www.mamboteam.com
အဖွင့် စာမျက်နှာ
Tuesday, 09 February 2010
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
အင်တာဗျူး
မိန့်ခွန်းများ
ဓာတ်ပုံ
PDF ရယူရန်
အဖွဲ့အစည်းအကြောင်း
အင်တာနက် လိပ်စာများ
မော်ကွန်းတိုက်
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
စာအုပ်
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ဟာသ
Login Form





Lost Password?
Shout Box
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
NLD LA (Norway) သို့ စာမူများ ၊ ဓာတ်ပုံ၊ ကဗျာ ၊သတင်း၊ ဆောင်းပါး နှင့် အခြားသင့်တော်သော အချက်အလက်များရှိက This e-mail address is being protected from spam bots, you need JavaScript enabled to view it သို့ပေးပို့နိုင်ပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။
 
ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ရွေးကောက်ပွဲ ၀င်ဖို့ စဉ်စားမည်

ဒီမိုကရေစီ မဆန်တဲ့ အချက်တွေကို ပြုပြင်ပေးလျင် NLD ရွေးကောက်ပွဲ ၀င်ဖို့ စဉ်စားမည်

NLDရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ရွှေဂုံတိုင် ကြေညာချက်ထဲမှာ စစ်အစိုးရ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ မဆန်တဲ့အချက်တွေကို ပြုပြင်ပေးရမယ်လို့ တောင်းဆို ထားတာတွေ့ရပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက ဦးဝင်းတင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးဝင်းတင်။   ။ ဒီမိုကရေစီ မဆန်တဲ့အချက်တွေ ဆိုတာက အရပ်တွေး တွေး၊ အရပ်စကားနဲ့ ပြောမယ်ဆိုရင် အကုန်လုံးဆိုပါတော့။ ထားပါတော့။ တပ်မတော်သည် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ ပါဝင်သည်ဆိုပြီးတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်မှာ သူတို့က ထိပ်ဆုံးကနေ စီးပြီးတော့ လုပ်တဲ့ ပုံသဏ္ဍန်မျိုး။ အဲဒါမျိုးတွေပေါ့။ တပ်မတော် သမ္မတတို့၊ ဒုတိယ သမ္မတတို့ရဲ့ အရည်အချင်းတို့မှာ စစ်ရေး အတွေ့အကြုံတွေ ပါရမယ် ဆိုတာမျိုးတွေ၊ အဲဒီကနေမှ ၀န်ကြီးတွေ ခန့်တဲ့ ကိစ္စ၊ တပ်မတော်က ၀န်ကြီးတွေ ခန့်တာတွေ၊ ဟိုးအောက်ခြေ ခရိုင်တွေအထိပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ တပ်မတော်သားတွေက စည်းရုံးနေတာမျိုးတွေ၊ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ၇၅%ရမှသာ ပြင်ခွင့်ရမယ်ဆိုတာမျိုးတွေ၊ နောက်ဆုံးပိတ် ကုန်ကုန်ပြောရရင် စစ်တပ်ကနေပြီး အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ရှိတဲ့ သဘောမျိုးတွေ ပေးထားတဲ့ ကိစ္စမျိုးတွေက ဒီမိုကရေစီမဆန်သော အချက်များပေါ့။

Read more...
 
အန်အယ်လ်ဒီ စုံညီအစည်းအဝေးစ ပြည်နယ်နှင့်တိုင်း (၄) ခုက ဆွေးနွေး

အန်အယ်လ်ဒီ စုံညီအစည်းအဝေးစ ပြည်နယ်နှင့်တိုင်း () ခုက ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီစုံညီအစည်းအဝေးကို ယနေ့စတင်ပြီး ကချင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် ပြည်နယ်နှင့်တိုင်းတို့မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တင်ပြသော စာတမ်းကို ပြန်လည်ဆွေး နွေးသွားကြကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။ ပြန်လည်ဆွေးနွေးသွားကြတာတွေကတော့ အများကြီးပဲ။ စည်းရုံးရေးအကြောင်းအရာနဲ့ ပတ်သက်တာတွေရော၊ နိုင်ငံရေးအကြောင်းအရာနဲ့ ပတ်သက်တာတွေရော ပြန်လည်ဆွေးနွေးသွားကြပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက် တာတွေ နအဖစစ်ခေါင်းဆောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနိုင်မှုရှိမရှိ၊ အဲဒါတွေကို အဓိကထား ဆွေးနွေးသွားကြတာပေါ့။ မနက်ဖြန် ဆွေးနွေးမှုတွေအပြီးမှာမှ တစုံတရာသဘောထား ထုတ်ပြန်ချက်ပေးနိုင်မယ် ဟု ၎င်းက ပြောသည်။

Read more...
 
ကိုမင်းကိုနိုင် ဂွမ်ဂျူးဆု ရရှိ

ကိုမင်းကိုနိုင် ဂွမ်ဂျူးဆု ရရှိ

တောင်ကိုရီးယားနိုင်ငံမှ အမြင့်မားဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား ချီးမြှင့်လိုက်သည်။ Gwangju Prize for Human Rights ဆုကို တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ “May 18 Memorial Foundation” အဖွဲ့မှ ချီးမြှင့်ခြင်းဖြစ်ပြီး ယခုနှစ် ဆုရှင်အတွက် မြန်မာနိုင်ငံမှ ကိုမင်းကိုနိုင်၏ အမည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။ “ဒီနှစ်အတွက် ဆုရတဲ့သူက မင်းကိုနိုင်ပါ။ မင်းကိုနိုင်က ဖိနှိပ်နေတဲ့အကြားက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်တဲ့သူ ဖြစ်လို့ပါ။ ဒါ့အပြင် ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေကောင်းဖြစ်တယ် ဆိုတာကိုလည်း ပြသချင်လို့ပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေက တိုးတက်လာတာ မရှိပါဘူး။ ထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း အများကြီး ရှိနေပါသေးတယ်” ဟု ဆုပေးရေးအဖွဲ့မှ ဒါရိုက်တာတဦးဖြစ်သူ မစ္စတာ ချန်ဟိုကင်းက မဇ္ဈိမကို ပြောသည်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု ဗိုလ်ချုပ်မှူးကြီးထံ တင်ရန်လျာထား

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှု ဗိုလ်ချုပ်မှူးကြီးထံ တင်ရန်လျာထား

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အမှု အယူခံကြားနာပေးရန် ၀န်ကြီးချုပ်ထံ ထပ်မံ မေတ္တာရပ်ခံ ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြသွားရန် စဉ်းစားထားကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။ “အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသောသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၁၉) အရကိုက အရေးယူခံရသောသူသည် အရေးယူခံ ထားရသော ကာလအတွင်း အယူခံပိုင်ခွင့်ရှိတယ်ဆိုပြီး ပိုင်ခွင့်တရပ်အနေနဲ့ကို ပေးထားတာဗျ။ ဒါကိုအစိုးရအဖွဲ့က မကိုင်သေးဘူးဆိုတာ ချိုးဖောက်ရာရောက်မှာလေ။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီကို ကျနော်တို့ဆက်တင်ပြမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းက ပြောသည်။

Read more...
 
ဒေါ်စုလွှတ်ပေးရေး အယူခံထပ်တင်

ဒေါ်စုလွှတ်ပေးရေး အယူခံထပ်တင်

စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာနှင့် ပတ်သက်၍ ပြီးခဲ့သည့် သောကြာနေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထံသို့ မေတ္တာရပ်ခံစာ တစောင် ပေးပို့ခဲ့ကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။ “ကျနော်တို့ ၀န်ကြီးချုပ်ကို စာရေးပြီး မေတ္တာ ရပ်ခံထားတယ်၊ စာတင်လိုက်ပြီ၊ ရေးပြီးတော့ ကျနော့် တပည့် တွေနဲ့ တင်လိုက်တာ၊ ၀န်ကြီးချုပ်ကလည်း နိုင်ငံခြားသွားနေတဲ့ အချိန်ဖြစ်နေတယ်၊ မတ်လ ၁၃ ရက်နေ့ က တင်တာ၊ ဒေါ်အောင်ဆန်းစုကြည် အယူခံနဲ့ ပတ်သက်လို့၊ ကြားနာဖို့ပါ”ဟု ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောပြသည်။ ၀န်ကြီးချုပ်ထံသို့ ယခုမေတ္တာရပ်ခံစာ တင်ရခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာတင်ထားသည်မှာ ကြာပြီဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို ပြုလုပ်ခြင်းပင်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Read more...
 
'အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ စတင်ဖြန့်ချိ

'အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့' သံချပ်ခွေ စတင်ဖြန့်ချိ

အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်စို့ အမည်ရ ပွဲသိမ်းတိုက်ပွဲခေါ် သံချပ်ခွေကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ယမန်နေ့က နယူးဒေလီမြို့တွင် စတင် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ ၁၁ ကြိမ်မြောက်ဖြစ်သည့် ယခု မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်ထဲတွင် မြန်မာ စစ်အစိုးရ သာမက ပြည်ပအခြေစိုက် အဝေးရောက် ညွန့်ပေါင်း အစိုးရကိုပါ ထည့်သွင်းဝေဖန်မှုများ ပြုလုပ်ထားသည်။

Read more...
 
မြန်မာအတိုက်အခံ လှုပ်ရှားသူအချို့ ဖမ်းဆီးခံရ

မြန်မာအတိုက်အခံ လှုပ်ရှားသူအချို့ ဖမ်းဆီးခံရ

ဖမ်းဆီးထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖိနှိပ်တာတွေ မလုပ်ဖို့ တိုက်တွန်းတောင်းဆိုသံတွေ ကြားကပဲ အာဏာပိုင်တွေဖက်က ဖမ်းတာဆီးတာတွေကို ဒီရက်ပိုင်းအတွင်းမှာ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေဆဲပါ။ မနေ့ညကဆိုရင်လည်း အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျန်းမာရေး ယိုယွင်းနေသူတဦးကိုပါ အကျိုးအကြောင်း ဘာမှန်းမသိရပဲ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Results 1 - 8 of 73
 
Top! Top!