အတိုက်အခံ လှုပ်ရှားမှုတွေအကြောင်းကို တင်ပြထားပါတယ်။ |
|
Read more...
|
|
|
တွေးတွေးပြီး ရယ် ဆေးပညာ အလွန်တိုးတက်တဲ့ခေတ်မှာ သေဆုံးသူရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ခွဲစိပ်ပြီး သိမ်းထားနိုင်သလို အဲဒီ အစိတ်အပိုင်းတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လူတွေအတွက် ပြောင်းရွေ့ ကုသပေးလို့ရတယ်။ ကားပြင်ဆိုင်က ကားပစ္စည်းအဟောင်းတွေလို လိုချင်တဲ့ တံဆိပ်၊ အရွယ်အစားကို ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတယ်။ တစ်နေရာမှာ ဦးနှောက်အဟောင်း ရောင်းဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မှာ မတူတဲ့လူတန်းစား၊ မတူတဲ့ အဆင့်အတန်းက လူတွေရဲ့ ဦးနှောက်ကို ရောင်းတယ်။ အတန်းစား မတူတဲ့အတွက် ရောင်းဈေးကလည်း အမျိုးမျိုးရှိတယ်။ |
|
Read more...
|
|
|
|
<< Start < Prev 1 2 3 4 5 6 7 Next > End >>
|
| Results 1 - 8 of 49 |